မနေ့
ညနေက Telenor (နော်ဝေး) နဲ့ Ooredoo (ကာတာ) ဆိုတဲ့ ဆက်သွယ်ရေးကုမ္ပဏီ
၂ခုကတော့ တင်ဒါအောင်သွား ပါတယ်။ ကုမ္ပဏီနှစ်ခုလုံး က သူ့တိုင်းပြည်နဲ့သူ
နာမည်ကြီးတွေဖြစ် နေတာ တွေ့ရတော့ ၀မ်းသာစရာပါပဲ။ Golden Place ရဲ့
မန်ဘာတွေ သိရအောင် ကုမ္ပဏီတွေရဲ့ သတင်းအချက်အလက်လေးတွေ တင်ပေးလိုက်ပါတယ်။
Telenor ကတော့ 1855 ခုနှစ်ထဲ က စတင်တည်ထောင်ထားတာဖြစ်ပြီး နော်ဝေးနိုင်ငံ၊ Baerum မြို့မှာ အခြေစိုက်ထားကာ အရှေ့ဥရောပဒေသ နဲ့ အာရှတိုက် မှာ ဆက်သွယ်ရေးနဲ့ပတ်သက်တဲ့ ၀န်ဆောင်မူ တွေပေးနေတဲ့ ကုမ္ပဏီကြီးတစ်ခုပဲ ဖြစ်ပါတယ်။ လက်ရှိနိုင်ငံ ပေါင်း ၃၀ကျော်မှာ လုပ်ကိုင်ဆောင်ရွက် နေပြီး ကမ္ဘာ့အကြီးဆုံး ဆက်သွယ်ရေး ကုမ္ပဏီကြီး များထဲမှာ
တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ လက်ရှိ ထိုင်းနိုင်ငံရှိ နာမည်ကြီး ဆက်သွယ်ရေးကုမ္ပဏီ တစ်ခုဖြစ်တဲ့ DTAC ဟာလဲ Telenor ပါဝင်လုပ်ကိုင်နေတဲ့ ကုမ္ပဏီကြီး တစ်ခုပါပဲ။ အသေးစိတ် ကိုတော့ http://www.telenor.com/ မှာဆက်လက်လေ့လာ လို့ရပါတယ်။