Search Box

ပြည်​သတင်း၊​ပေါက်​​ခေါင်းသတင်း၊သစ်​ထူးလွင်​သတင်းသုံးမျိုးလုံးကို ​ဆော့ဝဲတစ်​ခုတည်းမှဖက်​မယ်

ပြည်​သတင်း၊​ပေါက်​​ခေါင်းသတင်း၊သစ်​ထူးလွင်​သတင်းသုံးမျိုးလုံးကို ​ဆော့ဝဲတစ်​ခုတည်းမှဖက်​မယ်

ပြည်သတင်း + ပေါက်ခေါင်းသတင်း + သစ်ထူးလွင် သတင်းဆိုက်သုံးခု သတင်းတွေကို Android ပေါ်မှာ အလွယ်တကူ ဖတ်နိုရင်န် (မိတ်ဆွေတစ်ချို့ ပြုလုပ်ခိုင်းသည့်အတွက် အခြားအသုံးပြုလိုတဲ့ မိတ်ဆွေများပါ အသုံးပြုနိုရင်န်) Pyay News v 2.0 apk ကို ပြုလုပ်ပေးလိုက်ပါတယ်။ ဒီ apk ကို မိမိဖုန်းမှာ install လုပ်ထားရင် ပြည်သတင်း + ပေါက်ခေါင်းသတင်း + သစ်ထူးလွင် ဆိုက်သုံးခုမှာ တသင်မျှ သတင်းအသစ်တွေကို Online + Offline ဖတ်နိုမငှ်ာဖြစ်ပါတယ်ခဗင်ျာ။ အသုံးပြုလိုသူများ အောက်မှာပေးထားတဲ့ လိပ်စာသုံးခုမှ ကြိုက်နှစ်သ်ရကာကေန Download ယူ အသုံးပြုနိုပင်ါတယ်ခဗင်ျာ။ ယခု apk မှာတော့ web version ကိုပါ ပြောင်းလဲကြည့်နိုင်ခြင်း၊ နောက်ခံကို အဖြူ၊ အမဲ အေရာင်နှစ်မျိုးဖြင့် လွယ်ကူစွာ အသုံးပြုနိုင်ခြင်းတို့ကို ပြုလုပ်နိုင်​မှာဖြစ်ပါတယ်။
Download >>> https://www.dropbox.com/s/8p6p7ypr4y6kkeg/Pyay%20News%20v%202.0.apkDownload >>> https://www.dropbox.com/s/8p6p7ypr4y6kkeg/Pyay%20News%20v%202.0.apk
 
Credit - www.pyayblogger.com

ဆောင်းရာသီတွင် အသားအရေ ခြောက်သွေ့ခြင်းမှ ကာကွယ် နိုင်ရန်

ဆောင်းရာသီတွင် အသားအရေ ခြောက်သွေ့ခြင်းမှ ကာကွယ် နိုင်ရန်

ယခုနှစ်ကဲ့သို့ အအေး လွန်ကဲသော ဆောင်းရာသီတွင် အသားအရေ
ခြောက်သွေ့ခြင်းမှာ မလွဲမသွေ ကြုံတွေ့ရမည့် ပြဿနာ တစ်ခု ဖြစ်သည်။

ဆောင်းရာသီတွင် အပူချိန် ကျဆင်းခြင်း၊ လေထုထဲ၌ ရေငွေ့ ပါဝင်မှု နည်းခြင်း၊ အေးစက်သော လေပြင်းများ တိုက်ခတ်ခြင်းတို့က သင့်အသား အရေရဲ့အဆီဓာတ်ကို ခန်းခြောက်စေပြီး အသားအရေ ခြောက်သွေ့ခြင်းကို ဖြစ်ပွား စေပါသည်။ ထို့ကြောင့် အသားအရေ ခြောက်သွေ့ခြင်း မဖြစ်စေရန်

(၁) အသားအရေကို ရေဓာတ်ပြန်လည် ဖြည့်တင်းပေးသော ပစ္စည်းများသုံးပါ။

ထိုကဲ့သို့ ရေဓာတ်ပြန် ဖြည့်ပေးသော (moisturizer) များကို ရွေးရာ၌ ရေကို အခြေခံသော ပစ္စည်းများထက် အဆီကို အခြေခံသော moisturizerကို ပိုသုံး သင့်ပါသည်။ သို့မှသာ ယင်းအဆီက သင့်ရဲ့အရေပြားပေါ်တွင် အလွှာပါး တစ်ခု ဖြစ်ပေါ်စေပြီး ရေဓာတ်ဆုံးရှုံးမှုကို အခြား လိုးရှင်း တွေထက် ပိုလျော့ နည်းစေပါသည်။

(၂) ရေများများသောက်ပါ။

ဆောင်းတွင်း၌ အသားအရေ ခြောက်သွေ့ခြင်းကို ကာကွယ်ရန် တစ်ရက်ကို ရေတစ် လီတာမှ နှစ်လီတာခန့် သောက်သုံး သင့်ပါသည်။ ထို့အတူ အရည်ရွှမ်း သောအသီးများ ဖြစ်သည့်ပန်းသီး၊ သခွားသီးကဲ့သို့ အသီးများအား စားသုံးသင့် ပါသည်။ ထိုအစာများက သင့်ရဲ့အစာ စားချင်စိတ်ကို ထိန်းချုပ် ပေးနိုင်သည့် အပြင် သင့်အသား အရေကို တစ်နေကုန် ရေဓာတ်ပြည့်ဝ နေစေ ပါသည်။

(၃) နေရောင်ကာ ခရင်မ်သုံးပါ။

နေရောင်ကာ ခရင်မ်ကို နွေရာသီမှာပဲ သုံးရမည့် ဆိုသည့်အတွေးကို ခေါင်းထဲက ထုတ်ပစ် လိုက်ပါ။ ဆောင်းရာသီ နေရောင် ကလည်း သင့်အသား အရေကို ပျက်စီး စေနိုင်ပါသည်။ ထို့ကြောင့် လမ်းမထွက်မီ နေရောင်ကာ ခရင်မ်ကို မျက်နှာနဲ့ အခြားနေရောင်နှင့် ထိတွေ့သည့် နေရာများကို လိမ်းထား သင့်ပါသည်။ အကယ်၍ အချိန်ကြာကြာနေ မည်ဆိုလျှင် ထပ်မံလိမ်း သင့်ပါသည်။

(၄) ငါးမှရရှိသော အဆီဆေးများကို သုံးပါ။

လေ့လာမှု တစ်ခုအရ ငါးမှရသော အိုမီဂါ-၃ အဆီဆေးလုံးက အလွန်အကျွံ ခြောက်သွေ့နေသော အသားအရေ ရှိသူများတွင်ပင် ရက်သတ္တပတ် အနည်းငယ်အတွင်း အသားအရေကို ပြန်လည် စိုပြည် လာကြောင်း တွေ့ရသည်။

(၅) အလွန်ပူသော ရေများကို ရှောင်ပါ။

ဆောင်းရာသီတွင် ရေနွေးကို အသုံးပြုခြင်းက အလွန်ဇိမ်ရှိ လှသော်လည်း ဆောင်းရာသီမှာ ရေနွေးကို သုံး၍ ရေချိုးခြင်း၊ မျက်နှာသစ်ခြင်းကို မလုပ်ရပါ။ ဤကဲ့သို့ လုပ်ခြင်းက မျက်နှာရှိ ဆံခြည်မျှင် သွေးကြောများ ပေါက်စေ၍ အဆီလွှာကို ပျက်စီးစေခြင်း၊ ရေဓာတ်ဆုံးရှုံးမှုကို အလွန်အကျွံ ဖြစ်စေပါသည်။ ထို့ကြောင့် ဂျိုဂျိုဘား (သို့မဟုတ်) ဗာဒံစေ့ဆီ အနည်းငယ်ခန့်ကို ချိုးမည့် ရေထဲသို့ ထည့်ပေးခြင်းက ဆောင်းရာသီမှာ သင့်အသား အရေကို အာဟာရ ပြည့်စေမှာပါ။

(၆) သင့်ရဲ့ ခြောက်သွေ့ကွဲအက်နေသည့် နှုတ်ခမ်းများကို မလျက်ပါနှင့်။

ဤကဲ့သို့ ပြုလုပ်ခြင်းက သင့်နှုတ်ခမ်းကို ပိုခြောက်စေပါသည်။ ဤကဲ့သို့ လျက်မည့်အစား နှုတ်ခမ်းဆီ၊ လိုးရှင်း သို့မဟုတ် သံလွင်ဆီနှင့် ပျားရည် အနည်းငယ် ရောပြီး နှုတ်ခမ်းကို သုတ်ထား သင့်ပါသည်။

(၇) လက်များကို ဂရုစိုက်ပါ။

အိပ်ရာ မ၀င်မီ လိုရှင်း တစ်မျိုးမျိုး သုံးပြီး အိပ်သင့် ပါသည်။

(၈) ခြေဖနောင့်ကွဲခြင်းကို ဂရုစိုက်ပါ။

ဆောင်းရာသီတွင် ခြေဖနောင့် ကွဲခြင်းက အလွန်နာကျင်သည့် ဝေဒနာကို ခံစား ရနိုင်ပါသည်။ ထိုနာကျင် နေခြင်းကို သက်သာစေရန် ရေနွေးနွေးထဲတွင် ခြေထောက်ကို စိမ်ပေး သင့်ပါသည်။ ထို့နောက် ခြေထောက်အား moisturizes (သို့မဟုတ်) မာဆက်ခရင်မ် တစ်မျိုးမျိုးအား လိမ်းပေးပြီး ညင်သာစွာ နှိပ်နယ် ပေးသင့်ပါသည်။ ခြေစွပ်ပွပွများနဲ့ ဖိနပ် ချောင်ချောင်များကို သုံးသင့်ပါသည်။

မိုင်ကိ

မြန်မာနိုင်ငံ၌ မိုဘိုင်းဖုန်းလိုင်းအသုံးပြုသူ ၆.၂၈ သန်းကျော်ရှိ

မြန်မာနိုင်ငံ၌ မိုဘိုင်းဖုန်းလိုင်းအသုံးပြုသူ ၆.၂၈ သန်းကျော်ရှိ

၁၉၉၅ ခုနှစ်မှ စတင်၍ ၂၀၁၂ ဇူလိုင်လအထိ မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်းလိုင်း အသုံးပြုသူသည် ၂ သန်း ၈ သိန်း ၅ သောင်းကျော်သာ ရှိခဲ့သော်လည်း ယနေ့အချိန်၌ မြန်မာနိုင်ငံ၌ မိုဘိုင်းဖုန်းအသုံးပြုသူအရေအတွက်သည် ၆.၂၈ သန်းကျော်သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။ ၂၀၁၁ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်း မိုဘိုင်းဖုန်းအသုံးပြုသူ အရေအတွက် ၁ သန်း ဝန်းကျင်သာ တိုးတက်လာခဲ့သော်လည်း ၂၀၁၃ ခုနှစ် ဧပြီလအတွင်း အစိုးရသည် တန်ဖိုးနည်းမိုဘိုင်းဖုန်းလိုင်းများကို လစဉ်ပုံမှန်အရေအတွက် သတ်မှတ်၍ ရောင်းချပေးလာခဲ့သည့် နောက်ပိုင်းမိုဘိုင်းဖုန်း အသုံးပြုအရေအတွက် တစ်ဟုန်ထိုး မြင့်တက်လာခဲ့သည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တစ်လလျှင် မိုဘိုင်းဖုန်း အရေအတွက် ၃ သိန်းခွဲကို ရရှိခဲ့ပြီး ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်း၌ အစိုးရသည် တစ်နိုင်ငံလုံးအတိုင်းအတာအတွက် တစ်လလျှင် မိုဘိုင်းဖုန်းအရေအတွက် ၁ သောင်းခန့်ကို တိုးမြှင့်ချထားပေးခဲ့သည်။

အစိုးရ၏ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၌ အိမ်ထောင်စုပေါင်း ၈.၇ သန်းကျော်ရှိပြီး အိမ်ထောင်စုပေါင်း ၁.၃၈ စုလျှင် မိုဘိုင်းဖုန်း ၁ လုံး ကိုင်ဆောင်ထားသည်ဟု သိရသည်။ အစိုးရအနေဖြင့် တန်ဖိုးနည်းဖုန်းလိုင်းများကို ဧပြီလမှစတင်၍ လိုင်းအရေအတွက် ၂.၄၈ သန်းကို ရောင်းချနိုင်ခဲ့ပြီးလာမည့် ၂၀၁၄ ခုနှစ်၊ ဧပြီလမတိုင်ခင်၌ တန်ဖိုးနည်းဖုန်းလိုင်း အနိမ့်ဆုံး ၈ သန်း ပြည့်မီအောင် ချထားပေးမည်ဟုသိရှိရသည်။ အလားတူ ၂၀၁၄ - ၂၀၁၅ ခုနှစ်၌ လိုင်းအင်အား ၁၈ သန်းကို တိုးချဲ့ချထားပေးမည်ြဖစ်သည့်အတွက် ၂၀၁၅ ခုနှစ်အရောက်တွင် မြန်မာနိုင်ငံ၏ တယ်လီဖုန်းသိပ်သည်းဆမှာ ၅၀ ရာခိုင်နှုန်းသို့ ရောက်ရှိလာမည်ဟု ခန့်မှန်းထားသည်။ အဆိုပါကဲ့သို့ မိုဘိုင်းဖုန်းလိုင်းများ ချထားပေးနိုင်ရန် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဝန်ကြီးဌာနသည် အခြေခံတည်ဆောက်ရေးများ လုပ်ကိုင်ရန် ပုဂ္ဂလိကကုမ္ပဏီ ၁၃ ခုနှင့် ပူးပေါင်းထားကြောင်း သိရသည်။

မြန်မာ့ဆက်သွယ်ရေးအနေဖြင့် ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်အတောအတွင်း GSM မိုဘိုင်းဖုန်းလိုင်းများကို ငွေကျပ် ၂ သိန်း ဈေးနှုန်းသတ်မှတ်၍ ရောင်းချပေးခဲ့သော်လည်း ရောင်းချရန်မျှော်မှန်းထားရှိသည့် အရေအတွက်အတိုင်း ပြည့်မီအောင် ရောင်းချနိုင်ခဲ့ခြင်းမရှိသော်လည်း ယခုနှစ် ၁၅၀၀ ကျပ်တန်စီမံကိန်း၌ ရောင်းချသည့်အရေအတွက်ထက် ဝယ်ယူလိုသည့်အရေအတွက် ပိုမိုများပြားခဲ့သည်။

မြင့်ကျော်လှိုင်
Internet Journal

Bill Gates ပြောတဲ့ အနာဂတ် အစီအစဉ်

Bill Gates ပြောတဲ့ အနာဂတ် အစီအစဉ်

လူတွေအတွက် အနဂတ် ဘဝဟာ အရေးကြီးတယ်။ ကျွန်တော်တို့ဟာ အနာဂတ်မှာ ယခုထက် ပိုကောင်းအောင် ပြုလုပ်နိုင်ရလိမ့်မယ်။ အနာဂတ်မှာ ယခုထက် ပိုကောင်းအောင် ဘယ်လိုလုပ်ဆောင်ရမလဲ ဆိုတဲ့ လမ်းစဉ်တွေကို ရှာဖွေရမယ်။။ ဒါကြောင့် ယနေ့မှစပြီး အနာဂတ်ကို ဆေးရောင်လှလှခြယ်ရအောင်။

အပေါ်က စာကတော့ Bill Gates ကပြောတဲ့ နိဒါန်း စာကြောင်းလေး ဖြစ်ပါတယ်။ သူသည် အစီအစဉ်များ ချမှတ်ပြီး အလုပ်လုပ်ရတာကို ယခုချက်ချင်း ထပြီး လုပ်တာထက် ပိုပြီး စွဲလမ်းပါတယ်လို့ ဆိုပါတယ်။ သူဟာ အစည်းအဝေးတစ်ခုကို သွားရင် အရေးကြီးတဲ့ အရာတွေကို ထိပ်ဆုံးမှာ ထားပြီး ပြောပါတယ်လို့ ဆိုပါတယ်။ နောက်မှ အရေးမကြီးတဲ့ အရာတွေကို ပြောပါတယ်။ ဘာကြောင့် အရေးကြီးတာတွေကို အရင်ပြောသလဲ ဆိုတော့ လူတွေဟာ စကားတွေ အရမ်းနားထောင် ရတာများရင် ငြီးငွေ့သွားတတ်လို့ပါလို့ သူကဆိုပါတယ်။

Bill Gates က သူများတွေ မလုပ်တဲ့ အလုပ်တွေကို လုပ်ရတာကို ပို၍ နှစ်သက်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အဲဒီ အလုပ်က မှန်ကန်သော အလုပ် ဖြစ်ဖို့တော့ လိုပါတယ်လို့သူကပြောပါတယ်။ ကမ္ဘာပေါ်မှာ လူငါးယောက်ရှိရင် နှစ်ယောက်လောက်ပဲ ကိုယ်ပိုင် ထုတ်ကုန်ကို ထုတ်နိုင်ကြတယ်။ ဥပမာ - လူတစ်ယောက်သည် ဖုန်းပြင်တတ်သည်။ လူတစ်ယောက်သည် ကွန်ပျူတာ ပြင်တတ်သည်။ အဲဒါကို ထုတ်ကုန်ဟုခေါ်ပါသည်။

လူတိုင်းမှာ အကောင်းဆုံး အတွေးခေါ်ကောင်းတွေ ရှိဖို့ဟာ အလွန်အရေးပါတယ်။ သို့မှသာ အနာဂတ်အတွက် ကောင်းစွာ ဖန်းတီးနိုင်လိမ့်မယ်။ တီထွင်မှုတွေ ပြုလုပ်ရာမှာ အမှားတွေ ဖြစ်မှာကို စိုးရိမ်နေစရာ မလိုပါဘူး။ အမှားတွေဟာ အမှန်တွေဆီကို ရောက်ရှိစေဖို့ လမ်းစဖြစ်တယ်လို့Bill Gates က ဆိုပါတယ်။

ကျော်လင်းနိုင် ( smart.com.mm )

ဘယ်အချိန်ဟာ အိမ်ထောင်ပြုဖို့ အသင့်တော်ဆုံးလဲ

ဘယ်အချိန်ဟာ အိမ်ထောင်ပြုဖို့ အသင့်တော်ဆုံးလဲ

တစ်ယောက်နဲ့ တစ်ယောက် မေတ္တာမျှတဲ့ အဆင့်ကနေ ဇနီးနဲ့ခင်ပွန်း အဖြစ်ပြောင်းလဲပစ်ဖို့ ဘယ်အချိန်ဟာ အသင့်တော် ဆုံးပါလဲ။ ချစ်သူတွေ တစ်စုံတွဲနဲ့ တစ်စုံတွဲတော့ တူကြမှာမဟုတ်ပါဘူး။ သင့်တို့အတွက် အချိန်တန်ပြီ လို့ ခံစားမိလိုက်တဲ့ အချိန်မှာ အိမ်ထောင်ပြုသင့်ပါတယ်။ အရေးကြီးတာက လူမှုပတ်ဝန်းကျင် လည်းမဟုတ်သလို၊ သင့်မိသားစုလည်း မဟုတ်ပါဘူး။ အရေးကြီးဆုံးက သင်တို့နှစ်ယောက်ပါပဲ။

သင်တို့ချစ်သူနှစ်ဦးက အရူးအမူးဖြစ်လာကြတဲ့အချိန်၊ တစ်ယောက်နဲ့တစ်ယောက် သေချာပြီဆိုတဲ့အချိန်၊ ခြေအစခေါင်းအဆုံး၊ နဖူးကအစ ခြေမအဆုံး ချစ်တတ်လာကြတဲ့အချိန် လက်ထပ်လိုက်သင့်ပါတယ်။ တစ်ဦးတည်း တစ်ဖက်သတ် ဖြစ်နေလို့တော့ မရပါဘူး။ နှစ်ဦးစလုံးဟာ ထပ်တူညီမျှလာတဲ့ တစ်နေ့ပေါ့။ သင့်ချစ်သူဟာ လူသန်းပေါင်းများစွာထဲကမှ သင့်အတွက် တစ်ဦးတည်းသောတစ်ယောက် ဖြစ်တယ်လို့၊ သူ့လိုလူ မရှိနိုင်တော့ဘူးလို့ ခံစားလာရပြီ ဆိုရင် လက်ထပ်ဖို့ အသင့်တော်ဆုံး အချိန်ပါပဲ။ မေတ္တာမျှ လို့ အဖန်ဖန် အထပ်ထပ် ချိန်းတွေ့လာခဲ့ပြီးမှ သူ့ကို မယူတော့ဘူးဆိုရင်တော့ သင့်လောက် မိုက်မဲတဲ့သူ ဒီကမ္ဘာမှာ ရှိတော့မှာ မဟုတ်ပါဘူး။

အိမ်ထောင်ပြုခြင်း ရဲ့ အဓိပ္ပါယ်ကို ကောင်းကောင်း သဘောပေါက်ဖို့ အရွယ်ရောက် ရင့်ကျက်နေပြီ၊ အိမ်ထောင်ပြုဖို့ အဆင်သင့်အခြေအနေလဲ ရှိနေပြီ၊ သင့်ချစ်သူကို အပြည့်အ၀ တာဝန်ယူဖို့သင့် နေပြီ ဆိုရင် သင့်ချစ်သူကို ငွေရေးကြေးရေးအရရော၊ စိတ်ခွန်အားပေးတာရော ထောက်ပံ့ပေးလိုက်ပါ။ အိမ်ထောင်ပြု တယ်ဆိုတာ တကယ့်ကို အပြောင်းလဲကြီးတစ်ရပ်၊ ရိုးမြေကျတဲ့အထိ သူနဲ့ သင့်ရဲ့ဘ၀ကို အေးအတူပူအမျှ ဝေငှ နေထိုင်သွားကြရမှာ ဖြစ်တယ်လို့ သင်သဘောပေါက်နားလည် ထားရမှာပါ။

သင်တို့နှစ်ယောက်သာ အသိတရားရှိတဲ့သူတွေ၊ တစ်ယောက်နဲ့တစ်ယောက် အမှန်တကယ် မေတ္တာမျှနေကြ တဲ့သူတွေဆိုရင် အပြန်အလှန် လေးစားမှုရှိပါ။ အငြင်းပွား စကားများကြတဲ့ အခါမှာလည်း လူကြီးဆန်ဆန် ဖြေရှင်းပါ၊ ရင်ဖွင့်ပါ၊ ၆နှစ်သား ကလေးတွေလို အတွေးမသိမ်ပါနဲ့။ သဘောထားမတိုက် ဆိုင်မှုဆိုတာ ဘ၀မှာ ကြုံတွေ့နေကျ အရာတစ်ခု ဖြစ်ပါတယ်။ မတွေ့ကြုံ ချင်ဘဲ ရှောင်ပုန်းလို့ရတဲ့ အရာတစ်ခုမဟုတ်ပါဘူး။ သင့်တို့နှစ်ယောက်က တစ်ဖွဲ့တည်း၊ တစ်ဘက်တည်းလေ။ တစ်ယောက်က တစ်ယောက်ထက် သာတယ် နိုင်တယ်ဆိုတာလည်း မဖြစ်ရဘူး။ ရိုးသားမှုရှိရမယ်။ ပွင့်လင်းရမယ်။ တစ်ယောက်ရဲ့ အိပ်မက်တွေ၊ ယုံကြည်ချက်ပျောက်ဆုံးမှုတွေ၊ ပြုမိတဲ့ အမှားတွေကို နောက်တစ်ယောက်က ဝေငှ ခံစားနိုင်စွမ်း ရှိရမယ်။

အိမ်ထောင်ပြုဖို့ အဆင်သင့်ဖြစ်ပြီလား၊ အချိန်အတော်ကြာ စောင့်ခဲ့ရပြီးပြီလား။ သင့်ရဲ့ ဘ၀မှာ အလုပ်အကိုင် အတည်တကျနဲ့ အခြေတကျ ဖြစ်နေပြီလား။ ပြင်းပြတဲ့ ရည်မှန်းချက် ပန်းတိုင်တစ်ခုကိုရော သိမြင်နေပြီလား။ မိသားစုဆိုတာဖြစ်လာရင်၊ ကလေးတွေရလာရင် ဘာတွေရှိထား သိထားသင့်တယ်ဆိုတာကို သိရဲ့လား။ ပတ်ဝန်းကျင်လူအသိုင်းအ၀ိုင်းကြောင့်ပဲ ဖြစ်ဖြစ်၊ မိသားစု ဖိအားတွေကြောင့်ပဲဖြစ်ဖြစ်၊ အသက်ကြီးလာပြီလေ ဆိုတဲ့ အသိကြောင့်ပဲ ဖြစ်ဖြစ် အတင်းကြီး လုပ်ယူပြီး အိမ်ထောင်ပြုတာမျိုးလဲ မဖြစ်သင့်ပါဘူး။

အဲ့ဒီ့တော့ အိမ်ထောင်ပြုဖို့ အသင့်တော်ဆုံး အသက်အရွယ်ဆိုတာ မရှိပါဘူး။ သင်တို့ ချစ်သူနှစ်ယောက်သာ ဘယ်အချိန်ဟာ အသင့်တော်ဆုံးဆိုတာ သိကြမှာပါ။ အသေအချာပါပဲ ဆိုတဲ့တစ်နေ့၊ မင်းလောက် ကိုယ့်အပေါ် ဘယ်သူမှ မကောင်းဘူး ဆိုတဲ့ တစ်နေ့မှာ လက်ထပ်လိုက်ပါ။ အဲ့ဒီ့လို ချစ်သူမျိုးဆိုတာ အသက်အရွယ် မရွေးဖြစ်နိုင်ပါတယ်။ ပုံသေသတ်မှတ်ချက် ဘောင်အကန့် ဆိုတာမရှိပါဘူး။ အရေးကြီးတာက သင့်တို့ ချစ်သူနှစ်ယောက် ဟာ တစ်စိတ်တည်းတစ်ဝမ်းတည်း ဖြစ်ဖို့ပါပဲ။ ဒီလိုဖြစ်နေပါပြီ ဆိုရင်တော့ ဒီဆောင်းပါးရဲ့ ခေါင်းစဉ်လေးကို အတူတူဖြေကြည့် လိုက်ကြပါဦးနော်။

Ref:mensxp

သီဟနိုင်