Search Box

ကိုယ့်ကိုတောင်သတ်သွားလောက်တယ်

ကိုယ့်ကိုကိုယ် တောင် သတ်သေသွားလောက်တယ်


ကိုယ့်ကိုကိုယ် တောင် သတ်သေသွားလောက်တယ် ...

စားသောက်ဆိုင်တစ်ခုမှာကောင်မလေး ၀ိတ်တာအား

"အော်ညီမလေး ABC ရလား"

"ဟုတ်ကဲ့ရှင် ရပါတယ်"

"အင်းဒါဆိုရင် AကနေZအထိရွတ်ပြ"

" ရှင်"
...
"စတာပါ ကျွဲရိုင်းရောရှိလား"

"ဟုတ်ရှိပါတယ်ရှင့်"

"ဒါဆိုသေချာခြံခတ်ထားစမ်းပါ
ကျွန်တော်ကကြောက်တတ်လို့"

"ရှင်"

"နောက်တာပါ ဟက်ဖရိုက်တစ်လုံးလောက်
ငုံးဥဟက်ဖရိုက်နော်"

"ခင်ဗျားလာနောက်နေတာလား"

"ပျော်တတ်လို့ပါ ခေါက်ဆွဲရှိသေးလား"

"ရှိသေးတယ်"

"အော် ရှိသေးရင်ဆက်ရောင်းလေ"

"ခင်ဗျားလွန်လာပြီနော်"

"စိတ်မဆိုးပါနဲ့ဗျာဟိုဟာလေထမင်းပေါင်း
ဆိုတာထမင်းအထီးနဲ့ထမင်းအမကို
မင်္ဂလာဆောင်ပေးထားတာလားဟင်"

"ခင်ဗျားဘာတွေလာပြောနေတာလဲ"

"မသိလို့မေးတာပါကြေးအိုးရလား"

"ရတယ်"(နည်းနည်းမာလာပြီ)

"ဒါဆိုသေချာဂျီးလေးဘာလေး
ပြောင်အောင်ချွတ်တိုက်ထားလိုက်နော်
ခနနေဒန်အိုးဒန်ခွက်ဝယ်တဲ့ကုလား
လွှတ်လိုက်မယ်"

"ခင်ဗျား နော်"

"ဟီး Coke ရလား"

"ရတယ်"

"အော် ရရင်ပြီးတာပဲ ကုတ်မရရင်
ကျွန်တော်ကုတ်ပေးမလို့"

"ခင်ဗျား လစ်လိုက်တော့ ရဲစခန်း
ဖုန်းဆက်လိုက်မယ် မဟုတ်ရင်"

ကဲကဲဒါဆို တကယ် မှာမယ် နော် ညီမလေး

ဟုတ်ကဲ့မှာပါရှင့်

အင်း....ကိုကြီးမရှိတုန်း ကျန်းမာရေးလဲဂရုစိုက်
အစားအသောက်လဲမှန်မှန်စား..........ဟုတ်ပီ လား

Credit - သတင်းဘုရင်

်ဘကြီးပဲ စားလိုက်တော့

ဘကြီးစားလိုက်တော့

 

အဘိုးအိုတစ်ယောက်သည် သူ၏ မြေးတစ်ယောက်နှင့် လမ်းလျှောက်ထွက်ရင်း ကလေးက ဗိုက်ဆာ
တယ် လို့ ဆိုလာတယ် ဒီလိုနဲ့  ဘကြီးက ကလေးကို လက်ဖက်ရည်ဆိုင်ခေါ်သွားပြီး
 လက်ဖက်ရည်နဲ့အတူ မုန့်တွေ
တစ်မျိုးပြီးတစ်မျိုး မှာယူ ကျွေးမွေးပါတယ်။ ကလေးကလည်း ကျွေးသမျှ ပလုတ်ပလောင်း
စားတော့တာပဲ။ ဒီလိုနဲ့ဘကြီးဖြစ်သူက စားပွဲထိုးဆီလှမ်းပြီး
" ဟေး ..... ဒီကို တစ်ရှူးလာချပေးဦး " လို့ လှမ်းမှာလိုက်ပါတယ်။ ဒီတော့ ကလေးက
သူ့ဘကြီးကို ခုလိုပြောပါတယ် ။
" ကျွန်တော် ဗိုက်ပြည့်နေပြီ ဘကြီးရ။ ထပ်မစားနိုင်တော့ဘူး။ ဒီတစ်ခါလာချပေးတာကို ဘကြီးပဲ
စားလိုက်တော့ "

အော်ေ လ ရိုက်လေ ပေါက်ကွဲတော့တာ ပါဘဲဗျာ။


အော်ေ လ ရိုက်လေ ပေါက်ကွဲတော့တာ ပါဘဲဗျာ။ Aung Soe

Leave a Comment


တခါက တောင်ဥက္ကလာပမြို့နယ်ထဲက ကာရာအိုကေဆိုင် တစ်ဆိုင် အ ခြေအနေမ ကောင်းတော့ဘဲ ဘဏ်မှာပေါင် ထားရာက
ဘဏ်က တရားရုံးအကူအညီနဲ့ လေလံ
ပစ်တယ်။
ဒါကို သတင်းကြားတဲ့ သင်္ဃန်းကျွန်း
မှာနေတဲ့ ညွှန်ကြားရေးမှူးက တော်က အချိုအ ချောင် ရမလားဆိုပြီး လေလံ
သွားဆွဲတယ်။
ဒါပေမယ့် နောက်ကျသွားလို့ မရလိုက်ဘူး။
ဒါပေမယ့် စိတ်ပျက်အားလျော့နေတဲ့
တိုက်ခန်းပိုင် ရှင် ဆီက စကားပြော
တတ်တယ်ဆိုတဲ့ သာလိကာတစ်
ကောင် ကိုဘဲ ဈေးဆစ်ဝယ်ပြီးပြန်လာကာ
အိမ်ပေါက်ဝမှာ လှောင် ချိုင့်လေးနဲ့ ချိတ်ထားလိုက်တယ်။သူ့ယောင်္ကျားပြန်လာရင်
သာလိကာလေးက ခရီးဦးကြိုပြုရင်
ပျော်သွားအောင်ပေါ့။
ဒီလိုနဲ့ ည နေ ရောက်တော့ သမီးတွေ က အရင် ကျောင်းကပြန်လာကြတယ်။
သမီးတွေ နောက်က မ ရှေးမ နှောင်းဆို
သလို သူ့ခင် ပွန်း ညွှန်ကြားရေးမှူးကြီး
ပြန်လာတယ်။
သမီးတွေ အိမ်ထဲလည်းဝင်ရော သာလိ
ကာလေးက အသစ်က လေးတွေရောက်
လာပြီနော်၊အသစ် က လေးတွေရောက်
လာပြီနော် လို့ အိမ်ထဲလှမ်းအော်ပြီး
ညွှန်ကြားရေးမှူးကြီးလည်းတွေ့ရော
ဟော လာနေကျ ဖေါက်သယ်ကြီးပါလား
တဲ့။
အိမ်ထဲလည်းရောက်ရော အဖွားကြီး
အရိုက်ခံရပါလေ ရောတဲ့။
ဒီမှာတင် သာလိကာလေးက ရပ်မ နေ သေးဘဲ နောက်ဒီလိုမဖြစ်စေရပါဘူး၊
ထိုင်နေကျ ကောင် မ လေး ချန်ထား ပေးပါ့
မယ်ဆိုပြီး အော်ပါသတဲ့။
အော်ေ လ ရိုက်လေ ပေါက်ကွဲတော့တာ
ပါဘဲဗျာ။ Aung Soe

သိပ္ပံနည်းကျ လေ့လာချက်


သိပ္ပံနည်းကျ လေ့လာချက်

Leave a Comment



လူတစ်ယောက် ဖားတစ်ကောင်နှင့် စမ်းသပ်မှုလုပ်သည်။

အရင်ဆုံး ဖားကို ခြေတစ်ချောင်းဖြတ်ပြီး ခုန်ဟုပြောသည်။ ဖားခုန်သည်။

ခြေနောက်တစ်ချောင်းဖြတ်ပြီး ခုန်ခိုင်းသည်။ ဖား ခုန်သေးသည်။

တတိယခြေထောက်ကို ဖြတ်လိုက်ပြီး ထပ်ခုန်ခိုင်းသည်။ ဖား ခုန်သည်။

စတုတ္ထခြေထောက်ကို ဖြတ်လိုက်ပြီး ခုန်ခိုင်းသည်။ ဖား မခုန်တော့ပေ။

သို့နှင့် စမ်းသပ်မှုကို အဆုံးသတ်ပြီး ကောက်ချက်ဆွဲလိုက်သည်မှာ...

"ဖားများသည် ခြေထောက်အားလုံး ပြတ်သွားပါက နားပင်းသွားကြသည်"
------------------------------------------------------------------------------
- Chilly