Search Box

သမ္မတ ပြည်ပ ပညာတော်သင်ဆု ကြေညာ


  သမ္မတ ပြည်ပ ပညာတော်သင်ဆု ကြေညာ

28 July 2014 01:32(+0630) (3 ရက် ခန့်က)

  မြန်မာ သမ္မတ ဦးသိန်းစိန်က လူငယ်တွေ အတွက် ပြည်ပ ဘွဲ့လွန်နဲ့ ဘွဲ့ကြိုတန်း ပညာတော်သင်ဆု တွေ ပေးတော့မယ်လို့ ကြေညာ လိုက်ပါတယ်။

ဒါဟာ နှစ်ပေါင်း ၅ဝ ကျော် အတွင်း အစိုးရ ဝန်ထမ်း မဟုတ်သူတွေ အတွက်ပါ ရည်ရွယ် ပေးအပ်မယ့် ပညာသင်ဆု မျိုးလဲ ဖြစ်ပါတယ်။

မြန်မာ နိုင်ငံ ခေတ်မီ တိုးတက်ဖို့ ကျောင်းသား လူငယ်တွေ အတွက် နိုင်ငံတကာ ပညာသင်ဆုတွေ လိုအပ် သလို အခြေခံ ပညာရေး ကစပြီး ပြုပြင် သွားဖို့ လိုတယ်လို့ သပြေ ပညာရေး ဖောင်ဒေးရှင်းက စီမံခန့်ခွဲရေးမှူး ကို စောကပိက ပြောပါတယ်။

ကွန်ပျူတာ၊ စက်မှု နည်းပညာနဲ့ အဆောက်အအုံ တည်ဆောက်ရေး လို နည်းပညာ တွေမှာ ခေတ်မီ နည်းစနစ် တွေနဲ့ သင်ကြား ပေးမယ့် ကျောင်းတွေ ဖွင့်လှစ်ပြီး လူငယ်တွေကို သင်ကြား ပေးမှ အလုပ်အကိုင် အခွင့်အလမ်း တွေ တိုးပွား လာမယ်လို့ ဆိုပါတယ်။

လောလောဆယ် အာရှ နိုင်ငံတွေမှာ ပညာသင်ကြားပြီး ပြန်လာတဲ့ မြန်မာ လူငယ် ရာနဲ့ချီ ရှိပေမယ့် သူတို့ကို အစိုးရ အလုပ်တွေမှာ ခန့်ထားတဲ့ အစီအစဉ်တွေ မရှိလို့ လူမှု ကူညီရေး အဖွဲ့ တွေနဲ့ ကုမ္ပဏီ လုပ်ငန်း တွေမှာပဲ ရောက်ရှိ သွားကြပါတယ်။

မြန်မာ လူငယ်တွေ အတွက် ရည်ရွယ်ပြီး ပြည်ပ ပညာသင်ဆု ပေးနေတဲ့ Prospect Burma နဲ့ Open Society လို အဖွဲ့အစည်း တချို့လဲ ရှိပါတယ်။

အမေရိကန်၊ ဗြိတိန်နဲ့ ဥရောပ၊ သြစတြေးလျ တိုင်းပြည် အစိုးရ တွေကလဲ ပညာသင်ဆု တွေ တိုးမြှင့် ခေါ်ယူ နေပါတယ်။

သမ္မတ ပညာတော်သင်ဆု လျှောက်လွှာတွေကို နီးစပ်ရာ တက္ကသိုလ် ကောလိပ် တွေမှာ ထုတ်ယူပြီး သြဂုတ်လကုန်မှာ နောက်ဆုံးထား တင်သွင်း ရမှာ ဖြစ်ပါတယ်။

ပညာသင်ဆုတွေကို ပွင့်လင်း မြင်သာစွာ ရွေးချယ် ထုတ်ပြန် သွားမှာ ဖြစ်ပြီး ပညာသင် ကာလထက် ၂ ဆကြာ အစိုးရ တာဝန်တွေ ပြန်ထမ်းဆောင်ရမယ်၊ ထမ်းဆောင်ဖို့ ပျက်ကွက်ရင် ပညာသင်ကြေး ၃ ဆ ပေးလျော် ရမယ်လို့ ပါရှိပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/burma/2014/07/140727_state_scholarships.shtml
 ပြည်ပ ပညာတော်သင်ဆု တွေ ပြန်ပေးမယ်
credit-သစ်ထူးလွင်

BarCamp ဆိုတာ........


BarCamp ဆိုတာ....................

- BarCamp ဆိုတာ နယ်ပယ်အသီးသီးမှ ၀ါသနာတူသူ၊ဦးတည်ချက်တူသူတွေ တစ်နေရာထဲမှာ
စုစည်းပြီး ကိုယ်တတ်မြောက်ထားတဲ့ နည်းပညာတွေကို တစ်ခြားသူတွေကို မျှဝေပေးလို့ရသလို
အခြားသူများ မျှဝေဆွေးနွေးတဲ့ နည်းပညာများကို လေ့လာနိုင်ရန်၊ အတွေ့အကြုံများ ဖလှယ်နိုင်ရန်၊
အသိပညာများ ပြန့်ပွားလာစေရန် ၀ိုင်းဖွဲ့ဆွေးနွေးတဲ့ ပွဲတစ်ပွဲ ဖြစ်ပါတယ်...
- နည်းပညာဆိုတာ IT နည်းပညာတစ်ခုတည်းကို ဆိုလိုခြင်းမဟုတ်ဘဲ အခြားမည်သည့်
နယ်ပယ်ကဖြစ်စေ BarCamp သို့ လာရောက်လေ့လာနိုင်သလို မိမိတတ်မြောက်သော နယ်ပယ်မှ
အသိအမြင်များ၊ အတွေ့အကြုံများ၊လေ့လာတွေ့ရှိချက်များကိုလည်း ပြန်လည်မျှဝေ ဆွေးနွေးနိုင်ပါတယ်။
ဒါကြောင့် BarCamp ကို နယ်ပယ်စုံက ဦးဆောင်ဆွေးနွေးလိုသူများ တက်ရောက်နိုင်သလို၊
နားထောင်လို ပြန်လည်ဆွေးနွေးလိုသူများလည်း တက်ရောက်နိုင်ပါတယ်။
- ကိုယ်က ဦးဆောင်ဆွေးနွေးလိုသူ ဖြစ်ပါက ဆွေးနွေးလိုသည့် အကြောင်းအရာကို
Topic Board မှ တာဝန်ရှိသူကို ပြောကြားလျှင် ဆွေးနွေးမည့် အကြောင်းအရာ၊
ဆွေးနွေးနိုင်မည့်အခန်း နှင့် အချိန်ကို Topic Board ၌ ကပ်ထားပေးပါမည်။
- ကိုယ်က လာရောက် နားထောင်လိုသူ၊ လေ့လာဆွေးနွေးလိုသူဆိုလျှင်
Topic Board ၌ ကပ်ထားသည့် အချိန်ဇယားကို ကြည့်ပြီး
ကိုယ်စိတ်ဝင်စားသည့် အကြောင်းအရာ ဆွေးနွေးမည့်အခန်းကို သွားရောက်နိုင်ပါသည်။
- ဒါဆိုရင် သတ်မှတ်အချိန်မှာ မိမိစိတ်ဝင်စားရာ အကြောင်းအရာအလိုက် ဦးဆောင်ဆွေးနွေးသူနှင့်၊
နားထောင်လိုသူ လေ့လာလိုသူများပါ သက်ဆိုင်ရာ အခန်းမှာ စုစည်းမိပြီး ၀ိုင်းဖွဲ့ဆွေးနွေးလေ့လာနိုင်ပါပြီ။
BarCamp ပွဲကို တက်ရောက်ဆွေးနွေး လေ့လာမယ်ဆိုရင် ရရှိလာနိုင်မယ့် အကျိုးကျေးဇူးတွေကတော့
နယ်ပယ်ကဏ္ဍအသီးသီးက နည်းပညာရှင်၊အသိပညာရှင်၊ အတတ်ပညာရှင်များစွာရဲ့ မျှဝေဆွေးနွေးသွားမယ့်
ဗဟုသုတများစွာကို ရရှိနိုင်သလို ကိုယ်နဲ့ ၀ါသနာတူ မိတ်ဆွေ၊အသိပညာမိတ်ဆွေများလည်း
ရရှိလာနိုင်ပါတယ်။လုပ်ငန်းရှင်က ကျွမ်းကျင်သည့် ပညာရှင်ကို တွေ့နိုင်သလို၊ပညာရှင်ကလည်း
ထိုက်တန်တဲ့ အခွင့်အလမ်းတွေ တွေ့ရှိနိုင်ပါတယ်..။

Ki Ki Ko

ချစ်သူများနေ့မှာ ဘာလက်ဆောင်တွေ ပေးရင် ကောင်းမလဲ

ချစ်သူများနေ့မှာ ဘာလက်ဆောင်တွေ ပေးရင် ကောင်းမလဲ

”ချစ်သူများနေ့မှာ ဘာလက်ဆောင်တွေ ပေးရင် ကောင်းမလဲ”

ကိုယ်ချစ်သူ့ ကောင်မလေးကို ချစ်သူများနေ့မှာ ဘာပေးရင် ကောင်းမလဲ?
အကယ်၍ ကိုယ်ချစ်သူ့ ကောင်မလေး (သို့) ကိုယ့်အမျိုးသမီးက ဒီနှစ် ချစ်သူများနေ့မှာ ဘာမှဝယ်မပေးနဲ့နော်၊ ပိုက်ဆံကုန်ပါတယ် ပြောသော်ဌါးလည်း သူတို့ သင်ဆီက ချစ်သူများနေ့မှာ ကဒ်ပြားလေးဖြစ်စေ၊ ပန်းစည်းဖြစ်စေ၊ လက်ဆောင်လေး တစ်ခုခုတော့ မျှော်လင့်နေမှာ အမှန်ပါပဲ။

ချစ်သူ့ ကောင်မလေး (သို့) အမျိုးသမီးကို ပေးရန် လက်ဆောင် အိုင်ဒီယာ:
၁။ ပန်းစည်း – နှင်းဆီ အနီရဲရဲလေး ပန်းစည်း (သို့) သခွပန်းစည်း (ကြိုအော်ဒါမှာထားဖို့တော့ လိုမယ်နော်)
၂။ သကြားလုံး – ချစ်သူများနေ့ကို ကိုယ်စားပြုတဲ့ အသဲပုံဗူးနဲ့ သကြားလုံးများ (ဆိုင်တိုင်လိုလိုမှာ ၀ယ်လို့ရပါတယ်)
၃။ လက်ဝတ်ရတနာ – ဒီတစ်ခုကတော့ ကိုယ်ချစ်သူကို ဘယ်လိုမှ စိတ်ပျက်နေမှာ မဟုတ်ပါဘူး
၎။ မိမိကြိုက်နှစ်သက်တဲ့ သီချင်း – ဒါကတော့ လူတိုင်းတတ်နိုင်ပါတယ်
၅။ လက်ရေးနဲ့ ရေးထားသော ကဒ်ပြား – အဓိပ္ပါယ် ဖော်ကျူးနိုင်ဆုံး အရာပါ။
ကိုယ်သူမကို ဘယ်လောက် ချစ်တယ်ဆိုတာ စာနဲ့ ချရေးလိုက်ပါ။ ဒီအတွက် ငွေကုန်ကြေးကျ မများပါဘူး။
၆။ စိတ်ကူးယဉ်ဆန်တဲ့ ညစာ – ကိုယ်တိုင် အိမ်မှာ ပြင်ဆင်တာ (သို့) ဆိုင်တစ်ခုခုမှာ စီစဉ်ထားပါ။
ရ။ မှတ်စု စာအုပ် – သင်တို့ ချစ်သူ နှစ်ဦးရဲ့ ဓာတ်ပုံတွေကို စုစည်းပြီ သင်တို့ ချစ်သူ နှစ်ဦးရဲ့ အမှတ်ရတွေကို စာအုပ် တစ်အုပ်ပြုလုပ်ပါ။
၈။ နှလုံးသားထိသွားမယ့် အရာ – အသဲပုံ စက္ကူတွေကို ဖြတ်ပြီ သူမ အခန်း (သို့) ကား တစ်ခုလုံး အနှံ့ လိုက်ကပ်ထားပါ။ ပိုပြီ စိတ်ကူးကွန့်မြူးချင်ရင်တော့ အသဲပုံတစ်ခုခြင်းဆီမှာ သူမကို ဘာလို့ချစ်တာလည်း ဆိုတာ လိုက်ရေးထားပါ။
၉။ ၀က်ဝံရုပ် – ဒါကတော့ လူတိုင်း ပေးနေကျပါ။
၁၀။ သင်ရဲ့ အချိန် – ချစ်သူများနေ့မှာ သင်ရဲ့ အချိန်တွေကို သူမနဲ့ တူတူကုန်ဆုံးရင်၊ သူမကို သင်ဘယ်လောက် ချစ်တယ်ဆိုတာကို ပြောပြပေးပါ။
၁၁။ ဓာတ်ပုံ – သူမရဲ့ ကျောင်းသူဘ၀က အစ ဓာတ်ပုံ စုစည်းပြီ ဗီဒီယို လေးတစ်ခုလုပ်ကာ သူမအကြိုက်ဆုံး သီချင်းလေးကို နောက်ခံ ထားထားပါ။ မိမိ ပုံဖော်နိုင်သလို၊ Photoshop နဲ့ဖြစ်စေ သူမ ဓာတ်ပုံတွေကို အသဲပုံလေးတွေ ပုံဖော်၊ ရယ်စရာပုံလေး ပုံဖော်ထားနိုင်ပါတယ်။ သင်ရဲ့ မျက်နှာကိုလည်း ဖြတ်ညှပ်ကပ်လုပ်ပြီ သူမ ဓာတ်ပုံဘေးမှာ ထည့်ပြီ ချစ်စရာအသွင် ပြုလုပ်ပါ။ မိန်းခလေး တွေက ဖြတ်ထိုးဥာဏ်ကောင်းတဲ့ ကောင်လေးတွေကို ပိုလို့ ချစ်တတ်ပါတယ်။
ကိုယ်ချစ်သူ့ ကောင်လေးကို ချစ်သူများနေ့မှာ ဘာပေးရင် ကောင်းမလဲ?
- ချစ်သူ ကောင်လေး၊ အမျိုးသားတွေကလည်း ကောင်မလေး တွေလိုပါပ၊ဲ ကိုယ်ချစ်သူဆီက လက်ဆောင်တွေ ရရင် ထပ်တူ သဘောကျပါတယ်။ ချစ်သူများနေ့ဆိုတာ အချစ်ကို သီကုံးထားတဲ့ နေ့တစ်နေ့ပါပဲ၊ အဲဒီနေ့မှာ ဘာပေးရမယ်၊ ဘာမပေးရဘူးဆိုတဲ့ စည်းမျဉ်းတွေ မရှိပါဘူး။ ဒါပေမယ့် နိုင်ငံတော်တော် များများမှာတော့ ချစ်သူ ကောင်မလေးတွေက ကောင်လေးတွေကို ချစ်သူများနေ့မှာ ချောကလက် လက်ဆောင်တွေ ပေးကြပါတယ်။ ကိုယ်ချစ်သူ ကောင်လေးက ချောကလက် မကြိုဘူးဆိုရင် တခြား သမရိုးကျ ပေးလို့ရတဲ့ လက်ဆောင်လေးတွေ ရှိပါသေးတယ်။
၁။ သမရိုးကျ လက်ဆောင် – အသစ်စက်စက် ချစ်သူများအတွက် သမရိုးကျ လက်ဆောင်ကတော့ အကောင်းဆုံးပါပဲ။ ချောကလက် အပြင် သကြားလုံး၊ အမွှေးပွအရုပ် တွေကို ပေးလို့ရပါတယ်။
၂။ ကိုယ်တိုင် ပစ္စည်းတစ်ခုခုလုပ်ပေးပါ – ဘာပစ္စည်းလုပ်ရမယ်ဆိုတာတော့ သတမတ် မရှိပါဘူး။ ကိုယ်ချစ်သူ့ ကောင်လေးက ၀ါသနာနဲ့ လိုက်ပြီ ပစ္စည်းလေးတွေ လုပ်လို့ရပါတယ်။ ဥပမာ- သူက သီချင်းကို သူ့ကြိုက်နှစ်သက်တဲ့ သီချင်း စုစည်းခွေ (သို့) ဂီတနဲ့ ပတ်သက်တဲ့ ပတ်သက်တဲ့ အရာလေးတွေ ပေးလို့ရပါတယ်။
၃။ ပိုက်ဆံ ကုန်ကျခံစရာ မလိုပါဘူး – ကိုယ့် ချစ်သူ ကောင်လေးကို အချစ်ကို ဖော်ကျူးပြဖို့ ပိုက်ဆံတွေ အများကြီး ကုန်ကျခံဖို့ မလိုပါဘူး။ ဈေးကြီးတဲ့ ပစ္စည်းထက်ဆိုင်ရင် ကိုယ်ရဲ့ နှလုံးသားဆီက လာတဲ့ လက်ဆောင် ပစ္စည်းကိုပဲ ပေးပါ။ ယောကျာ်လေးတွေက အစားအစာ နှစ်သက်ကြတာများပါတယ်။ ဒါကြောင့် သူကြိုက်တဲ့ ကွတ်ကီး ဖုတ်ပေးတာ ဖြစ်စေ၊ အိမ်မှာ အစားအသောက် ချက်ပြုတ် ပြင်ဆင်ပေးတာ ဖြစ်စေ၊ ချောကလက် စတော်ဘယ်ရီ ကိတ်လေး ဖုတ်တာ ဖြစ်စေ ပြုလုပ်ပေးလို့ရပါတယ်။ သို့မဟုတ်လည်း ကောင်လေးအတွက် အချစ် ကဗျာ(သို့)သီချင်း လေးတွေ သီကုံးပေးလို့လည်း ရပါသေးတယ်။
၎။ အရင်နှစ်နဲ့ ကွဲပြားချင်တယ် – နှစ်တိုင်း ချောကလက်ပေး၊ လက်ဆောင်တွေ ပေးရတာကို မပေးချင်တော့ဘူး။ အရင်နှစ်တွေနဲ့ မတူအောင် တမူထူးခြား ပေးချင်တဲ့ သူတွေကတော့ သူကြိုက်နှစ်တဲ့ ရုပ်ရှင် လက်မှတ် (သို့) ကပွဲ လက်မှတ် ၀ယ်ပေးပါ။ သူအတွက် စပယ်ရှယ် ညစာကို သူကြိုက်နှစ်သက်ရာ ဟင်းလျာတွေကို ချက်ပြုတ်ပြင်ဆင်ပေးပါ။ သင်တို့နှစ်ယောက်အတွက် အရေးပါတဲ့၊ ကိုယ်စားပြုတဲ့ သီချင်းလေးတွေကို စုစည်းပြီ လက်ဆောင်ပေးပါ။
၅။ တခုမှတ်ထားရမှာကတော့ ယောကျာ်လေးတွေက မိန်းခလေးတွေထက် ပိုပြီ ပွင့်လင်းပါတယ်။ သူတို့ ဘာလိုချင်တယ်၊ အဲဒီနေ့မှာ ဘာလုပ်ချင်တယ်ဆိုတာ ပြောပါတယ်။ ဒါကြောင့် ကိုယ် ချစ်သူ့ ကောင်လေးကို ဘာလက်ဆောင်ပေးရမှန်း မသိပဲ အကြပ်ရိုက်နေရင်၊ သူကို ပွင့်ပွင့်လင်းလင်း မေးပြီ တိုင်ပင်လို့ရပါတယ်။
၆။ ကိုယ့်ချစ်သူ ကောင်လေးအတွက် ကိုယ်တိုင် ချောကလက် လုပ်ပေးမယ် ဆိုရင်တော့ အတိုင်းထက် အလွန်ပေါ့နော်။ ဒါကြောင့် ကိုယ်တိုင် ချောကလက် လုပ်ပေးချင်သူများ အတွက် ချောကလက် လုပ်နည်းကို ရေးပေးထားပါတယ်။
ချောကလက်
ပါဝင်ပစ္စည်းများ
•    နို့မှုန့် – ၅၀၀ ဂရမ်
•     cocoa အမှုန့် – ၅၀ ဂ၇မ်
•    ထောပတ်(ဆားမပါတဲ့ ထောပတ်) – ၂၀၀ ဂရမ်
•    သကြား – ရ၀၀ ဂရမ်
•    ရေ – ၁ခွက် (measurement ခွက်)
ချောကလက် ပြုလုပ်နည်း
၁။ ခွက်တစ်ခုထဲတွင် နို့မှုန့် နှင့် cocoa အမှုန့်ကို ရောလိုက်ပါ။
၂။ ပြီလျှင် ဒယ်ထဲတစ်ခုထဲ ရေ(၁ခွက်)၊ သကြားထည့်ပြီ ပွက်ဆူအောင် တည်ထားပါ။ သကြား ပျော်သွားလျှင် မီးလျှော့ပြီ ထောပတ် ထည့်ပါ။
၃။ ထောပတ်ပါ အရည်ပျော်သွားမှ ရောမွှေထားသော နို့မှုန့် နှင့် cocoa အမှုန့်ကို ထည့်ပြီ ဖြည်းဖြည်းခြင်း မွှေပေးပါ။
၎။ ပြီနောက် မီးနည်းနည်းဖြင့် တည်ထားပါ။
၅။ ထို့နောက် မိမိကြိုက်နှစ်သက်ရာ ပုံစံခွက်ထဲ ထည့်ပြီ ရေခဲသေတ္တာထဲတွင် ၂နာရီ- ၃နာရီ အအေးခံထားပေးပါ။
၆။ ချောကလက်ကို ရရှိပါပြီ… (မြေပဲ၊ အုန်းသီးမှုန့်၊ ကြိုက်နှစ်သက်ရာ ချောကလက်ထဲ ထည့်နိုင်ပါသည်)
ဘာသာပြန် – Wutyee Food House
Reference – အင်တာနက်

မြန်မာနိုင်ငံ၌ မိုဘိုင်းဖုန်းလိုင်းအသုံးပြုသူ ၆.၂၈ သန်းကျော်ရှိ

မြန်မာနိုင်ငံ၌ မိုဘိုင်းဖုန်းလိုင်းအသုံးပြုသူ ၆.၂၈ သန်းကျော်ရှိ

၁၉၉၅ ခုနှစ်မှ စတင်၍ ၂၀၁၂ ဇူလိုင်လအထိ မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်းလိုင်း အသုံးပြုသူသည် ၂ သန်း ၈ သိန်း ၅ သောင်းကျော်သာ ရှိခဲ့သော်လည်း ယနေ့အချိန်၌ မြန်မာနိုင်ငံ၌ မိုဘိုင်းဖုန်းအသုံးပြုသူအရေအတွက်သည် ၆.၂၈ သန်းကျော်သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။ ၂၀၁၁ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်း မိုဘိုင်းဖုန်းအသုံးပြုသူ အရေအတွက် ၁ သန်း ဝန်းကျင်သာ တိုးတက်လာခဲ့သော်လည်း ၂၀၁၃ ခုနှစ် ဧပြီလအတွင်း အစိုးရသည် တန်ဖိုးနည်းမိုဘိုင်းဖုန်းလိုင်းများကို လစဉ်ပုံမှန်အရေအတွက် သတ်မှတ်၍ ရောင်းချပေးလာခဲ့သည့် နောက်ပိုင်းမိုဘိုင်းဖုန်း အသုံးပြုအရေအတွက် တစ်ဟုန်ထိုး မြင့်တက်လာခဲ့သည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တစ်လလျှင် မိုဘိုင်းဖုန်း အရေအတွက် ၃ သိန်းခွဲကို ရရှိခဲ့ပြီး ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်း၌ အစိုးရသည် တစ်နိုင်ငံလုံးအတိုင်းအတာအတွက် တစ်လလျှင် မိုဘိုင်းဖုန်းအရေအတွက် ၁ သောင်းခန့်ကို တိုးမြှင့်ချထားပေးခဲ့သည်။

အစိုးရ၏ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၌ အိမ်ထောင်စုပေါင်း ၈.၇ သန်းကျော်ရှိပြီး အိမ်ထောင်စုပေါင်း ၁.၃၈ စုလျှင် မိုဘိုင်းဖုန်း ၁ လုံး ကိုင်ဆောင်ထားသည်ဟု သိရသည်။ အစိုးရအနေဖြင့် တန်ဖိုးနည်းဖုန်းလိုင်းများကို ဧပြီလမှစတင်၍ လိုင်းအရေအတွက် ၂.၄၈ သန်းကို ရောင်းချနိုင်ခဲ့ပြီးလာမည့် ၂၀၁၄ ခုနှစ်၊ ဧပြီလမတိုင်ခင်၌ တန်ဖိုးနည်းဖုန်းလိုင်း အနိမ့်ဆုံး ၈ သန်း ပြည့်မီအောင် ချထားပေးမည်ဟုသိရှိရသည်။ အလားတူ ၂၀၁၄ - ၂၀၁၅ ခုနှစ်၌ လိုင်းအင်အား ၁၈ သန်းကို တိုးချဲ့ချထားပေးမည်ြဖစ်သည့်အတွက် ၂၀၁၅ ခုနှစ်အရောက်တွင် မြန်မာနိုင်ငံ၏ တယ်လီဖုန်းသိပ်သည်းဆမှာ ၅၀ ရာခိုင်နှုန်းသို့ ရောက်ရှိလာမည်ဟု ခန့်မှန်းထားသည်။ အဆိုပါကဲ့သို့ မိုဘိုင်းဖုန်းလိုင်းများ ချထားပေးနိုင်ရန် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဝန်ကြီးဌာနသည် အခြေခံတည်ဆောက်ရေးများ လုပ်ကိုင်ရန် ပုဂ္ဂလိကကုမ္ပဏီ ၁၃ ခုနှင့် ပူးပေါင်းထားကြောင်း သိရသည်။

မြန်မာ့ဆက်သွယ်ရေးအနေဖြင့် ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်အတောအတွင်း GSM မိုဘိုင်းဖုန်းလိုင်းများကို ငွေကျပ် ၂ သိန်း ဈေးနှုန်းသတ်မှတ်၍ ရောင်းချပေးခဲ့သော်လည်း ရောင်းချရန်မျှော်မှန်းထားရှိသည့် အရေအတွက်အတိုင်း ပြည့်မီအောင် ရောင်းချနိုင်ခဲ့ခြင်းမရှိသော်လည်း ယခုနှစ် ၁၅၀၀ ကျပ်တန်စီမံကိန်း၌ ရောင်းချသည့်အရေအတွက်ထက် ဝယ်ယူလိုသည့်အရေအတွက် ပိုမိုများပြားခဲ့သည်။

မြင့်ကျော်လှိုင်
Internet Journal

ဘယ်အချိန်ဟာ အိမ်ထောင်ပြုဖို့ အသင့်တော်ဆုံးလဲ

ဘယ်အချိန်ဟာ အိမ်ထောင်ပြုဖို့ အသင့်တော်ဆုံးလဲ

တစ်ယောက်နဲ့ တစ်ယောက် မေတ္တာမျှတဲ့ အဆင့်ကနေ ဇနီးနဲ့ခင်ပွန်း အဖြစ်ပြောင်းလဲပစ်ဖို့ ဘယ်အချိန်ဟာ အသင့်တော် ဆုံးပါလဲ။ ချစ်သူတွေ တစ်စုံတွဲနဲ့ တစ်စုံတွဲတော့ တူကြမှာမဟုတ်ပါဘူး။ သင့်တို့အတွက် အချိန်တန်ပြီ လို့ ခံစားမိလိုက်တဲ့ အချိန်မှာ အိမ်ထောင်ပြုသင့်ပါတယ်။ အရေးကြီးတာက လူမှုပတ်ဝန်းကျင် လည်းမဟုတ်သလို၊ သင့်မိသားစုလည်း မဟုတ်ပါဘူး။ အရေးကြီးဆုံးက သင်တို့နှစ်ယောက်ပါပဲ။

သင်တို့ချစ်သူနှစ်ဦးက အရူးအမူးဖြစ်လာကြတဲ့အချိန်၊ တစ်ယောက်နဲ့တစ်ယောက် သေချာပြီဆိုတဲ့အချိန်၊ ခြေအစခေါင်းအဆုံး၊ နဖူးကအစ ခြေမအဆုံး ချစ်တတ်လာကြတဲ့အချိန် လက်ထပ်လိုက်သင့်ပါတယ်။ တစ်ဦးတည်း တစ်ဖက်သတ် ဖြစ်နေလို့တော့ မရပါဘူး။ နှစ်ဦးစလုံးဟာ ထပ်တူညီမျှလာတဲ့ တစ်နေ့ပေါ့။ သင့်ချစ်သူဟာ လူသန်းပေါင်းများစွာထဲကမှ သင့်အတွက် တစ်ဦးတည်းသောတစ်ယောက် ဖြစ်တယ်လို့၊ သူ့လိုလူ မရှိနိုင်တော့ဘူးလို့ ခံစားလာရပြီ ဆိုရင် လက်ထပ်ဖို့ အသင့်တော်ဆုံး အချိန်ပါပဲ။ မေတ္တာမျှ လို့ အဖန်ဖန် အထပ်ထပ် ချိန်းတွေ့လာခဲ့ပြီးမှ သူ့ကို မယူတော့ဘူးဆိုရင်တော့ သင့်လောက် မိုက်မဲတဲ့သူ ဒီကမ္ဘာမှာ ရှိတော့မှာ မဟုတ်ပါဘူး။

အိမ်ထောင်ပြုခြင်း ရဲ့ အဓိပ္ပါယ်ကို ကောင်းကောင်း သဘောပေါက်ဖို့ အရွယ်ရောက် ရင့်ကျက်နေပြီ၊ အိမ်ထောင်ပြုဖို့ အဆင်သင့်အခြေအနေလဲ ရှိနေပြီ၊ သင့်ချစ်သူကို အပြည့်အ၀ တာဝန်ယူဖို့သင့် နေပြီ ဆိုရင် သင့်ချစ်သူကို ငွေရေးကြေးရေးအရရော၊ စိတ်ခွန်အားပေးတာရော ထောက်ပံ့ပေးလိုက်ပါ။ အိမ်ထောင်ပြု တယ်ဆိုတာ တကယ့်ကို အပြောင်းလဲကြီးတစ်ရပ်၊ ရိုးမြေကျတဲ့အထိ သူနဲ့ သင့်ရဲ့ဘ၀ကို အေးအတူပူအမျှ ဝေငှ နေထိုင်သွားကြရမှာ ဖြစ်တယ်လို့ သင်သဘောပေါက်နားလည် ထားရမှာပါ။

သင်တို့နှစ်ယောက်သာ အသိတရားရှိတဲ့သူတွေ၊ တစ်ယောက်နဲ့တစ်ယောက် အမှန်တကယ် မေတ္တာမျှနေကြ တဲ့သူတွေဆိုရင် အပြန်အလှန် လေးစားမှုရှိပါ။ အငြင်းပွား စကားများကြတဲ့ အခါမှာလည်း လူကြီးဆန်ဆန် ဖြေရှင်းပါ၊ ရင်ဖွင့်ပါ၊ ၆နှစ်သား ကလေးတွေလို အတွေးမသိမ်ပါနဲ့။ သဘောထားမတိုက် ဆိုင်မှုဆိုတာ ဘ၀မှာ ကြုံတွေ့နေကျ အရာတစ်ခု ဖြစ်ပါတယ်။ မတွေ့ကြုံ ချင်ဘဲ ရှောင်ပုန်းလို့ရတဲ့ အရာတစ်ခုမဟုတ်ပါဘူး။ သင့်တို့နှစ်ယောက်က တစ်ဖွဲ့တည်း၊ တစ်ဘက်တည်းလေ။ တစ်ယောက်က တစ်ယောက်ထက် သာတယ် နိုင်တယ်ဆိုတာလည်း မဖြစ်ရဘူး။ ရိုးသားမှုရှိရမယ်။ ပွင့်လင်းရမယ်။ တစ်ယောက်ရဲ့ အိပ်မက်တွေ၊ ယုံကြည်ချက်ပျောက်ဆုံးမှုတွေ၊ ပြုမိတဲ့ အမှားတွေကို နောက်တစ်ယောက်က ဝေငှ ခံစားနိုင်စွမ်း ရှိရမယ်။

အိမ်ထောင်ပြုဖို့ အဆင်သင့်ဖြစ်ပြီလား၊ အချိန်အတော်ကြာ စောင့်ခဲ့ရပြီးပြီလား။ သင့်ရဲ့ ဘ၀မှာ အလုပ်အကိုင် အတည်တကျနဲ့ အခြေတကျ ဖြစ်နေပြီလား။ ပြင်းပြတဲ့ ရည်မှန်းချက် ပန်းတိုင်တစ်ခုကိုရော သိမြင်နေပြီလား။ မိသားစုဆိုတာဖြစ်လာရင်၊ ကလေးတွေရလာရင် ဘာတွေရှိထား သိထားသင့်တယ်ဆိုတာကို သိရဲ့လား။ ပတ်ဝန်းကျင်လူအသိုင်းအ၀ိုင်းကြောင့်ပဲ ဖြစ်ဖြစ်၊ မိသားစု ဖိအားတွေကြောင့်ပဲဖြစ်ဖြစ်၊ အသက်ကြီးလာပြီလေ ဆိုတဲ့ အသိကြောင့်ပဲ ဖြစ်ဖြစ် အတင်းကြီး လုပ်ယူပြီး အိမ်ထောင်ပြုတာမျိုးလဲ မဖြစ်သင့်ပါဘူး။

အဲ့ဒီ့တော့ အိမ်ထောင်ပြုဖို့ အသင့်တော်ဆုံး အသက်အရွယ်ဆိုတာ မရှိပါဘူး။ သင်တို့ ချစ်သူနှစ်ယောက်သာ ဘယ်အချိန်ဟာ အသင့်တော်ဆုံးဆိုတာ သိကြမှာပါ။ အသေအချာပါပဲ ဆိုတဲ့တစ်နေ့၊ မင်းလောက် ကိုယ့်အပေါ် ဘယ်သူမှ မကောင်းဘူး ဆိုတဲ့ တစ်နေ့မှာ လက်ထပ်လိုက်ပါ။ အဲ့ဒီ့လို ချစ်သူမျိုးဆိုတာ အသက်အရွယ် မရွေးဖြစ်နိုင်ပါတယ်။ ပုံသေသတ်မှတ်ချက် ဘောင်အကန့် ဆိုတာမရှိပါဘူး။ အရေးကြီးတာက သင့်တို့ ချစ်သူနှစ်ယောက် ဟာ တစ်စိတ်တည်းတစ်ဝမ်းတည်း ဖြစ်ဖို့ပါပဲ။ ဒီလိုဖြစ်နေပါပြီ ဆိုရင်တော့ ဒီဆောင်းပါးရဲ့ ခေါင်းစဉ်လေးကို အတူတူဖြေကြည့် လိုက်ကြပါဦးနော်။

Ref:mensxp

သီဟနိုင်

စကားလက်ဆောင်

စကားလက်ဆောင်......................
အချစ်ဆိုတာ.....
ဘာလဲဆိုတာ
သိဖို့ထက်
ဘ၀ ဆိုတာ
ဘာလဲဆိုတာ
သိဖို့က
ပိုအရေးကြီးပါတယ်.........

                             Ki Ki Ko

စကားကြီး (၁၀) ခွန်း

ဒါကတော့ ဗဟုသုတ အနေနဲ့ပဲတင်ပေးတာပါ သိပြီးသားသူတွေကတော့ များမှာပါဗျာ ကျနော်က မသိသေးတဲ့ သူငယ်ချင်းတွေအတွက် တင်ပေးလိုက်တာပါ .........

စကားကြီး ( ၁၀ ) ခွန်း


  ၁။ ရေကူးညှာတင်
  ၂။ ကောက်ပင်ရိတ်လှီး
  ၃။ ရေးစီးဖောင်ဆန်
  ၄။အိုးတန်ဆန်ခတ်
  ၅။ ဆီပွတ်ကျည်ပွေ့
  ၆။ ဆင်ဝှေ့ရန်ရှောင်
  ၇။ တောင်သူယာခုတ်
  ၈။ ကြက်ဆုပ်မှတ်ပစ်
  ၉။ ရေစစ်ကရား
၁၀။ ခက်တင်မောင်းနှင်


သိမှတ်ဖွယ်ရာနေ့ရက်များ

သိမှတ်ဖွယ်ရာ နေ့ရက်များ


ချစ်သူများနေ့ ပေါ်ပေါက်လာပုံသမိုင်း


ချစ်သူများနေ့ ပေါ်ပေါက်လာပုံသမိုင်း

********************************************


Valentine's Day ရောက်လာတော့မယ်ဆိုတော့ ကျွန်တော် စိတ်ကူးတစ်ခုပေါ်လာတယ်..။
ဒါကတော့ လူတွေ ပါးစပ်ဖျားမှာတော့ " . . ချစ်သူများနေ့ . . " " . . ချစ်သူများနေ့ . . " မရိုးနိုင်အောင်ပြောနေ ကြပေမယ့် .. ဘယ်လိုပေါ်ပေါက်လာ သလဲဆိုတဲ့သမိုင်းကို မသိကြသေးတဲ့သူတွေ တော်တော်များများ ရှိကြဦးမယ်ထင်ပါတယ်..။ ဒါကြောင့်ပဲ ကျွန်တော် သိသလောက် ၊ဖတ်မိသလောက် ပြောပြချင်ပါတယ်... သိပြီးသား ကိုကိုမမများကလဲ သိထားတာလေးတွေရှိရင် ဝေဖန်ခဲ့ပါဦးလို့..။
ချစ်သူများနေ့ပေါ်ပေါက်လာပုံ
အေဒီ (၃)ရာစု လောက်မှာ အုပ်ချုပ်ခဲ့တဲ့ ရိုမန် စစ်ဘုရင် Claudius ဟာ စစ်အင်အားတွေစုဆောင်း၊ နယ်မြေသစ်တွေတိုးချဲ့ ရင်း ပါဝါ ကြီးစိုးခဲ့တယ်..။ သူ့လက်ထက်မှာ Britain နိုင်ငံဟာ ရောမအင်ပါယာ အောက် ရောက်အောင် စွမ်းဆောင်နိုင်ခဲ့တယ်..။ Claudius ဟာအမြဲတမ်း နယ်ချဲ့ရင်း စစ်ပွဲကိုပဲ ဦးစားပေးဆင်နွှဲနေတော့ နိုင်ငံထဲကယောကျာ်းတွေဟာ စစ်ထဲ မဝင် ချင်တော့ ဘူး။ စစ်မတိုက်ချင်ကြတော့ဘူး..။ဇနီးမယား တွေ မိသားစုတွေ၊ ဆွေမျိုးတွေနဲ့ပဲ နေချင်ကြတယ်..။
ပြင်းထန်တဲ့တိုက်ပွဲတစ်ခုမှာတော့ ရောမစစ်သည်တွေ အသေအပျောက်များခဲ့တယ်.. စစ်သားသစ်တွေလိုလာတယ်..။စစ်သည်အင် အားကို လည်း ပိုမိုတောင့်တင်းခိုင်မာအောင် လုပ်ချင်တယ်.။ ဒါပေမယ့် ယောကျာ်းတွေကလဲ စစ်ထဲကိုမဝင်လိုကြတော့ အခက်တွေ့နေတယ်..။
Claudius ဟာစဉ်းစားတယ် ယောကျာ်းတွေဟာ မိသားစုသံယောဇဉ်ကြောင့် စစ်ထဲမဝင်ချင်ကြတာပဲ သူတို့သာ အိမ်ထောင်မပြုကြရင် စစ်ထဲဝင်ကြမှာပဲလို့ မိုက်မိုက်မဲမဲတွေးမိတယ်..။ ဒါကြောင့်ပဲ နိုင်ငံတစ်ဝန်း လူငယ်တွေ အိမ်ထောင်မပြုရလို့အမိန့်ထုတ်လိုက်တယ်..။ လူငယ်တွေ အတွက် ရက်စက်ပြီး အဓိပ္ပါယ်မရှိတဲ့ ဥပဒေပေါ့...။
ထိုဥပဒေကို ဆန့်ကျင့်တဲ့ ခရစ်ယာန် ဘုန်တော်ကြီး တစ်ပါးပေါ်လာတယ်..။ သူ့နာမည်က
Saint Valentine လိုခေါ်ပြီး လက်ထပ်ပွဲတွေမှာကောင်းချီးပေးတဲ့ ဘုးန်ကြီးပေါ့..။
သူဟာတင်းကြပ်တဲ့ ဥပဒေ တွေတားမြစ်ထားတဲ့ကြားမှ လက်ထက်ပွဲတွေကို သိုးသိုးသိပ်သိပ် စီစဉ်ကျင်းပပေးခဲ့တယ်..။ သူ့ရဲ့ သီးသန့် အခန်းကျဉ်းလေးထဲမှာ ဖယောင်းတိုင်လေးထွန်းပြီး မင်္ဂလာပွဲကို သူရယ် မင်္ဂလာမောင်နှံရယ် သုံးယောက်သား လျှို့ဝှက် ကျင်းပကြတယ်..။ တစ်ညမှာတော့ သတင်းပေါက်ကြားပြီး မင်္ဂလာ ကျင်းပတဲ့အခန်းထဲ ဝင်ရောက်ဖမ်းဆီးကြတယ်..။ မင်္ဂလာမောင်နှံ လွတ်မြောက်သွားသော်လည်း St. Valentine ဖမ်းဆီးခြင်းခံရပြီး သေဒဏ်ချမှတ် လိုက်ကြတယ်..။
သူဝမ်းမြှောက်သွားတာ တစ်ခုရှိတယ် သူထောင်ထဲမှာရှိစဉ် ရောမမှာ ရှိတဲ့ လူငယ်တွေဟာ ထောင်ထဲကို လာတွေ့ကြတယ် ပြတင်းပေါက်မှာ ပန်းတွေ ကြဲကြ မှတ်စုလေးတွေရေးကြ တယ်..။ ပြီးတော့ သူလုပ်ခဲ့တာမှန်ကန်ကြောင်း၊ သူတို့လေးတွေလည်းအချစ်ကို ယုံကြကြောင်း အားပေးထောက်ခံကြတယ်..။ အဲ့ဒီ့ထဲမှာ ထောင်မှုးကြီးသမီးလဲပါတာပေါ့..။ ထောင်မှုးကြီး က ခွင့်ပြုတာကြောင့် သူ့ရဲ့ အခန်းထဲမှာ လာတွေ့တယ် စကားတွေ အများကြီးပြောတယ်.။ အားပေးစကားတွေပြောတယ်.. နောက် သူသေခါနီးမှာ သူမရဲ့ ခင်မင်မှု၊ သစ္စာရှိမှု၊ အားပေးမှု တွေကို ကျေးဇူးတင်တဲ့အနေနဲ့ "Love from your Valentine." ဆိုတဲ့ မှတ်စုတိုလေး တစ်စောင် ထိုအမျိုးသမီးတွက်ရေးထားခဲ့တယ်..။
အေဒီ (၂၆၉) ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ သူကွယ်လွန်သွားခဲ့တယ်.. အဲ့ဒီနောက်မှာ တော့ St. Valentine ကို လေးစားဂုဏ်ပြုသောအားဖြင့်
"" . . Valentine's Day . . "" ဆိုတာ ပေါ်ပေါက်လာခဲ့တယ်..။
American အဖွဲ့တစ်ခုရဲ့ခန့်မှန်းချက်အရတစ်ကမ္ဘာလုံးမှာ တစ်နှစ်ကို သန်းတစ်ထောင်သော Valentines တွေပို့ကြတယ်..။ Christmas လက်ဆောင်ပြီးရင်တော့ ဒုတိယအများဆုံးပေါ့..။ အဲဒီ့ထဲမှာ အမျိုးသမီးတွေက ဝယ်ကြတာ ၈၄ ရာခိုင်နှုန်းလောက်ပါတဲ့...။



Credit - ပြည်သတင်း

သားသမီး လိုချင်သူများ မဖြစ်မနေ သိထားသင့်သော အချက်များ


သားသမီး လိုချင်သူများ မဖြစ်မနေ သိထားသင့်သော အချက်များ




သားသမီး လိုချင်သူတွေ အနေနဲ့ မဖြစ်မနေ သိရှိထား သင့်တဲ့ အချက်တွေ ရှိ နေပါတယ်။

 

(၁) အသုံးပြု နေသော သားဆက်ခြား နည်းများ ကိုရပ်ပါ
 


သားသမီး မလိုချင် သေးလို့ ပဋိ သန္ဓေ တားဆေး၊ ထိုးဆေးတွေ အသုံးပြု တာ၊ ကွန်ဒုံး သုံးတာ၊ အမျိုးသမီး သန္ဓေတား ပစ္စည်းထည့်တာ စတဲ့နည်း တွေနဲ့ သန္ဓေ တားခဲ့ တယ်ဆိုရင် သားသမီး လိုချင်ပြီဆို ရင်တော့ ဒီနည်းတွေ ရပ်ဖို့ လိုပါတယ်။ ပဋိသန္ဓေတား နည်းတွေကို ရပ်လိုက်ပေ မယ့် ချက်ချင်း သားသမီး မရနိုင်တာမျိုး ဖြစ် တတ်ပါတယ်။ အထူးသဖြင့် ပဋိသန္ဓေ တားဆေး၊ ထိုးဆေးတွေက သုံးတာကို ရပ် လိုက်ပေမယ့် ကလေး ချက်ချင်း မရနိုင်ပါ။

(၂) ဆရာဝန်နှင့် ဆွေးနွေး တိုင်ပင်ပါ


သွေးဖိအား၊ ကိုယ်အလေးချိန်၊ ကူး စက်မဟုတ်တဲ့ နာတာ ရှည်ရောဂါ (ဆီးချို သွေးချို) ရှိ၊ မရှိတွေကို ဆရာဝန်ထံ ပြသ စစ်ဆေးဖို့ လိုပါတယ်။ မိခင်က ကျန်းမာ မှ ကျန်းမာတဲ့ ရင်သွေးကို ရရှိနိုင်မှာပါ။
(၃) ကျန်းမာရေးနှင့် ညီညွတ်စွာ စားသောက်ပါ
သားသမီး ရယူဖို့ ကြိုးစားနေတဲ့ မိခင်လောင်း တစ်ယောက်ဟာ အစားအ သောက်ကို ကျန်းမာရေးနဲ့ ညီညွတ်ပြီး မျှတစွာ စားသောက်ဖို့ လိုပါတယ်။ အ သားဓာတ်၊ သစ်သီး၊ ဟင်းသီး ဟင်းရွက်၊ ကောက်နှံ ကွေကာ တွေကို အဓိကစားသုံး ပြီး အချို၊ အဆီနဲ့ အဆင်သင့် ပြုပြင်ထားတဲ့ အစာတွေ ကိုတော့ လျော့စား သင့်ပါတယ်။


(၄) ဖောလစ်အက်စစ် ဖြည့်စွက် သောက်သုံးပါ


ဖောလစ်အက်စစ်က ဖောလိတ်ရဲ့ ပြုပြင်ထားတဲ့ ပုံစံတစ်ခု ဖြစ်ပြီး သန္ဓေသား မှာ မွေးရာပါ ချို့ယွင်း ချက်ဖြစ်နိုင်ခြေကို လျှော့ချ ပေးပါတယ်။ သန္ဓေသားမှာ မွေး ရာပါ ချို့ယွင်းချက် ဖြစ်ပေါ်တာက ကိုယ် ဝန်ရှိပြီလို့ မသိရှိ ခင်ကတည်းက ဖြစ်နေ နိုင်ပါတယ်။ ဒါကြောင့် မိခင်လောင်းတွေ အနေနဲ့ သားသမီး ယူဖို့ ကြိုးစားနေချိန် ကတည်းက ဖောလစ်အက်စစ်ကို ဖြည့် စွက်သောက် သုံးဖို့ FDA အကြံပြုထား ပါတယ်။
(၅) ဆေးလိပ်နှင့် အရက်ဖြတ်ပါ


သားသမီး ယူဖို့ ကြိုးစားနေချိန်မှာ အမျိုးသားတွေအနေနဲ့ ဆေးလိပ်သောက် တာ၊ အရက်သောက်တာတွေကို ဖြတ်ဖို့ လိုပါတယ်။ ဒါတွေသုံးစွဲတာက အမျိုး သားတွေရဲ့ မျိုးပွားနိုင်စွမ်းကို လျော့နည်း စေတာကြောင့်ပါ။ ခရိုမိုဇုမ်းပျက်စီးတာ၊ သုက်ကောင်လေးတွေရဲ့ လှုပ်ရှားကူးခတ် နိုင်စွမ်းလျော့နည်းတာ၊ ပန်းသေပန်းညှိုး တာ စတာတွေကြောင့် အမျိုးသားတွေရဲ့ မျိုးပွားနိုင်စွမ်းကို လျော့နည်းစေတာပါ။


(၆) ဓမ္မတာ စက်ဝန်းကို သိရှိပါစေ


ရာသီလာပြီး ၁၄ ရက်မြောက်နေ့ မှာ သားဥကြွေ ကျပြီး သားသမီး ရရှိနိုင်တဲ့ နေ့ပါ။ ဒီလို ရက်မျိုးမှာ အမျိုးသားနဲ့ အတူ နေတာက သားသမီး ရရှိဖို့ အခွင့်အလမ်း များနိုင် ပါတယ်။ အမျိုးသမီး တစ်ဦးနဲ့တစ် ဦးက ရာသီစက်ဝန်းချင်း မတူညီ တတ်ပါ ဘူး။ တချို့က ရက် ၃၀ မှာ တစ်ကြိမ် ရာသီလာ တတ်ပြီး တချို့လည်း အဲဒီ ထက် နောက်ကျ တတ်တာမျိုး ရှိပါတယ်။ ရာသီ စက်ဝန်း မတူညီပေမယ့် အဲဒီစက် ဝန်းရဲ့ အလယ်ရက်က သားဥြွေကရက်ပါ။


(၇) ကိုယ်အပူ ချိန်ကို လေ့လာပါ


ခန္ဓာကိုယ် အပူချိန်က သင့်ကို သန္ဓေ အောင်စေနိုင်တဲ့ အကောင်းဆုံးအချိန်ကို ညွှန်ပြပေးနိုင်ပါတယ်။ ဘာကြောင့်လဲဆို တော့ သားဥြွေကချိန်မှာ ပရိုဂျက်စတုန်း ဟော်မုန်းထုတ်လုပ်တာကြောင့် သာမန် ကိုယ်အပူ ချိန်တက် အနည်းငယ် တက်နေ တတ်ပါတယ်။ သားသမီး ရရှိလိုသူတွေ အနေနဲ့ ဒီလို အချိန်ကို အကောင်းဆုံး အသုံးချ နိုင်ဖို့ လိုပါတယ်။
(၈) မိန်းမကိုယ်မှ ထွက်သော အချွဲ အကျိများ သတိထားကြည့်ပါ
သားဥကြွေ ချိန်မှာ မိန်းမကိုယ် ကနေ ချောမွတ်တဲ့ အရည်ကြည် လေးတွေ ထွက် ပါတယ်။ သုက်ကောင်လေးတွေ အလွယ် တကူ ဖြတ်သန်း ဝင်ရောက်နိုင် အောင်ပါ။ မိန်းမကိုယ်မှ ကြက်ဥ အကာလို အရည် ကြည်လေးတွေ ထွက်တဲ့ အချိန်ဟာ သား သမီးရရှိနိုင်တဲ့ အချိန်ဖြစ်ပါတယ်။

(၉) အတွင်းခံ ဘောင်းဘီကို ဂရုစိုက်ပါ

အမျိုးသမီးတွေ အနေနဲ့ အတွင်းခံ ဘောင်းဘီ တင်းကျပ် လွန်းတာ၊ လေဝင် လေထွက် မကောင်းတာတွေက ယောနိ လမ်းကြောင်း ပိုးဝင်တာကို ဖြစ်စေပါတယ်။ အမျိုးသားတွေ မှာတော့ အတွင်း ခံဘောင်း ဘီကျပ် လွန်းတာ၊ လေဝင် လေထွက် မရှိတာ တွေကြောင့် ဝှေးစေ့ကနေ သုက်ကောင် ထုတ်လုပ်မှုကို ထိခိုက်စေပြီး မျိုးအောင် နိုင်စွမ်းကို လျော့နည်း စေပါတယ်။


(၁၀) သာယာကြည်နူးဖို့ အချိန်ပေးပါ


သားသမီး ရရှိဖို့က အမျိုးသားနဲ့အ တူ သာယာကြည်နူးဖို့ အချိန်ပေး တာက အဓိက ကျပါတယ်။ စိတ်ဖိစီး မှုတွေ၊ အလုပ်တွေ အားလုံးကို မေ့ပျောက်ထား ပြီး သာယာကြည်နူးမှု တွေကို ဖန်တီးယူပါ။

Good Health

အလင်း(ဆေးဝါး)


Credit : Today Myanmar

Finding Art in the City - 4


Finding Art in the City - 4

ဒါတွေကတော့ တော်တော် ဆေးကုန်မယ့် ကိစ္စပါ။ နံရံမှာ ခြယ်မှုန်းထားပါတယ်။ ဖန်တီးသူအမည်နဲ့ နောက်ခံအကြောင်းအရာတွေကို ဓာတ်ပုံရိုက်တဲ့အထဲမှာ ပါမလာခဲ့လို့ မပြောတော့ပါဘူး။






ဆက်ပြီးတော့ Natee Utarit ရဲ့ ပန်းချီကားတွေဆီ ဆက်သွားကြမယ်။ အသက် ၄၁ နှစ်ရှိတဲ့ ထိုင်းလူမျိုးပန်းချီဆရာပါ။

ရုပ်တုတွေကို ပန်းချီနဲ့သရုပ်ဖော်တယ်။ ဓာတ်ပုံတွေကို ပန်းချီဆွဲတယ်။ အဖြူအမည်းသက်သက် ဆွဲထားတဲ့ ကားချပ်အသေးတွေကိုလည်း မြင်ရမယ်။ အချိန်ကာလနဲ့ နောက်ခံအခြေအနေတွေက reality ဆိုတဲ့အဓိပ္ပါယ်ကို ဘယ်လိုပြောင်းသွားစေနိုင်ကြောင်းကိုလည်း ရှာဖွေခဲ့တယ် တဲ့။ အနောက်တိုင်းပုံစံ သီးသန့်ဖန်တီးထားတဲ့ လက်ရာတွေကိုလည်း တွေ့ခဲ့ရပါတယ်။ (နည်းနည်းပျင်းလာလို့ ကိုယ့်ဘာသာပဲ ပုံတွေဆက်ကြည့်ကြပါတော့။ အောက်ကအားလုံးက Natee Utarit ရဲ့လက်ရာတွေပါ။ ပုံအများအပြားထဲက တချို့ကိုပဲ တင်လိုက်ပါတယ်။)

ိCredit - Pandora

၂၀၁၁ တန်ဆောင်တိုင် ဦးဘဂျမ်းလမ်း ကာတွန်းအချို့


၂၀၁၁ တန်ဆောင်တိုင် ဦးဘဂျမ်းလမ်း ကာတွန်းအချို့

၁၃လမ်းမှာ ခင်းကျင်းထားတဲ့ ကာတွန်းတချို့ကို ရပ်ဝေးနေမိတ်ဆွေများအတွက် ဝေမျှလိုက်ပါတယ်။ နောက်ထပ်ပုံတွေ ထပ်ကြည့်ချင်ရင် facebook မှာ လာကြည့်ကြပါ။











Credit - Pandora

မိန်းကလေး တို့၏လျို့ဝှက်ချက်များ


မိန်းကလေး တို့၏လျို့ဝှက်ချက်များ

-ကောင်လေးတွေမသိဘူး ဘာကြောင့် ကောင်မလေးတွေက သူ့ဆီဖုန်းဆက်စေချင်တာလဲ စာလေးတွေပို့စေချင်တာလဲဆိုတာကို——–
ကောင်မလေးတွေက ဖွဲ့နွဲ့နေတဲ့စကားလုံးတွေကို လိုလားတာမဟုတ်ပါဘူး။ ကောင်လေးဘယ်လောက်အလုပ်ရှုပ်နေပါစေ ကောင်မလေးကို သတိရနေပါတယ်ဆိုတာကို သိချင်နေတာပါ။

၂၀၁၁ တန်ဆောင်တိုင် ဦးဘဂျမ်းလမ်း ကာတွန်းအချို့

၂၀၁၁ တန်ဆောင်တိုင် ဦးဘဂျမ်းလမ်း ကာတွန်းအချို့

၁၃လမ်းမှာ ခင်းကျင်းထားတဲ့ ကာတွန်းတချို့ကို ရပ်ဝေးနေမိတ်ဆွေများအတွက် ဝေမျှလိုက်ပါတယ်။ နောက်ထပ်ပုံတွေ ထပ်ကြည့်ချင်ရင် facebook မှာ လာကြည့်ကြပါ။

ဖိလစ်ပိုင်နိုင်ငံမှ ကဗျာဆရာမ စာရေးဆရာမ “ဂျင်းန်ဗီး အယ်လ် အာစန်ဂျို”

ဖိလစ်ပိုင်နိုင်ငံမှ ကဗျာဆရာမ စာရေးဆရာမ “ဂျင်းန်ဗီး အယ်လ် အာစန်ဂျို”

ဖိလစ်ပိုင်နိုင်ငံမှ ကဗျာဆရာမ စာရေးဆရာမ “ဂျင်းန်ဗီး အယ်လ် အာစန်ဂျို”

(မှတ်ချက်။ ။ ကြုံတွေ့ခဲ့တဲ့ ကဗျာဆရာတွေနဲ့ တွေ့ဆုံမေးမြန်းမှုနဲ့ သူတို့ရဲ့ လက်ရာအချို့ကို ဆက်လက်တင်ပြသွားပါမယ်။ မကြာခင်ကတော့ အီရတ်က “ဂူလာလာနိုရိ” နဲ့ နယူးဇီလန်က “ဂျက်ဖရီ ပါပရိုရာ ဟိုးလ်မန်း” တို့အကြောင်းကို ရေးသားခဲ့ပါတယ်။ အခုလို မိတ်ဆက်ပေးသွားမယ့် ကဗျာဆရာတွေ အားလုံးဟာ ဆုရသူတွေ၊ အကောင်းဆုံးတွေ၊ နာမည်အကြီးဆုံးတွေ ဟုတ်ချင်မှ ဟုတ်ကြပါမယ်။ ဟုတ်ရင်လည်း ဟုတ်ကြပါမယ်။ သေချာတာကတော့ သူတို့ဟာ သူတို့ရဲ့နိုင်ငံမှာ လက်တလော ကဗျာရေးသားနေဆဲ ယနေ့ခေတ် ကဗျာဆရာများ ဖြစ်ကြပါတယ်။ အခြားနိုင်ငံတွေရဲ့ ယနေ့ခေတ် ကဗျာလောကထဲမှာ သူလိုကိုယ်လို ရေးသားနေသူတို့ရဲ့ ဘဝ၊ ပြောပြချက်တွေနဲ့ လက်ရာတွေကို မိမိဘာသာ တစေ့တစောင်း ကြည့်ချင်လို့ လက်လှမ်းမီသလောက် မေးကြည့်ခြင်းသာ ဖြစ်ပါတယ်။ နောက်အကြောင်းရင်းတစ်ခုကတော့ မူရင်းစာရေးသူတွေနဲ့ ဆက်သွယ်နိုင်တဲ့ အခွင့်အလမ်းရချိန်မှာ တရားဝင်ခွင့်တောင်းပြီး ဘာသာပြန်ခြင်း အလေ့အထကို နှစ်သက်လို့လည်း ဖြစ်ပါတယ်။)


(photo by Ariel Manuel)

ဖိလစ်ပိုင်နိုင်ငံက ကဗျာဆရာမ၊ စာရေးဆရာမ၊ ဘာသာပြန်သူ တစ်ဦးဖြစ်တဲ့ ဂျင်းန်ဗီး အယ်လ် အာစန်ဂျို (Genevieve L. ASENJO)  ဟာ ကျေးလက်ဒေမှာ မွေးဖွားကြီးပြင်းခဲ့ပြီး ကဗျာကို ငယ်စဉ်ကတည်းက ယဉ်ပါးခဲ့ပါတယ်။ သူတို့ဆီက ကျေးလက်လူထုထဲမှာ ကဗျာစပ်ခြင်းနဲ့ ကဗျာရွတ်ခြင်းဆိုတာဟာ ရင်းနှီးကျွမ်းဝင်ပြီးသား အလေ့အထတစ်ခုဖြစ်တယ်လို့ ကျွန်မကို ပြောပြခဲ့ပါတယ်။ ကျေးလက် လူမှုရေး အခမ်းအနားတွေမှာ အမျိုးသား အမျိုးသမီးတွေဟာ လက်တန်း ကဗျာတွေကို အပြိုင်အဆိုင် ရွတ်ဆိုလေ့ရှိကြတဲ့ ဓလေ့ရှိတဲ့အကြောင်း သူက ကျွန်မကို ပြောပြပါတယ်။ ဒီလိုဓလေ့မျိုးဟာ ကျွန်မတို့ မြန်မာနိုင်ငံက ကျေးလက်ဒေသတွေနဲ့ တိုင်းရင်းသားအချို့မှာလည်း ရှိကြတယ်ဆိုတာ မှတ်သားဖူးတာမို့ ဗဟုသုတချင်း ဖလှယ်ဖြစ်ခဲ့ကြပါသေးတယ်။

ဂျင်းန်ရဲ့ စိတ်ဝင်စားဖို့အကောင်းဆုံး အချက်ကတော့ ကဗျာက သူ့ဘဝကို မြှင့်တင်ပေးပြီး အဆင့်အတန်းရှိတဲ့ အလုပ်အကိုင်တစ်ခုကိုပါ ဖန်တီးပေးခဲ့တယ် ဆိုတာပါပဲ။ သူ့ရဲ့ ကဗျာတွေကို တက္ကသိုလ်က နှစ်သက်သဘောကျတဲ့အတွက် သူဟာ တက္ကသိုလ်ဆရာမတစ်ဦး အဖြစ် အလုပ်ရခဲ့ပါတယ်။ သူ့ရဲ့ ကိုယ်ရေးရာဇဝင် အကျဉ်းချုပ်၊ သူ့ကို မေးမြန်းခဲ့တဲ့ အင်တာဗျူးနဲ့ သူ့ရဲ့ ထင်ရှားတဲ့ ကဗျာနှစ်ပုဒ်ကို မိတ်ဆက် တင်ပြလိုက်ပါတယ်။ အင်တာဗျူးကတော့ အိုင်အိုဝါတက္ကသိုလ် International Writing Program(IWP) မှာ ဆုံတွေ့ခဲ့တဲ့အခိုက် ဘော့စဝါနာက အာဖရိကန်ကဗျာဆရာမ တီဂျေဒီးမားနဲ့ ပန်ဒိုရာတို့က မေးမြန်းခဲ့တာဖြစ်ပါတယ်။

ဂျင်းန် ဟာ စာအုပ် ၄ အုပ် ရေးသားထုတ်ဝေခဲ့ပြီး ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်မှာ ဖိလစ်ပိုင်နိုင်ငံရဲ့ အမျိုးသား စာအုပ်ဆု (National Book Award) ကို ချီးမြှင့်ခံခဲ့ရပါတယ်။ သူ့ရဲ့ ဝတ္ထုတိုတွေနဲ့ ကဗျာတွေဟာ မဂ္ဂဇင်းတွေမှာ၊ စုစည်းမှုတွေမှာ ဖော်ပြခံရပါတယ်။ ဂျင်းန် ဟာ ဖိလစ်ပိုင်ရဲ့ ဘာသာစကားတွေဖြစ်တဲ့ ကီနာရေ-အ၊ ဟီလီဂေနွန်နဲ့ ဖလစ်ပီနို ဘာသာတွေကို ဘာသာပြန်ဆိုပါတယ်။ Balay Sugidanun (Storytelling House) ရဲ့ တည်ထောင်သူဒါရိုက်တာတစ်ဦးလည်း ဖြစ်ပါတယ်။ De La Salle University-Manila ရဲ့ စာပေနဲ့တီထွင်ဖန်တီးစာရေးသားခြင်း ဌာနမှာ လက်ထောက်ပါမောက္ခတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။

မေး။    ။ဆရာမက စာရေးဆရာလည်းဖြစ်တယ် တက္ကသိုလ်ဆရာမ တစ်ယောက်လည်း ဖြစ်တယ် ဆိုတော့ ဘယ်အသက်မွေးဝမ်းကျောင်းကို အရင် စလုပ်ဖြစ်တာပါပဲ။ ဘယ်လိုများ လုပ်ခဲ့ပါသလဲ။
ဖြေ။     ။ကျွန်မ တက္ကသိုလ်ဆရာမ ဖြစ်လာရတာက စာရေးဆရာတစ်ယောက်မို့လို့ပါ။ ကျွန်မ ဆက်ပြီး စာရေးဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တက္ကသိုလ်အတွက်ရော တက္ကသိုလ်ထဲမှာပါ လူထုနဲ့ ဆက်သွယ်မှုတွေ သုတေသနတွေ လုပ်ရလို့ပါ။ အလုပ်ရဖို့၊ အလုပ်သက်တမ်းတိုးဖို့၊ ရာထူးတက်ဖို့နဲ့ အမြဲခန့်ရာထူးကို ရဖို့ စာရေးသားထုတ်ဝေဖို့ လိုပါတယ်။ ဒါကြောင့် တချို့ အခြေအနေတွေက လွဲလို့ ကျွန်မဟာ ကိုယ်လုပ်ချင်တဲ့ အလုပ်ကို လုပ်နေရတယ်လို့ ခံစားရပါတယ်။ ကျောင်းအလုပ်တွေနဲ့ ပင်ပန်းနေတဲ့အခါမှာတော့ စာရေးဖို့ လိုအပ်တဲ့ အာရုံစူးစိုက်မှုအတွက် အချိန်ပေးရတာ အားမွေးရတာ သိပ်ကို ခက်ခဲပါတယ်။

မေး။    ။ဘာကြောင့် ဘယ်သူ့အတွက် ဆရာမ စာရေးပါသလဲ။
ဖြေ။     ။ ကျွန်မ စာတွေကို အတိတ်မှတ်တမ်းနဲ့ အနာဂတ်အမြင်အဖြစ် ရေးပါတယ်။ ဒါကြောင့်မို့ စာရေးခြင်းဆိုတာ ကျွန်မအတွက် အဓိပ္ပာယ်ရှိပြီး ထင်ရှားတဲ့ အတိတ်က ဇာတ်လမ်းတွေကို မှတ်မိခြင်းနဲ့ အဓိပ္ပာယ်ဖော်ခြင်း လုပ်ရပ်တစ်ခုဖြစ်ပါတယ်။ ဥပမာ ငယ်ဘဝ၊ ဒေသရဲ့သမိုင်းတွေ၊ နေရာတွေ လိုမျိုးပေါ့။ ဒီတော့ ဒါတွေဟာ အဆက်မပြတ်ဖြစ်လာပြီး ကျွန်မတို့ဟာ အတွေးတွေ အပြုအမူတွေရဲ့ ပုံစံကို ခြေရာခံနိုင်မယ်။ ခေတ်ပြိုင် စာဖတ်သူတွေကလည်း အဲဒီလို သတိရခြင်းတွေမှာ ပါဝင်လာနိုင်မယ် ဒါမှမဟုတ် တူညီတဲ့ ဘာသာစကားနဲ့ အမှတ်တရတွေကတဆင့် လူ့အဖွဲ့အစည်းတွေဟာ ရှေ့ဆက်လာမယ်လို့ မျှော်လင့်ပါတယ်။  အနာဂတ်အမြင်လို့ ပြောရခြင်းကတော့...................


ဘာသာပြန်ကဗျာ ၂ ပုဒ်အပါအဝင် အပြည့်အစုံကို ရသကမ်းခြေ လပွတ္တာ အွန်လိုင်းမဂ္ဂဇင်းမှာ ဆက်ဖတ်ပါ။


http://www.lptmagazine.net/2013/07/blog-post_28.html

Credit - ပန်ဒိုရာ

သင့်အကောင့်လုံခြုံရေးအတွက် သင်ဒါတွေသိဖို့လိုတယ်

  Security အပိုင်းတွေ တိုးတက်မြင့်မားလာတာနဲ့အမျှ Hacking နည်းပညာတွေလည်း တိုးတက်မြင့်မားလာမှာပါဘဲ။အဲ့လိုဘဲ Hacking နည်းပညာတွေတိုးတက်လာတာနဲ့အမျှ Security အပိုင်းတွေလည်း သူ့နဲ့အပြိုင် တိုးတက်လာကြမှာပါဘဲ။အဲ့တော့ မည်သည့်အကောင့်ဘဲဖြစ်ဖြစ် ဘယ်လိုမှ ဟတ်ယူလို့မရဘူးဆိုတာမရှိသလို မည်သည့်အကောင့်ကိုမှလည်း လွယ်လွယ်ကူကူနဲ့ ဟတ်ယူလို့၇တယ်ဆိုတာ မရှိပါဘူး။ဆိုလိုတာက အကောင့်တစ်ခုရဲ့ လုံခြုံမှုရာခိုင်နှုန်းဟာ အသုံးပြုသူပေါ်မှာဘဲ မူတည်ပါတယ်။ဟတ်ကာတစ်ယောက်ဟာ အကောင့်တစ်ခုကိုဟတ်တော့မယ်ဆိုရင် အဲ့ဒီအကောင့်ကို ဟတ်လို့ရမယ့် နည်းလမ်းတွေအကုန်လုံးကိုသုံးမှာပါဘဲ။အသုံးပြုသူအကောင့်ပိုင်ရှင်ရဲ့ Security မြင့်မားမှုပေါ်မူတည်ပြီး ဟတ်ကာတစ်ယောက်ရဲ့ထိုးဖေါက်မှုတွေဟာလည်း ပိုမိုပြင်းထန်လာမှာပါဘဲ။



Social Engineering

ဒါကတော့ လူမှုကွန်ယက် မှာရော ဟတ်ကင်းလောကမှာပါ နာမည်ကြီးတဲ့ နည်းလမ်းလေးပါ။မိမိ Target ထားထားတဲ့သူကို အယုံသွင်းပြီး မိမိဆင်ထားတဲ့ကျော့ကွင်းထဲဝင်ရောက်လာအောင် လှည့်စားတဲ့နည်းလမ်းတစ်ခုပေါ့။ဥပမာပြောရရင် မြန်မာဇာတ်ကားတွေထဲမှာ ခဏခဏ ပါပါတယ်။လူကြမ်း ဦးအောင်ခိုင် က သူတပည့်တွေကို အရမ်းစိတ်ပူပမ်နေတဲ့ မင်းသား ရဲ့ နောက်လိုက်တွေနဲ့ ပုံစံတူ Phishing တစ်ခုကို ဖန်တီးပြီး မင်းသမီးဆီကို သွားခိုင်းခဲ့ပါတယ်။မင်းသမီးယုံကြည်လာအောင် မင်းသားကားမှောက်လို့ ဆေးရုံေ၇ာက်နေတဲ့အကြောင်း နဲ့ ဒါဏ်ရာအရမ်းများလို့ အခုချက်ချင်း လိုက်ခဲ့ဖို့ လှည့်စားခေါ်ဆောင်ပါတယ်။ဒါကိုမသိတဲ့ မင်းသမီးက သူ့ချစ်သူ တကယ် ဆေးရုံရောက်နေတယ်ထင်ပြီး လိုက်သွားတဲ့အခါ လူကြမ်းတွေဆင်ထားတဲ့ ကျော့ကွင်း ( အမြဲတန်းရိုက်ဖြစ်တဲ့ မှော်ဘီက ဆန်ဂိုဒေါင်အပျက်ကြီး ) ထဲရောက်သွားခဲ့ရတော့တာပါဘဲ။ဒါဟာ Phishing ကိုသုံးပြီး တိုက်ခိုက်တဲ့  Social Engineering တစ်ခုပါ။ဟိုတစ်ခေါက်က ကျွန်တော်ပြောပြခဲ့ဖူးပါတယ်။Phishing ဆိုတာ Web Page တစ်ခုပြုလုပ်ပြီး ကိုယ်ဟတ်မယ့်သူဆီကို ပို့ပေးရတာမျိုးပါ။အဲ့ဒီမှာ မိမိ ရဲ့ Target က မိမိပြုလုပ်ထားတဲ့ Fake Web Pag မှာ Login ဝင်လာအောင် လှည့်စားစွဲဆောင်ရပါတယ်ဆိုတာ ... ။Facebook Hacking Using Phishing ဆိုတဲ့ ပို့စ်လေးကို သွားပြန်ဖတ်ကြည့်လိုက်ရင် Phishing ဆိုတာကို ပိုပြီးသဘောပေါက်သွားပါလိမ့်မယ်။အကောင့်တွေကို ဟတ်တာ အဲ့ဒီ Phishing နည်းပညာတစ်ခုထဲလားဆိုတော့လည်း မဟုတ်သေးပါဘူး။နည်းလမ်းတွေက အများကြီးရှိပါတယ်။ကျွန်တော်က ဟတ်ကာတစ်ယောက်မဟုတ်တော့ ဟတ်ကာတွေဟာ ဘယ်လိုနည်းတွေသုံးပြီး ဟတ်တယ်ဆိုတာ ကျွန်တော် အကုန်လုံးမပြောပြနိုင်တာတော့ နားလည်ပေးစေချင်ပါတယ်။ဒါပေမယ့် အများစုကတော့ Keylogger လိုမျိုး Spye Software တွေသုံးပြီးလည်း ဟတ်ကြပါသေးတယ်။


Keylogger ဆိုတာ ဘာလဲ ?


Keylogger ဆိုတာ ကွန်ပျူတာတစ်လုံးမှာ မိမိလုပ်ဆောင်ခဲ့တဲ့ မိမိရဲ့ လုပ်ဆောင်ချက်တိုင်းကို မှတ်သားထားပေးပြီး စက္ကန့်မလပ် ကြိုးကိုင်သူပိုင်ရှင်ဆီကို အချက်အလက်တွေ ပို့ပေးတဲ့ အရာပါ။သူမှာ Software Keylogger နဲ့ hardware keylogger ဆိုပြီး နှစ်မျိုးရှိပါတယ်။hardware keylogger ကို ကွန်ပျူတာရဲ့ motherboard နဲ့ keyboard ကြိုးနဲ့ဆက်သွယ်ထားတဲ့ နှစ်ခုကြားမှာ လွယ်ကူစွာရှာဖွေနိုင်ပေမယ့် Software Keylogger ကိုတော့ ရှာဖွေဖို့မလွယ်ကူပါဘူး။

Hardware Keylogger  



Hardware Keylogger ကို ပုံမှာတွေ့ရတဲ့အတိုင်း တပ်ဆင်အသုံးပြုကြပါတယ်။သူဟာ မိမိတို့ Keyboard မှာ ရိုက်လိုက်တဲ့ စာလုံးတွေအားလုံးကို Monitor ပေါ်မရောက်ခင်ကာလအတွင်း ကြားကဖြတ်ယူ မှတ်သားတဲ့အလုပ်ကို လုပ်ဆောင်တဲ့အတွက် မိမိတို့ ရိုက်လိုက်သမျှ  User name , Password , Bank Account , Ph Number , ID Number အစရှိတဲ့ အရေးကြီးတဲ့ အချက်အလက်တွေအားလုံးဟာ သူရဲ့ memory ထဲကို ရောက်ရှိသွားပါတယ်။

သူ့ကိုဘယ်လိုကာကွယ်ရမလဲ ?

Hardware Keylogger ဟာ မျက်စိနဲ့မြင်ရတဲ့အရာဖြစ်တဲ့အတွက် ရှာဖွေရတာ အရမ်းလွယ်ကူပါတယ်။အင်တာနက်ဆိုင်မှာအသုံးပြုတဲ့သူတွေအတွက်တော့ မိမိအသုံးပြုမယ့်စက်ကို မိမိအသုံးမပြုခင် Keylogger ရှိ မရှိ ( ဆိုင်ရှင်မသိအောင် ) တိုးတိုးတိတ်တိတ် စစ်ဆေးပြီးမှ အသုံးပြုသင့်ပါတယ်။Hardware Keylogger ဟာ Keyboard ပေါ်မှာ ရိုက်လိုက်တဲ့ စာလုံးမှန်သမျှကို မှတ်သားထားနိုင်တယ်ဆိုပေမယ့် မိမိတို့ ကွန်ပျူတာမှာပါတဲ့  Program တစ်ခုဖြစ်တဲ့ Screen Keyboard မှာ ထောက်ပြီး ရေးတဲ့စကားလုံးတွေကိုတော့ မှတ်သားနိုင်စွမ်းမရှိပါဘူး။Screen Keyboard ကိုအသုံးပြုချင်တယ်ဆိုရင် 
Start Menu \ All Program \ Accessories \ Accessibility \ On Screen-keyboard
ဆိုပြီး တဆင့်ချင်းသွားပါ။

Softward Keylogger




Softward keylogger ကတော့ ကျွန်တော်တို့Gtalk တွေ ဘာတွေ ဒေါင်းသလိုဘဲ ကွန်ပျူတာထဲကို ဒေါင်းလုစွဲပြီး ထည့်သုံးရတဲ့အရာပါ။သူကကျတော့ စောစောက လိုမျိုး ကီးဘုတ်ပေါ်မှာရိုက်တဲ့စာတွေကိုဘဲ မှတ်သားပေးတာမဟုတ်တော့ဘဲ အင်တာနက်ပေါ်မှာ မိမိသွားသမျှ လမ်းကြောင်းတွေအကုန်လုံးကိုပါ မှတ်သားနိုင်စွမ်းရှိပါတယ်။တချို့ဆိုရင် Screen Shot ရိုက်ပြီးတော့ပါ မှတ်သားပေးနိုင်တဲ့အထိ အဆင့်မြင့်ပါတယ်။သူက Spy Software တစ်ခုဖြစ်တဲ့အတွက် ရှာဖွေယူဖို့မလွယ်ကူပါဘူး။သူဟာ သူရှိနေတာကို သူမဟုတ်သလို နေတက်ပါတယ်။ဥပမာ ... ဟတ်ကာ က သူ့ Keylogger Software ကို ကွန်ပျူတာမှာ ရှိလေ့ရှိတဲ့ ရိုးရိုးသာမန် Program တစ်ခုရဲ့ နာမည်ကို သုံးပြီး ထည့်ထားမယ်ဆိုရင် ကျွန်တော့တို့ Task manager ခေါ်ပြီးကြည့်ရင်တောင် သူ့ကို Keylogger အနေနဲ့
တွေမင်ရမှာမဟုတ်ပါဘူး။

သူ့ကိုဘယ်လိုကာကွယ်မလဲ ?

Ctrl + Alt + Delete key သုံးခုကို တွဲနှိပ်ပြီး Task manager ခေါ်ပါ။ပြီးရင် အပေါ်က Tab တွေထဲက Process ID ဆိုတဲ့ Tab ကို သွားပါ။အဲ့မှာ အခုလက်ရှိ Run နေတဲ့ Program တွေကို တွေ့ရပါလိမ့်မယ်။
ကိုယ်မသင်္ကာတဲ့ Program တွေကို ကလစ်ပေးပြီး End process လုပ်ပေးပါ။Update ဖြစ်တဲ့ Antivirus ကောင်းကောင်းတစ်ခုနဲ့ Scan ဖတ်ပေးပါ။(အင်တာနက်ဆိုင်မှာ အဲ့လိုလုပ်ဖို့က နည်းနည်းတော့ခက်မယ်ထင်တယ်)

Add-on Keylogger

သူကတော့ မိမိတို့ကို Anti keylogger ပါ ... Anti Phishing ပါ ... Add-on လုပ်ထားပါ လို့ ကြေညာပြီး မိမိ ကို ဒေါင်းလု လုပ်ခိုင်းပါတယ်။မိမိက ယုံကြည်ပြီး လုပ်လိုက်ရင်တော့ မိမိအကောင့်ရဲ့ User name နဲ့ Password တွေဟာ ဟတ်ကာ ဆီကို ရောက်သွားမှာဖြစ်ပါတယ်။ဒါဆို သူလည်း Social Engineering ဘဲပေါ့။အမှန်ပါဘဲ။မိမိတို့ ရဲ့ ကာကွယ်လိုစိတ်ကို အခွင့်အရေးယူပြီး မိမိတို့ကို လှည့်စားပြီး
သူတို့ရဲ့ကျော့ကွင်းထောင်ခြောက်ထဲကို မရောက်ရောက်အောင် စွဲဆောင်တာပါ။အပေါ်မှာ ကျွန်တော် ပြောခဲ့သလိုပေါ့။ဟတ်ကာတစ်ယောက်က အကောင့်တစ်ခုကိုဟတ်တော့မယ်ဆို အဲ့ဒီအကောင့်ကိုဟတ်လို့ရမယ့် နည်းလမ်းအားလုံးကို အသုံးပြုကြမှာပါဘဲဆိုတာ ... မှတ်မိကြဦးမယ်ထင်ပါတယ်။တစ်ခုရှိတာက သူက Add-on ဖြစ်တဲ့အတွက် မိမိတို့ Add-on လုပ်ထားတဲ့ Browser မှာ မိမိတို့လုပ်ဆောင်တဲ့အချက်အလက်ကိုဘဲ မှတ်သားပါတယ်။သူမှတ်သားတာကတော့ များသောအားဖြင့် User name နဲ့ Password ဘဲပေါ့ဗျာ။

သူ့ကိုဘယ်လိုကာကွယ်မလဲ ?

အင်တာနက်ဆိုင်မှာ မိမိတို့အသုံးပြုတော့မယ်ဆိုရင် တွေကိုလည်း သေချာစစ်ပေးဖို့ လိုအပ်ပါတယ်။
Mozilla Fire Fox မှာ စစ်ချင်တယ်ဆိုရင်တော့ Setting \ Tool \ Add-on \ Extensions
Google Chrome စစ်ချင်တယ်ဆိုရင်တော့ Settings ကိုဝင်ပြီး Extensions မှာ စစ်ကြည့်နိုင်ပါတယ်။

Fake Google Talk



သူကတော့ အသုံးပြုသူတို့ကို မျက်စိမှားပြီးဝင်ရောက်လာအောင် Computer Dasktop ပေါ်မှာ Gtalk အစစ်ပုံစံမျိုးနဲ့ တင်ထားတက်ပါတယ်။အဲ့လို Fake Gtalk မျိုးမှာ Login ဝင်မိတယ်ဆိုရင် 


ဟော့သလိုလေး ပေါ်လာပြီး မိမိတို့ရဲ့ User နဲ့ Password ဟာ

  ဟော့သလိုလေး ဟတ်ကာ ဆီကို ရောက်သွားမှာဖြစ်ပါတယ်။သူကလည်း Phishing လိုသဘောမျိုးပါဘဲ။

Gtalk အတု အစစ် ဘယ်လိုခွဲခြားသိနိုင်မလဲ ?

သူကတော့ အရှင်းဆုံးနဲ့ အလွယ်ဆုံးပါဘဲ။နည်းလမ်းသိသွားရင်တော့ လွယ်ကူသွားတာပါဘဲ။အတု အစစ်ခွဲခြားဖို့အတွက် ၎င်း Gtalk icon ပေါ်မှာ Right Click ထောက်ပြီး Properties ကိုသွားလိုက်ပါ။Application မှာ ကြည့်ကြည့်ရင် အတုမှာ ဘာ Application မှမရှိဘဲ အစစ်မှာတော့ Application လေးတွေရှိနေတာကို တွေ့ရပါလိမ့်မယ်။Phishing Fake Login page မှာဆိုရင်လည်း Address Bar မှာရှိတဲ့ လင့်ကိုကြည့်ပြီး ခွဲခြားနိုင်ပါတယ်။Fake Web Page ဆိုရင် မိမိတို့ ပုံမှန်ဝင်နေကြ Link မဟုတ်ဘဲ ... အခြားလင့်တစ်ခုဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။ဒါဆိုရင် Phishing ပေါ့ဗျာ။

သတိပြုစရာအချက်များ

မိမိတို့ အင်တာနက်ဆိုင်မှာအသုံးပြုတဲ့အခါ Login ဝင်တဲ့ User name နဲ့ Password ဆိုတဲ့နေရာလေးအာက်က Remember Password မှာ အမှန်မခြစ်မိဖို့အရေးကြီးပါတယ်။
User name တွ Password တွေ နဲ့ အခြား အရေးကြီးတာတွေ ရိုက်ချင်တဲ့အခါ တိုက်ရိုက်မရိုက်ဘဲ Windows မှာ အသင့်ပါပြီးသား Program အသေးလေးတစ်ခုဖြစ်တဲ့ Notepad မှာ အရင်ရိုက်ပြီးမှ Copy ကူးယူပါ။ပြီးမှ မိမိတို့ အသုံးပြုမယ့်နေရာမှာ Paste ချပြီး Mouse ကိုသုံးပြီး Login လုပ်ပါ။User နဲ့ Password တွေ ရိုက်တဲ့နေရာမှာလည်း ဟတ်ကာတွေမျက်စိလည်အောင် အခြားအပိုစာလုံးတွေပါ ရိုက်ထည့်ပြီးမှ ပြန်ဖျက်ယူပါ။ဒါဆိုရင် ဟတ်ကာဟာ Password ရယ်လို့ အတိအကျမသိနိုင်တော့ပါဘူး။
Password ပေးတဲ့နေရာမှာ ရိုးရှင်းတဲ့စာလုံးတွေကိုမသုံးဘဲ !@#$%^&* စာတာတွေ ကြားညှပ်ထည့်ပေးပါ။ဘာလို့ အဲ့လိုစာလုံးတွေထည့်ခိုင်းရလဲဆိုတော့ Facebook Hacker လို Software မျိုးနဲ့ ဟတ်တဲ့အခါမှာ အဲ့လိုစကားလုံးတွေက Software အတွက် ရှာဖွေရခက်ခဲနေတက်ပါတယ်။အခုဆို Facebook လည်း တစ်နေ့ထပ်တစ်နေ့ Security တွေ မြင့်သည်ထပ် မြင့်လာပါပြီ။Facebook မှာဆို Password ကိုမြန်မာလိုတွေပါ ထည့်ပေးနိုင်ပါတယ်။Keylogger တွေအများစုဟာ ကီးဘုတ်က စာလုံးတွေအကုန်လုံးကိုမှတ်သားနိုင်တယ်ဆိုပေမယ့် မြန်မာဖေါင့်ကိုတော့ သူတို့ နားမလည်ကြတဲ့အတွက် မမှတ်သားနိုင်ပါဘူး။

Blogger ဘ၀ နှင့် စေတနာ

Blogger ဘ၀ နှင့် စေတနာ


ကျွန်တော်ဒီနေ့တော့ ဘလော်ဂါများရဲ့ ကိုယ်စား နည်းနည်းလောက်ပြောချင်ပါတယ်
ကျွန်တော်တို့ မြန်မာနိုင်ငံက အခြားနိုင်ငံတွေထက် အစစအရာရာ နောက်ကျခဲ့တဲ့အလျောက်
နည်းပညာ ပိုင်းမှာလည်း အရမ်းကို နှောင့်နှေးပါတယ် လက်ရှိအချိန်ထိပေါ့
အဲဒီလို နည်းပညာပိုင်းအားနည်းမှုတွေကြောင့် တကယ်တော်သူတွေ
တကယ်ထက်မြက်သူတွေက မြန်မာနိုင်ငံမှာ အလုပ်မလုပ်ကြပါဘူး
သူတို့ ပညာနဲ့ တန်မယ့် လခကို ယူဖို့အတွက် အခြားသောတိုင်းပြည်ကို
ထွက်သွားကြပါတယ် ဒါပေမယ့် မြန်မာလူမျိုးတွေကိုတော့ သူတို့ တိုးတက်စေချင်ကြပါတယ်
ဒါကြောင့် သူတို့ သိတာလေးတွေကို မသိတဲ့သူတွေအတွက် ဝေမျှဖို့
blog တွေလုပ် website တွေ ရေး Facebook မှာ Group တွေဖွဲ့ပြီးတော့
လုပ်ပေးကြပါတယ်။ ဒါက သူတို့ရဲ့ အချိန်တွေတစ်စွန်းတစကို အခြားသူတွေအတွက်
ပေးဆပ်နေတာပါ မြန်မာပြည်ကနေဘလော့ရေးနေသူတွေလည်း အများကြီးပါ
လိုင်းကောင်းလို့ ဘလော့ရေးသူတွေရှိသလို လိုင်းမကောင်းပေမယ့် 
မရရအောင် ဖုန်းဘေတွေအကုန်ခံပြီး အချိန်တွေ အကြာကြီးပေးဆပ်နေသူတွေလည်း
ကျွန်တော်အပါအ၀င်အများကြီးပါ နိုင်ငံခြားက ဘလော့တင်သူတွေက အင်တာနက်လိုင်းကောင်း
တော့အဆင်ပြေကြတယ်  ငွေကြေးလည်း သိပ်မကုန်ကျပါဘူး။။
ကျွန်တော်တို့ကျတော့ ကောင်းတစ်ခါ မကောင်းတစ်လှည့်နဲ့
ရေးနေကြတာပါ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်သိတာလေးတွေကို အများကို မျှဝေစေချင်တဲ့
ဆန္ဒတွေနဲ့သာ လျှောက်လှမ်းနေကြတာပါ အဲဒီအတွက် ကျွန်တော်တို့မှာ
အချိန်တွေ ငွေကြေးတွေ အများကြီးရင်းနှီးထားရပါတယ်။ ကိုယ်ပိုင်အချိန်အချို့ကိုတောင်
လျစ်လျူရှုထားရပါတယ် .. ဒါက စေတနာတွေပေါ့
ဒါဆို ကျွန်တော်တို့ရော ဘာပြန်ရသလဲ ငွေမရပါဘူးဗျာ ဘလော်ဂါတိုင်းကိုမေးကြည့်ပါ
အခုအချိန်ထိ ဘလော့ကနေ ငွေဘယ်လောက်ရပြီးပြီလဲလို့
ငွေရဖို့ဒီအလုပ်တွေလုပ်နေတာမဟုတ်ပါဘူး ဒါပေမယ့် website ပေါ်မှာ
ကြော်ငြာတင်တာလေးတွေခေတ်စားတော့ မိမိဆိုဒ်လေးတွေ ဘလော့လေးတွေကို
အထိုက်အလျှောက်ကြော်ငြာလေးတွေ သွင်းထားခဲ့ကြတယ်
ငါတို့အတွက်တင်ပေးနေလို့ donate လေး လစဉ်လုပ်မယ်လို့လည်း
ပြောမယ့်သူတွေမရှိပါဘူး မရလို့ပြောတာမဟုတ်ပါဘူး ကျွန်တော်တို့မှာ
ဘာမှမရဘူးလို့ပြောချင်တာပါ ။။ ဘာမှမရရင်နေပါ ကျွန်တော်တို့တင်ပေးတာလေး
တွေ ထဲက မိမိအတွက် တစ်ခုခုလောက် အသုံးဝင်မယ် တစ်ခုခုလောက်ပိုသိသွားရင်ပဲ
ကျွန်တော်တို့ကျေနပ်လှပါပြီ။ နောက်ပြီး ရင်းနှီးမှုတွေ ပိုရလာတယ်။
အွန်လိုင်းပေါ်မှာ မိတ်ဆွေတွေ ပေါများလာတယ် ။ ဒါတွေက
ကျွန်တော်တို့အတွက် အမြတ်တွေပါ ငွေရတာမရတာ အသာထား
ဒီလိုမျိုး ခင်မင်ရင်းနှီးမှုရတာတွေက တကယ့်ကို ပျော်ရွှင်စေတာပါ
မိမိဘလော့လေး လူဝင်များနေရင် ကြိတ်ပီး ပီတိဖြာနေသူပါ။။
ကော်ပီပို့စ်တင်တယ်လို့ အချို့သူတွေက ဘလော်ဂါတွေကို
ပြောကြပါတယ် ဟုတ်ပါတယ် အားလုံးက copy တွေပါ
ဘယ်သူက စဦး တီထွင်ခဲ့လို့လဲ ကိုယ့်ဆိုဒ်မှာတင်ထားတာတွေက
ကျွန်တော်တို့ကိုယ်တိုင် တီထွင်ခဲ့တဲ့ ဆော့ဝဲတွေလား
နည်းပညာတွေလား မဟုတ်ပါဘူး ဒီလိုပဲ တစ်ဆင့်ခြင်း လက်ဆင့်ကမ်း
ယူလာခဲ့ကြတာပါ ဘယ်လိုပဲဖြစ်ဖြစ် ကော်ပီတင်သူလည်း
သူ့မှာအချိန်တွေတော့ ပေးဆပ်ရတာပါပဲ ။။ ဒါလေးတော့ သိစေချင်ပါတယ်ဗျာ။
ကျွန်တော် အဓိကပြောချင်တာကတော့ အွန်လိုင်းမှာ ဘလော့ရေးနေတာ
အားယားနေလို့မဟုတ်ကြပါဘူး ကိုယ်ပိုင်အလုပ်တွေရှိကြပါတယ်။
အဲဒီလူတွေရဲ့ စေတနာကို ကျေးဇူးမတင်ရင်နေပါ မစော်ကားကြပါနဲ့
မြန်မာစကားပုံလိုပေါ့ " ကျေးဇူးမတင်ဖင်လှန်ပြ" ဆိုသလိုတော့
မလုပ်ကြပါနဲ့ အဲဒီပြဿနာတိုင်းက ဘလော်ဂါတွေခံစားရပါတယ်
အချို့သူများဆိုလျှင် အဲဒီအရာတွေကို စိတ်နာပြီး ဘလော့တောင် မရေးကြတော့ပါဘူး။
အားလုံးရဲ့ ကိုယ်စားကျွန်တော် မေတ္တာရပ်ခံချင်ပါတယ်။
မိမိအတွက် တစ်စုံတစ်ခုမှမရရင်နေပါ မဆဲပါနဲ့ရိုင်းဆိုင်းတဲ့
စကားမျိုးတွေ မပြောကြပါနဲ့ တစ်ခါ ကျွန်တော့် page လေးမှာ
windows 8 မှာ screen shot အလွယ်ရိုက်နည်းလေးတင်ပေးဖူးပါတယ်
အောက်မှာ လူတစ်ယောက် ကော်မန့်တက်လာတယ်
"အခုမှ လာဟောင်နေတယ် ဒီကဖြင့်ရိုက်လွန်းလို့ ကီးဘုတ်ခလုတ်တွေတောင်ပျက်နေပီ"
တဲ့ သူ့စကားက မဆဲပေမယ့် စော်ကားသလိုဖြစ်နေပါတယ် 
ကျွန်တော်သူတစ်ယောက်တည်းအတွက် တင်ပေးနေတာမဟုတ်ပါဘူး
မသိသူတွေ အများကြီးရှိကြပါတယ် မိမိက သိနေတယ်ဆိုရင်
အဲဒီရေးသားသူတွေရဲ့ ဘလော့တွေ page တွေကို ၀င်မကြည့်ပါနဲ့
ကိုယ်နဲ့မှ မဆိုင်တာ ကိုယ့်လောက်မသိသူတွေ ရေးနေတဲကဘလော့ကို
ကိုဝင်ကြည့်စရာမလိုဘူးလေ အဲလိုပဲနေပေးပါ ၀င်ကြည့်ပြီး
အပစ်ကြီးပဲ ဆိုမယ်ဆိုရင် လူတိုင်းမှာ အပြစ်တွေတစ်ပုံကြီးပါ
အဲဒီအပြစ်တွေပြောသူတွေကရော တကယ်အပြစ်ကင်းကြတယ်ပေါ့
ဘယ်လိုပဲဖြစ်ဖြစ် မိမိက သူများလိုမလုပ်နိုင်ရင်နေပါ
လုပ်ပေးနိုင်သူတွေကို မစော်ကားပါနဲ့လို့ အွန်လိုင်းမှာ
မျှဝေနေသူတွေ အားလုံးရဲ့ ကိုယ်စားကျွန်တော် ကပဲ
တောင်းပန်ပါရစေခင်ဗျာ။။

250 GB Hard Disk တွင် 233 GB အောက်သာ ပါရခြင်းအကြောင်း

250 GB Hard Disk တွင် 233 GB အောက်သာ ပါရခြင်းအကြောင်း

ဝယ်လိုက်တော့ Hard Disk က 250 GB ။ Properties မှာ ဝင်စစ်ကြည့်တော့ 233 GB ထက်နည်းနေတာမျိုး ကြုံဖူးမယ်ထင်ပါတယ်။ 4GB Memory Stick လည်း ပြန်စစ်ကြည့်ရင် 4GB အပြည့်မရှိပါဘူး။ အဲဒါဘာကြောင့်ဘာလဲ။ 

ဟုတ်ကဲ့။ အဓိက ပြဿနာက အဖွဲ့နှစ်ဖွဲ့ကွဲနေတာဗျ။ ISO အဖွဲ့အစည်းက 1KB ကို 1000 Bytes လို့ လက်ခံတယ်။ Hardware ထုတ်တဲ့ Microsoft ကျတော့ 1024 Bytes လို့ ယူတယ်။ ဟုတ်။ 1KB ကို ISO က ၁၀ ကို ၃ ထပ်တင်ပေမယ့် အမေရိကန် Microsoft ကတော့ ကွန်ပြူတာ နည်းပညာ အရ ၂ ကို ၁၀ ထပ်တင်ပါတယ်။
တန်ဖိုးချင်းက သိပ်မကွာဘူးလေ။ ၂၄ ပဲကွာသွားပါတယ်။ သူ့မှာ ယူတဲ့အချိန် အဆ တစ်ခု ရှိပါတယ်။ Microsoft ကတော့ Base 2 လို့ခေါ်တဲ့ Binary သင်္ချာနဲ့ တွက်ယူခြင်း ဖြစ်ပါတယ်။ ISO မှာ K ကို Kilo လို့ ခေါ်ပေမယ့် Microsoft က Kibi လို့ခေါ်တယ်။ ၁၀ အခြေခံနဲ့၊ ၂ အခြေခံ ကွဲသွားတာ ပေါ့။
ဘယ်ဟာ အမှန်လဲ
ဟုတ်ကဲ့ နှစ်ခုလုံး မှန်ပါတယ်။ ကျနော်တို့ Microsoft ပစ္စည်းတွေ သုံးနေသရွှေ့  4GB ဝယ်ရင် 4GB အပြည့်မြင်ချင်မှ မြင်ရမှာပါ။ 500 GB ဆိုရင် လည်း မပြည့်ပါဘူး။ ဥပမာ ၁၀ ကို ၂၄ ထပ်တင်ရင် Binary Usage မှာကျ ၂ ကို အထပ် ၈၀ တင်ပါတယ်။
ဒီတော့ Apple ပစ္စည်းသုံးတဲ့အခါ စစ်ကြည့်ရင်  65,536 byte file ကို အနီးစပ်ဆုံး အနေနဲ့ 66 KB လို့ယူပေးပေမယ့် Microsoft Windows မှာကျ ထထပ်တောင် လျော့ပြီး ဖော်ပြပါအုံးမယ်။ Networking content မှာလည်း Mac တွေမှာလို Kilo နဲ့ဖော်ပြမှုများပြီး Microsoft ရဲ့  RAM ဖော်ပြမှု အပိုင်းမှာကျ Kibi (KiB) နဲ့ သွားပါတယ်။
ဒီတော့ ဘယ်လိုပြောရမလဲ။ လကို လ လို့လည်းခေါ်သလို စန္ဒာလို့ ခေါ်သလို မျိုးပဲပေါ့။ ကဗျာဆန်သွားပြီထင်တယ်။ ၁၂ လက်မကို တစ်ပေ နဲ့တွက်သလို မျိုးဆို ပိုရှင်းမယ်ထင်ပါတယ်။ ဒီလောက်ဆိုရင် GB တွေ အနည်းအများကို အကြမ်းဖျင်း သိပြီလို့ မျှော်လင့်ပါတယ်။ 


Credit - Panhtwar Tech

ပန်းသီးရဲ့နံပါတ်

ပန်းသီးနံပါတ်လေးကတော့ ကျွန်တော် စာအုပ်တစ်အုပ်ထဲက ဖတ်ဖူးတာပါခင်ဗျာ အားလုံးကိုလဲ သိစေချင်လို့  တင်ပေးထားတာပါ

ညောင်ရွက်ကိုသုံးပြီး ဖုန်း Battery ကိုအားဖြည့်နည်း


ညောင်ရွက်ကိုသုံးပြီး ဖုန်း Battery ကိုအားဖြည့်နည်း

သိတဲ့လူတွေလဲသိကြမှာပါ..ကျနော်ကတော့အခုမှသိလာလို့ သိသိချင်းဘဲတင်ပေးလိုက်ပါတယ်..အတူတူ
ကလိကြတာပေါ့..ရလဲအမြတ်..မရလဲ ဗဟုသုတပေါ့ဗျာ..ကဲ ဘယ်လိုလုပ်မလဲဆိုတော့ ညောင်ရွက် လတ်လတ်ဆက်ဆက် နှစ်ရွက်ကို ခူးလိုက်ပါ..Phone Battery ရဲ့ ထိပ် ကြေးပြားလေးတွေကိုအ၀တ်နုနု သန့်သန့်နဲ့ ညင်ညင်သာသာပွတ်ပြီး အညစ်အကြေးများကိုရှိရင်ရှင်းလိုက်ပါ..ပြီးတာနဲ့အပေါ်ပုံမယ်ပြထား
တဲ့အတိုင်း ညောင်ရွက် အရင်းကိုင်းလေးနဲ့ မိနစ်အနည်းငယ်လောက်ထိထားပါ..ပြီးတာနဲ့ဖုန်း Battery ကိုပြန်ထည့်ပြီးဖုန်းပါဝါဖွင့်ကြည့်လိုက်ပါ..ဒါဆိုရင် Battery အားဖြည့်နေတာကိုတွေ့ရပါမယ်တဲ့..ကဲစမ်းကြစို့

Myanmar IT Helper ( www.mmithelper.com )


မှတ်ချက် => အလင်းရောင် ကောင်းကောင်းရတဲ့နေရာမှာ လုပ်ပါ။