မေတ္တာမွန်၊ လက်ဆောင်မွန် (တဂိုး)
အို အရူး။ သင့်ပုခုံးပေါ်ကို သင့်ကိုယ်သင် ထမ်းရန် ကြိုးစားနေသလား။
အို သူတောင်းစား။ သင့်အိမ်မှာင် ပြန်တောင်းနေသလား။
သင်၏ ဝန်လေး၍ သယ်ပိုးနေရသော ဝန်ထုပ်ဝန်ပိုးကို ထမ်းဆောင်နိုင်သူလက်မှာ ထားရစ်ပါ၊ နောင်တရပြီး ပြန်လှည့်မကြည့်ပါနှင့်။
သင်၏ ဆန္ဒတို့ကို မီးတိုင်အလင်းရောင် ထါက်လာဘိသို့ ထုတ်ပါ။ လက်ဆောင်မွန်တို့ကို မသန့်ရှင်း ညစ်ပတ်သောလက်တို့နှင့် လက်ခံမယူပါနှင့်။ မကောင်းမှုသာတည်း။ သန့်ရှင်းမွန်မြတ်သော မေတ္တာဖင့် ကမ်းလှမ်းသည်တို့ကိုသာ လက်ခံပါလေတကား။ ။
ရာဘင်ဒြာနတ် တဂိုး(တနင်္သာရီမောင်ချစ်စံ ဘာသာပြန်သည်။)
တဂိုး၏ ခံစားရမှုစာများ (၁၉၆၈) မှ
O Fool
O Fool, try to carry thyself upon thy own shoulders! O beggar, to come beg at thy own door!
Leave all thy burdens on his hands who can bear all, and never look behind in regret.
Thy desire at once puts out the light from the lamp it touches with its breath. It is unholy---take not thy gifts through its unclean hands. Accept only what is offered by sacred love.
Rabindranath Tagore