Search Box

ယောက်ျားလေးနဲ့ မိန်းကလေး ဘယ်သူက ပိုချစ်တတ်ကြသလဲ ?


ယောက်ျားလေးနဲ့ မိန်းကလေး ဘယ်သူက ပိုချစ်တတ်ကြသလဲ ?

************************************************
ဒီစာကို ကျွန်တော် ရေးဖို့ အကြိမ်ကြိမ်စဉ်းစားမိပါတယ်..။ ဘာကြောင့်လဲဆိုတော့
ကျွန်တော်က စာရေးဆရာ တစ်ယောက် မဟုတ်ပါဘူး.။ ဒါကြောင့် ဒီလိုရေးတဲ့နေရာမှာ
အမှားအယွင်းပါမှာကို စိုးရိမ်မိပါတယ်.။ အခု ဒီ Post ကို တင်ရတဲ့အကြောင်းကလဲ
ကျွန်တော်တို့ ကိုရွှေယောက်ျားတို့တွေ မိန်းမတွေရဲ့ မာယာထောင်ချောက်အောက်မှာ
မနစ်မြောမိစေရန် နှင့် စိတ်ဓာတ်ယိမ်းယိုင်နေတဲ့ မိန်းကလေးအများစုကို ရည်ရွယ်ပြီးရေးရတာပါ..။

အခု ကျွန်တော် ဆိုလိုချင်တာက " ယောက်ျားလေးနဲ့မိန်းကလေး ဘယ်သူက ပိုချစ်တတ်ကြသလဲ "
ဒီလို မေးကြမယ်ဆိုရင် မိန်းကလေးတွေကလည်း သူတို့က ပိုချစ်တတ်ကြပါတယ် ဆိုသလို
ကျွန်တော်တို့ ယောက်ျားတွေကလည်း ကျွန်တော်တို့က ပိုချစ်တတ်ကြပါတယ်ဆိုပြီး တစ်ချို့က
သမီးရည်းစားဘ၀မှာ စနောက်ကြရင်း ပြောဆိုကြပါတယ်.။ ဒီမှာကျွန်တော်တစ်ခုပြောချင်တာက
ကျွန်တော့်အမြင်အနေနဲ့ ယောက်ျားတစ်ယောက်က ပိုချစ်တတ်တယ်လို့ ဆိုရပါလိမ့်မယ်။
ဒီမှာ မိန်းကလေးတစ်ချို့က ငြင်းချက်ထုတ်ချင် ထုတ်ကြပါလိမ့်မယ်.။ ကျွန်တော် ဖြေရှင်းပါ့မယ်။
လွန်ခဲ့တဲ့ ၃ နှစ်လောက်က စာရေးဆရာ လင်းသိုက်ညွှန့်ရေးတဲ့ " ခင်ဗျားကိုယ်တိုင် ပါလို့ရတဲ့ ၀တ္ထု "
ဆိုတဲ့ စာအုပ်ထဲမှာ ချစ်သူ နှစ်ယောက်ရှိကြတယ်။ သူတို့နှစ်ယောက်က အပြန်အလှန် သိပ်ချစ်ကြတဲ့
ချစ်သူတွေပေါ့ဗျာ.။ဒါပေမယ့် ကောင်လေးက အစစအရာရာ ပြည့်စုံတဲ့ကောင်လေးတစ်ယောက်။
ကောင်မလေးက မျက်စိမမြင်တဲ့ကောင်မလေးတစ်ယောက်။ ဒီလို အခြေအနေမှာ . ကောင်လေးက သူ့ချစ်သူကို မျက်စိမြင်စေချင်တယ်.။ ဒီတော့ ကောင်လေးက ကောင်မလေးကို နိုင်ငံခြားမှာခေါ်ပြီး မျက်ကြည်လွှာ အစားထိုး ကုသတယ်။ခွဲစိတ်မှုက အောင်မြင်ခဲ့တဲ့အတွက် ကောင်မလေးက မျက်စိပြန်မြင်လာရတယ်။ ဒီအချိန်မှာ ကောင်မလေးက သူ့ရဲ့ချစ်သူပါဆိုတဲ့ ကောင်လေးကို အရင်ဆုံး မြင်ချင်တယ်။အဲ့ဒီအချိန်မှာကောင်မလေးတွေ့လိုက်ရတာကသူ့ချစ်သူကမျက်မမြင်တစ်ယောက်ဖြစ်နေခဲ့တယ်။ ဒီတော့ ကောင်မလေးက သူ့ချစ်သူက မျက်မမြင်ကြီးပါဆိုပြီးကောင်လေးကို ထားသွားခဲ့တယ်..။ ဒီဇာတ်လမ်းရဲ့ အဖြစ်ကို ကြည့်မယ်ဆိုရင် မိန်းမ အများစုက သူတို့ချစ်သူဆိုရင်
သူတို့ထက်အစစ အရာရာသာတဲ့သူကို ပိုပြီး အလေးပေးကြတယ်။ တစ်ချို့မိန်းကလေးတွေရှိပါတယ်.။ ကျွန်တော်ပြောတာတချို့ပဲပြောတာပါ ။ " ငါ့ ဘဲ က ဆိုင်ကယ်ဆိုရင် ယိုးဒယားဘီးပဲ စီးတာ " " ငါ့ဘဲက ကားဆိုရင် ပါရာဒို အနိမ့်ဆုံးထားစီးတာ " ဆိုပြီး ပြောတတ်ကြပါတယ်။ " ဒီကောင်က တရုတ်ဆိုင်ကယ် လောက်စီးပြီး ငါ့ကို ကပ်တယ် ၊ ဟိုကောင်မဘဲက X1 စီးတယ်ဆိုပဲ. သူ့ထက်မသာရင်တောင် သူ့ဘဲနဲ့ တန်းတူစီးနိုင်တဲ့ ကောင်လောက်တော့ ငါရွေးမှ ဖြစ်မယ်"ဆိုတဲ့ အတွေးမျိုးတွေ မိန်းကလေးအများစုမှာ ရှိကြပါတယ်။တကယ်အရည်အချင်း ရှိတဲ့ မိန်းမတွေမှာ ဒီလို အတွေးမျိုး မရှိပါဘူး။ဒီလို သူတို့ ယိုးဒယားဆိုင်ကယ်၊ ပါရာဒို ဆိုတာ သူတို့ကိုယ်ပိုင်အရည်အချင်းနဲ့ ၀ယ်ထားတဲ့အရာတွေလား။။
ဒီဥစ္စာတွေကရော ဘ၀ တစ်ခုလုံးစာ ခိုင်မြဲမှာလား ။ ဆိုတဲ့အတွေးတွေက ဒီခေတ် မိန်းမအများစုမှာ ရှိတဲ့ အသုံးမကျတဲ့ အရည်အချင်းတွေပါ။နောက်တစ်ခုက ဒီကောင်က ရုပ်ဆိုးတယ် ရုပ်ချောတယ်.... လို့ ဆိုကြပါတယ်။ ဒါကလည်း အသုံးမကျတဲ့ အတွေးအခေါ်တစ်ခုပါ ။ ဒါကလည်း ကျွန်တော်တို့ ဘာသာအယူအဆအရ ကြည့်မယ်ဆိုရင် သူတစ်ပါးကို ကဲ့ရဲ့ခြင်း လို့ ယူဆလို့ရပါတယ်။ တကယ်တော့ သူတို့က အမြင်နဲ့ အချစ်ကိုရွေးချယ် ကြတာကများပါတယ်။" ငါ့ဘဲက ကိုရီးယားမင်းသားနဲ့ တူတယ် " " ငါ့ဘဲက ဘရက်ပစ်နဲ့တူတယ် " ဆိုပြီး မိန်းကလေးချင်း
ပြိုင်ဆိုင်လေ့ရှိပါတယ်။ ဒါကလည်း အသုံးမကျတဲ့မိန်းမတွေရဲ့အတွေးတခုပါ။အတော် ၀မ်းနည်းဖို့ကောင်းပါတယ် ။ဒီနေရာမှာလည်း ကျွန်တော် တခုပြောချင်ပါတယ်။ ခင်ဗျားတို့ ကျွန်တော်တို့ ကို ခင်ဗျားတို့ချစ်သူတွေက ကွယ်ရာမှာ ငါ့ဘဲ ... ငါ့ဘဲ.... နဲ့ပြောနေတာ တကယ်ဆိုရင် ကျွန်တော်တို့ " ဘဲ " ဆိုတဲ့ အကောင်တွေ ဖြစ်နေကြတာပါ။ကျွန်တော် လိုရင်းကို ဆက်ပဲပြောပါမယ်။ " ငါ့ချစ်သူက စိတ်ထား အရမ်းကောင်းတယ် " " ငါ့ချစ်သူက ရိုးသားတယ် " ဆိုပြီး ပြိုင်ဆိုင်ပြောဆိုကြတဲ့သူတွေ ကျွန်တော်တို့နိုင်ငံရဲ့ မြန်မာ မိန်းကလေးတွေမှာ ရှိကြသေးလား? ကျွန်တော်တို့
ယောက်ျားအများစုကတော့ ကိုယ်ချစ်တဲ့သူတစ်ယောက်အပေါ်မှာ သစ္စာရှိရှိ ချစ်တတ်ကြတယ်။ဒါကယောက်ျားတစ်ယောက်အနေနဲ့ လိပ်လို ကိုယ့်ဘက်ကိုယ်ယက်ပြောတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကမင်္ဂလာဆောင်တစ်ခု ရှိခဲ့ပါတယ်။  မောင်မောင် နဲ့ ဇင်ဇင် ပဲဆိုပါတော့ဗျာ.။  ကျော်ကျော် ၉ တန်းနှစ်ပေါ့။ ဇင်ဇင်က
ကျောင်းပြောင်းလာခဲ့တယ်။ ဇင်ဇင်က စာတော်တဲ့ သူဌေးသမီးတစ်ယောက်ဆိုတော့ အခန်းကောင်းရတယ် (A) တန်းမှာပေါ့ဗျာ။ မောင်မောင်ကတော့ စာကလည်း ပုံမှန်လောက်၊ကြွယ်ဝမှုကလည်း သာမန်အဆင့်အတန်းတစ်ခုအနေနဲ့(C) တန်း မှာ စာသင်ရတယ်။ ဒီအချိန်မှာ ဇင်ဇင်က ကျောင်းသူအသစ်လည်းအသစ်၊ လှလည်းလှတော့ လူကြိုက်များတာပေါ့
ဒီထဲမှာ မောင်မောင် လည်းပါတယ်။ဒါပေမယ့် ဇင်ဇင့်ကို ဘယ်သူမှ ပရိုပို့စ်မလုပ်ခင်မှာ
မောင်မောင် က ဇင်ဇင့်ကို ရည်းစားစာပေးတယ်.. ၁ ပတ်လောက်ကြာတော့
သူတို့ ချစ်သူဖြစ်သွားကြတယ်။သူတို့ ချစ်သူသက်တမ်းလည်း တဖြည်းဖြည်းရင့်ကျက်လာတယ်။
၁၀ တန်းနှစ်ရောက်တဲ့အချိန်မှာ ဇင်ဇင် က A တန်းမှာပဲ မောင်မောင်က တော့ D ခန်းမှာပေါ့။
သူတို့စာလုပ်ဖို့အချိန်တန်ပြီဆိုပြီး သူတို့နှစ်ယောက်
အရင်လို တွေ့နေကြအချိန်တွေကို စာလုပ်မယ်ပြောတော့ ၂ ယောက်လုံး လက်ခံကြတယ်။
ဒါပေမယ့် ဒီအချိန်မှာ ဇင်ဇင့်ကို ဇင်ဇင့်အခန်းထဲက စာအတော်ဆုံးကောင်လေးတစ်ယောက်က လိုက်ရင်းနဲ့ဇင်ဇင်က မောင်မောင့်ကို ထားပြီး တခြားလူနောက်ကို ပါသွားတယ်။။ မောင်မောင့်မှာတော့ ဖြေရာမရ နောက်ဆုံး သူ စာကိုပဲ ဆက်လုပ်နေတော့ မောင်မောင်က ၁၀ တန်းမှာ ၃ ဘာသာ ဂုဏ်ထူးနဲ့ အောင်ပြီး ဇင်ဇင်ကတော့ ၁၀ တန်းမှာ ကျ ကျန်ခဲ့တယ်။။
ဒါပေမယ့် နောက် ငါးနှစ်ကြာလာတဲ့အချိန်မှာ မောင်မောင်က ဆေးကျောင်းဆင်းပြီး ဆရာဝန်တစ်ယောက်ဖြစ်လာခဲ့တယ်။။ဇင်ဇင်ကတော့ ၁၀ တန်းလည်း နှစ်ကျ နောက်ပြီး မိသားစုကလည်း စီးပွားရေးကျဆင်းသွားပြီး နောက်ဆုံး ဇင်ဇင်ကစင်တင်မှာ သီချင်းဆိုရတဲ့ မိန်းကလေးတစ်ယောက် ဖြစ်လာခဲ့တယ်။။ဒီလိုနေရာမျိုးမှာ ကျွန်တော်တို့ ကိုရွှေကျားတို့ အနေနဲ့ ကိုယ်တကယ်ချစ်တဲ့သူကို ကိုယ့်ရဲ့ဂုဏ်သိက္ခာကို စွန့်ပြီး ကယ်တင်ရဲလား?
ကျွန်တော်ယုံပါတယ်... အများစုကတော့ အသိုင်းအ၀ိုင်းက ကန့်ကွက်ရင်တောင် အတိုက်အခံလုပ်မယ့် ကျွန်တော်တို့ ကိုယ်ရွှေကျားပါ။။
ဇာတ်လမ်းလေး ဆက်ပြောပြပါမယ်။။ ဒီအချိန်မှာ မောင်မောင်က ဇင်ဇင့်ကို ပြန်ဆက်သွယ်ပြီး ဇင်ဇင့်ဘ၀ကို အမှောင်ဘ၀ထဲက မောင်မောင်က ကယ်ထုတ်ခဲ့တယ်။ ကျွန်တော်တို့ ယောက်ျားတွေမှာ ဒီလို သတ္တိတွေ၊ပတ်ဝန်းကျင်အကြည့်တွေကို ရင်ဆိုင်နိုင်တဲ့
အရည်အချင်းတွေအများကြီးရှိကြပါတယ်.။ ကျွန်တော်အထင်သေးတာမဟုတ်ပါဘူး။။ ဒီ Post ကို ကန့်ကွက်မဲ့ မိန်းကလေးရှိရင်မကန့်ကွက်ခင်မှာပဲ ကျွန်တော် ဖြေရှင်းပါမယ်။ ဆိုပါစို့ဗျာ.။ စာဖတ်သူက ဆရာဝန်မ တစ်ယောက်နေရာကပဲဆိုပါစို့..။ စာဖတ်သူရဲ့ချစ်သူက ရိုးသားကြိုးစားတဲ့ ဆိုက်ကားသမားတစ်ယောက် ဖြစ်နေမယ်ဆိုရင်.. စာဖတ်သူ လက်ခံနိုင်ပါ့မလား။
ကျွန်တော် အနှစ်ချုပ်ကိုပဲ ပြောပါတော့မယ်ဗျာ။ မိန်းမ ဆိုတဲ့ ဝေါဟာရက အင်္ဂလိပ် ဝေါဟာရနဲ့ ပေါင်းစပ်ထားသလားထင်ရတယ်ဗျ။
Main (မိန်း) = မ (အဓိက ကို မ )
သူတို့ထက်သာတယ်။အစစအရာရာ ပြည့်စုံတယ်ဆိုရင် ရိုးသားကြိုးစားတာနောက်ထား... လာထား ဆိုတဲ့ သူတွေက များပါတယ်။အခုကျွန်တော်ရေးသားတာဟာ မိန်းမတိုင်းကို မဆိုလိုဘဲ စိတ်ဓာတ်ယိမ်းယိုင်နေတဲ့ မိန်းကလေးများကိုသာ ရည်ရွယ်ပါကြောင်း.....
ဒီနေရာမှာ ကျွန်တော်တစ်ခု စဉ်းစားမိတာက နောင်တချိန်မှာ မိခင်ဖြစ်မယ့် မိခင်များရဲ့ စိတ်ဓာတ်တွေဟာ ဒီလိုဖြစ်နေသမျှ နောင်လာမယ့် လူငယ်မျိုးဆက်တွေက တိုင်းပြည်ကို ဦးဆောင်နိုင်မယ့် မျိုးဆက်တွေ မဖြစ်ဘဲ ကိုယ့်ထက်သာ အဖေခေါ်နေမယ့် မျိုးဆက်တွေ ဖြစ်နေမှာတော့ ရင်လေးစွာ တွေးမိရင်းနဲ့ဘဲ ............
 လေးစားစွာဖြင့် ကိကိကို (Ki Ki Ko)