Finding Art in the City - 4
ဒါတွေကတော့ တော်တော် ဆေးကုန်မယ့် ကိစ္စပါ။ နံရံမှာ ခြယ်မှုန်းထားပါတယ်။ ဖန်တီးသူအမည်နဲ့ နောက်ခံအကြောင်းအရာတွေကို ဓာတ်ပုံရိုက်တဲ့အထဲမှာ ပါမလာခဲ့လို့ မပြောတော့ပါဘူး။

ဆက်ပြီးတော့ Natee Utarit ရဲ့ ပန်းချီကားတွေဆီ ဆက်သွားကြမယ်။ အသက် ၄၁ နှစ်ရှိတဲ့ ထိုင်းလူမျိုးပန်းချီဆရာပါ။
ရုပ်တုတွေကို ပန်းချီနဲ့သရုပ်ဖော်တယ်။ ဓာတ်ပုံတွေကို ပန်းချီဆွဲတယ်။ အဖြူအမည်းသက်သက် ဆွဲထားတဲ့ ကားချပ်အသေးတွေကိုလည်း မြင်ရမယ်။ အချိန်ကာလနဲ့ နောက်ခံအခြေအနေတွေက reality ဆိုတဲ့အဓိပ္ပါယ်ကို ဘယ်လိုပြောင်းသွားစေနိုင်ကြောင်းကိုလည်း ရှာဖွေခဲ့တယ် တဲ့။ အနောက်တိုင်းပုံစံ သီးသန့်ဖန်တီးထားတဲ့ လက်ရာတွေကိုလည်း တွေ့ခဲ့ရပါတယ်။ (နည်းနည်းပျင်းလာလို့ ကိုယ့်ဘာသာပဲ ပုံတွေဆက်ကြည့်ကြပါတော့။ အောက်ကအားလုံးက Natee Utarit ရဲ့လက်ရာတွေပါ။ ပုံအများအပြားထဲက တချို့ကိုပဲ တင်လိုက်ပါတယ်။)
ိCredit - Pandora