Search Box

ဝေးကွာခြင်း

ဝေးကွာခြင်း

လွန်ဆန်မရ
အခြေအနေက
ဖန်တီးလာသမျှ
ကိုယ်တို့
ဝေးနေကြပေမယ့်
နှုတ်ခမ်းဖျားကမဟုတ်ဘဲ
ရင်တွင်းစကားတစ်ခွန်းနဲ့
နှလုံးသားတွေကိုတော့
ဘယ်လိုအကြောင်းတရားကမှ
ဘယ်သောအခါမှ
ဝေးကွာသွားအောင်
စွမ်းဆောင်နိုငမှာ
မဟုတ်ဘူးဆိုတာ
ယုံကြည်လိုက်ပါချစ်သူ.....
လွန်ခဲ့တဲ့ ၃ နှစ်လောက် ကဗျာစာအုပ်လေးထဲက ကလောင်အမည်
 မုလေးရုံနဲ့ရေးထားတဲ့ ကဗျာလေးပါ................
                                                   မုလေးရုံ

ကိုယ့်ကိုတောင်သတ်သွားလောက်တယ်

ကိုယ့်ကိုကိုယ် တောင် သတ်သေသွားလောက်တယ်


ကိုယ့်ကိုကိုယ် တောင် သတ်သေသွားလောက်တယ် ...

စားသောက်ဆိုင်တစ်ခုမှာကောင်မလေး ၀ိတ်တာအား

"အော်ညီမလေး ABC ရလား"

"ဟုတ်ကဲ့ရှင် ရပါတယ်"

"အင်းဒါဆိုရင် AကနေZအထိရွတ်ပြ"

" ရှင်"
...
"စတာပါ ကျွဲရိုင်းရောရှိလား"

"ဟုတ်ရှိပါတယ်ရှင့်"

"ဒါဆိုသေချာခြံခတ်ထားစမ်းပါ
ကျွန်တော်ကကြောက်တတ်လို့"

"ရှင်"

"နောက်တာပါ ဟက်ဖရိုက်တစ်လုံးလောက်
ငုံးဥဟက်ဖရိုက်နော်"

"ခင်ဗျားလာနောက်နေတာလား"

"ပျော်တတ်လို့ပါ ခေါက်ဆွဲရှိသေးလား"

"ရှိသေးတယ်"

"အော် ရှိသေးရင်ဆက်ရောင်းလေ"

"ခင်ဗျားလွန်လာပြီနော်"

"စိတ်မဆိုးပါနဲ့ဗျာဟိုဟာလေထမင်းပေါင်း
ဆိုတာထမင်းအထီးနဲ့ထမင်းအမကို
မင်္ဂလာဆောင်ပေးထားတာလားဟင်"

"ခင်ဗျားဘာတွေလာပြောနေတာလဲ"

"မသိလို့မေးတာပါကြေးအိုးရလား"

"ရတယ်"(နည်းနည်းမာလာပြီ)

"ဒါဆိုသေချာဂျီးလေးဘာလေး
ပြောင်အောင်ချွတ်တိုက်ထားလိုက်နော်
ခနနေဒန်အိုးဒန်ခွက်ဝယ်တဲ့ကုလား
လွှတ်လိုက်မယ်"

"ခင်ဗျား နော်"

"ဟီး Coke ရလား"

"ရတယ်"

"အော် ရရင်ပြီးတာပဲ ကုတ်မရရင်
ကျွန်တော်ကုတ်ပေးမလို့"

"ခင်ဗျား လစ်လိုက်တော့ ရဲစခန်း
ဖုန်းဆက်လိုက်မယ် မဟုတ်ရင်"

ကဲကဲဒါဆို တကယ် မှာမယ် နော် ညီမလေး

ဟုတ်ကဲ့မှာပါရှင့်

အင်း....ကိုကြီးမရှိတုန်း ကျန်းမာရေးလဲဂရုစိုက်
အစားအသောက်လဲမှန်မှန်စား..........ဟုတ်ပီ လား

Credit - သတင်းဘုရင်

တိတ်တခိုး


တားမြစ်နယ်မြေ....


Viber အသုံးပြုသူများ သတိပြုစေရန်

Viber အသုံးပြုသူများ သတိပြုစေရန်
******************************
အခု ကိစ္စကို သိပြီးသားသူများလည်း ရှိမှာပါ မသိသေးတဲ့သူတွေအတွက် ကျွန်တော် သတိပေးချင်ပါတယ်။။
Viber အသုံးပြုသူများ အထူးသဖြင့် မိန်းကလေးအများစုကို သတိထားစေချင်ပါတယ်။
ကျွန်တော်တို့ အခု Viber မှာ Group Chat လေးတွေ လုပ်ပြီး အသုံးပြုလာကြပါတယ်။
ဒီအတွက်ကြောင့် ကျွန်တော်တို့မှာ ကောင်းကျိုးတွေရှိသလို ဆိုးကြိုးတွေလည်း ရှိပါတယ်။
ကောင်းကျိုးကတော့ သူငယ်ချင်းအသစ်တွေရရှိလာတယ်၊ ကိုယ့်သူငယ်ချင်းတွေ အများကြီးနဲ့
အချင်းချင်း စကားပြောလို့လည်းရလာပါတယ် စသည်ဖြင့်ပေါ့ဗျာ..။ အခုကျွန်တော်
ကျွန်တော်ပြောချင်တာကတော့ Viber မှာ ကျွန်တော်တို့တွေ ကိုယ့်ပုံကိုယ် တင်ပြီး အသုံးပြုလာ
ကြပါတယ်။ မိန်းကလေးတွေကလည်း ကိုယ့်ပုံကိုယ် တင်ပြီးအသုံးပြုကြတယ်.။ ကျွန်တော်တို့
အရင်က G-talk အသုံးပြုကြသလိုပေါ့။ အဲ့တုန်းကတော့ အကောင့်တွေadd ပြီးတော့ Chat ကြတာပေါ့
ဗျာ....။အခု Viber မှာက ဖုန်းနံပါတ်တွေနဲ့ဆိုတော့ ကိုယ့်ဖုန်းနံပါတ်တွေက ဖောင်းပွလာတာကိုတွေ့ရပါတယ်
အဲ့ဒီမှာမှ ပုံတွေတင်ပြီး အသုံးပြုလာကြတယ် ။
ဒီပုံတွေကို Download လုပ်လို့မရဘူးဆိုပြီး မိန်းကလေးတွေက ပုံတင်ကြပါတယ်။
ဒါပေမယ့် Viber ထဲမှာတော့ တစ်ယောက်နဲ့တစ်ယောက် ပို့တဲ့ပုံတွေကို Gallary မှာက Viber Photo
ဆိုပြီး ၀င်လာပါတယ်..။ ဒါပေမယ့် မိမိတင်ထားတဲ့ Profile Picture ကိုတော့ Gallary မှာ မ၀င်ပါဘူး။
ဒီလို မ၀င်ပေမယ့် မိမိ ရဲ့ SD Card ကို Computer မှာ ထိုးပြီး Viber Folder ကိုဖွင့်ကြည့်လိုက်မယ်ဆိုရင်
User Photo ထဲကို ဖွင့်ကြည့်လိုက်မယ်ဆိုရင် ကိုယ့်ဖုန်း Content ထဲက Viber အသုံးပြုသူများ တင်ထားတဲ့ ပုံတွေအားလုံးကို ကြည့်နိုင်ပါတယ်.။ တကယ်လို့များ မိန်းကလေးတစ်ယောက်ရဲ့ပုံကို
ဖုန်းနံပါတ်သိတဲ့ မသမာသူတစ်ယောက်ရဲ့ လက်ထဲမှာ ရောက်ရှိသွားခဲ့မှာကို ကြောက်ရတာမို့
မိန်းကလေး အများစု သတိထားကြဖို့ သတိပေးလိုက်ပါတယ်ခင်ဗျာ.............
KiKiKo