Search Box

Desktop ပေါ်တွင် Shutdown,Restart,Logoff Icon ပြုလုပ်နည်း

Desktop ပေါ်တွင် Shutdown,Restart,Logoff Icon ပြုလုပ်နည်း

အရင်ကလဲကျွန်တော်တင်ပေးဖူးပါတယ် အရင်ကတင်ပေးတာကတော့
software အသုံးပြုပြီးလုပ်ရတာပါ အခုတစ်ခါတော့ ဘာsoftware မှ
မလိုအပ်ပဲ Shutdown လုပ်ပေးတဲ့ နည်းပညာလေးပါ ...... 





1... Desktop ပေါ်မှာ R Click ပြီး New > Shortcut




2...Location ရွေးမယ်
Shutdown Icon ဆိုရင် ............ shutdown -s -t 0
Restart ဆိုရင် ................. shutdown -r -t 0
Logoff ဆိုရင်.................. shutdown -l -t 0
ဟူရိုက်လည့်ပါ
သေသေချာရိုက်ရမည်......

4..Next




5...Title ပေးပြီး Finish








6... Icon ပုံ ကိုပြောင်းချင်ရင်icon ပေးမှာ R Click ပြီး Properties ကနေ change icon ကိုရွေး
ကြိုက် တဲ့ ပုံ ရွေးပေါ့.....

7...ဒါဆိုရင် Desktop မှာ Shutdown Icon လေးတွေ့ရပါမယ်
:D Click လုပ်ပြီး Shutdown,Restart,Logoff တို့ ပြုလုပ်နိုင်ပါပြီ .......
အားလုံးလဲအဆင်ပြေမယ်လို့ထင်ပါတယ်ဗျား .....နားမလည်တာများရှိခဲ့ရင်မေးမြန်းနိုင်ပါသည် ....
 

remove pattern lock for android

remove pattern lock for android




Pattern Lock မေ့နေတဲ့သူငယ်ချင်းများအတွက် ဒီနည်းလမ်းလေးကတော့ ဖုန်းထဲက ဒေတာတွေ မပျက်ပါဘူး။ လိုအပ်ချုက်တော့ရှိပါတယ် ဖုန်းက root လုပ်ပြီးသားဖြစ်ရပါ့မယ်... နောက်တစ်ခုက Usb debugging on မိခဲ့ဖို့ပါ အဲဒီအချက်ကတော့ အရေးအကြီးဆုံးပါ။ အဲဒီအချက်တွေ ဖုန်းမှာ လုပ်ထားမိတယ်ဆိုရင်တော့ ဖုန်းကိုကွန်ပျူတာနဲ့ ချိတ်လိုက်ပါ။ ဒေါင်းလော့ဖိုင်ထဲက ဖိုင်လေးကို ဖြည်ပြီးတော့ အထဲက remove pattern ဆိုတဲ့ bat ဖိုင်လေးကို run လိုက်ပါ press any key to continue ဆိုပေါ်လာရင်တော့ enter တစ်ချက်နှိပ်လိုက်ပါ။  ဒါဆိုရင်တော့ pattern lock ကို လိုသလိုဆွဲနိုင်ပါပြီခင်ဗျာ။


Dropbox
>> Download <<
Download ယူနည်းများ

>>>   ကြည့်ရန် <<<


 ဒီ Post လေးကို Like လုပ်ပေးခြင်းဖြင့် မိမိရဲ့ FB ပေါ်မှာ Post လေးရောက်သွားမှာပါ ...

Speed Fox-Boots Firefox in a Single Click!

Speed Fox-Boots Firefox in a Single Click!

Firefox မြန်ဆန်လာအောင်သုံချင်ရင် ...
Your Firefox is working slowly?
Boost Firefox in a single click with SpeedyFox absolutely for free!
You get:
Boost Firefox startup in up to 3 times!
Speed-up browsing history
Quicker operation with cookie
Available for both Windows and Mac OS

Download:
SpeedyFox for Windows (460 KB)
SpeedyFox for Mac OS X (800 KB) (Universal binary)

ပြည်​သတင်း၊​ပေါက်​​ခေါင်းသတင်း၊သစ်​ထူးလွင်​သတင်းသုံးမျိုးလုံးကို ​ဆော့ဝဲတစ်​ခုတည်းမှဖက်​မယ်

ပြည်​သတင်း၊​ပေါက်​​ခေါင်းသတင်း၊သစ်​ထူးလွင်​သတင်းသုံးမျိုးလုံးကို ​ဆော့ဝဲတစ်​ခုတည်းမှဖက်​မယ်

ပြည်သတင်း + ပေါက်ခေါင်းသတင်း + သစ်ထူးလွင် သတင်းဆိုက်သုံးခု သတင်းတွေကို Android ပေါ်မှာ အလွယ်တကူ ဖတ်နိုရင်န် (မိတ်ဆွေတစ်ချို့ ပြုလုပ်ခိုင်းသည့်အတွက် အခြားအသုံးပြုလိုတဲ့ မိတ်ဆွေများပါ အသုံးပြုနိုရင်န်) Pyay News v 2.0 apk ကို ပြုလုပ်ပေးလိုက်ပါတယ်။ ဒီ apk ကို မိမိဖုန်းမှာ install လုပ်ထားရင် ပြည်သတင်း + ပေါက်ခေါင်းသတင်း + သစ်ထူးလွင် ဆိုက်သုံးခုမှာ တသင်မျှ သတင်းအသစ်တွေကို Online + Offline ဖတ်နိုမငှ်ာဖြစ်ပါတယ်ခဗင်ျာ။ အသုံးပြုလိုသူများ အောက်မှာပေးထားတဲ့ လိပ်စာသုံးခုမှ ကြိုက်နှစ်သ်ရကာကေန Download ယူ အသုံးပြုနိုပင်ါတယ်ခဗင်ျာ။ ယခု apk မှာတော့ web version ကိုပါ ပြောင်းလဲကြည့်နိုင်ခြင်း၊ နောက်ခံကို အဖြူ၊ အမဲ အေရာင်နှစ်မျိုးဖြင့် လွယ်ကူစွာ အသုံးပြုနိုင်ခြင်းတို့ကို ပြုလုပ်နိုင်​မှာဖြစ်ပါတယ်။
Download >>> https://www.dropbox.com/s/8p6p7ypr4y6kkeg/Pyay%20News%20v%202.0.apkDownload >>> https://www.dropbox.com/s/8p6p7ypr4y6kkeg/Pyay%20News%20v%202.0.apk
 
Credit - www.pyayblogger.com

ဆောင်းရာသီတွင် အသားအရေ ခြောက်သွေ့ခြင်းမှ ကာကွယ် နိုင်ရန်

ဆောင်းရာသီတွင် အသားအရေ ခြောက်သွေ့ခြင်းမှ ကာကွယ် နိုင်ရန်

ယခုနှစ်ကဲ့သို့ အအေး လွန်ကဲသော ဆောင်းရာသီတွင် အသားအရေ
ခြောက်သွေ့ခြင်းမှာ မလွဲမသွေ ကြုံတွေ့ရမည့် ပြဿနာ တစ်ခု ဖြစ်သည်။

ဆောင်းရာသီတွင် အပူချိန် ကျဆင်းခြင်း၊ လေထုထဲ၌ ရေငွေ့ ပါဝင်မှု နည်းခြင်း၊ အေးစက်သော လေပြင်းများ တိုက်ခတ်ခြင်းတို့က သင့်အသား အရေရဲ့အဆီဓာတ်ကို ခန်းခြောက်စေပြီး အသားအရေ ခြောက်သွေ့ခြင်းကို ဖြစ်ပွား စေပါသည်။ ထို့ကြောင့် အသားအရေ ခြောက်သွေ့ခြင်း မဖြစ်စေရန်

(၁) အသားအရေကို ရေဓာတ်ပြန်လည် ဖြည့်တင်းပေးသော ပစ္စည်းများသုံးပါ။

ထိုကဲ့သို့ ရေဓာတ်ပြန် ဖြည့်ပေးသော (moisturizer) များကို ရွေးရာ၌ ရေကို အခြေခံသော ပစ္စည်းများထက် အဆီကို အခြေခံသော moisturizerကို ပိုသုံး သင့်ပါသည်။ သို့မှသာ ယင်းအဆီက သင့်ရဲ့အရေပြားပေါ်တွင် အလွှာပါး တစ်ခု ဖြစ်ပေါ်စေပြီး ရေဓာတ်ဆုံးရှုံးမှုကို အခြား လိုးရှင်း တွေထက် ပိုလျော့ နည်းစေပါသည်။

(၂) ရေများများသောက်ပါ။

ဆောင်းတွင်း၌ အသားအရေ ခြောက်သွေ့ခြင်းကို ကာကွယ်ရန် တစ်ရက်ကို ရေတစ် လီတာမှ နှစ်လီတာခန့် သောက်သုံး သင့်ပါသည်။ ထို့အတူ အရည်ရွှမ်း သောအသီးများ ဖြစ်သည့်ပန်းသီး၊ သခွားသီးကဲ့သို့ အသီးများအား စားသုံးသင့် ပါသည်။ ထိုအစာများက သင့်ရဲ့အစာ စားချင်စိတ်ကို ထိန်းချုပ် ပေးနိုင်သည့် အပြင် သင့်အသား အရေကို တစ်နေကုန် ရေဓာတ်ပြည့်ဝ နေစေ ပါသည်။

(၃) နေရောင်ကာ ခရင်မ်သုံးပါ။

နေရောင်ကာ ခရင်မ်ကို နွေရာသီမှာပဲ သုံးရမည့် ဆိုသည့်အတွေးကို ခေါင်းထဲက ထုတ်ပစ် လိုက်ပါ။ ဆောင်းရာသီ နေရောင် ကလည်း သင့်အသား အရေကို ပျက်စီး စေနိုင်ပါသည်။ ထို့ကြောင့် လမ်းမထွက်မီ နေရောင်ကာ ခရင်မ်ကို မျက်နှာနဲ့ အခြားနေရောင်နှင့် ထိတွေ့သည့် နေရာများကို လိမ်းထား သင့်ပါသည်။ အကယ်၍ အချိန်ကြာကြာနေ မည်ဆိုလျှင် ထပ်မံလိမ်း သင့်ပါသည်။

(၄) ငါးမှရရှိသော အဆီဆေးများကို သုံးပါ။

လေ့လာမှု တစ်ခုအရ ငါးမှရသော အိုမီဂါ-၃ အဆီဆေးလုံးက အလွန်အကျွံ ခြောက်သွေ့နေသော အသားအရေ ရှိသူများတွင်ပင် ရက်သတ္တပတ် အနည်းငယ်အတွင်း အသားအရေကို ပြန်လည် စိုပြည် လာကြောင်း တွေ့ရသည်။

(၅) အလွန်ပူသော ရေများကို ရှောင်ပါ။

ဆောင်းရာသီတွင် ရေနွေးကို အသုံးပြုခြင်းက အလွန်ဇိမ်ရှိ လှသော်လည်း ဆောင်းရာသီမှာ ရေနွေးကို သုံး၍ ရေချိုးခြင်း၊ မျက်နှာသစ်ခြင်းကို မလုပ်ရပါ။ ဤကဲ့သို့ လုပ်ခြင်းက မျက်နှာရှိ ဆံခြည်မျှင် သွေးကြောများ ပေါက်စေ၍ အဆီလွှာကို ပျက်စီးစေခြင်း၊ ရေဓာတ်ဆုံးရှုံးမှုကို အလွန်အကျွံ ဖြစ်စေပါသည်။ ထို့ကြောင့် ဂျိုဂျိုဘား (သို့မဟုတ်) ဗာဒံစေ့ဆီ အနည်းငယ်ခန့်ကို ချိုးမည့် ရေထဲသို့ ထည့်ပေးခြင်းက ဆောင်းရာသီမှာ သင့်အသား အရေကို အာဟာရ ပြည့်စေမှာပါ။

(၆) သင့်ရဲ့ ခြောက်သွေ့ကွဲအက်နေသည့် နှုတ်ခမ်းများကို မလျက်ပါနှင့်။

ဤကဲ့သို့ ပြုလုပ်ခြင်းက သင့်နှုတ်ခမ်းကို ပိုခြောက်စေပါသည်။ ဤကဲ့သို့ လျက်မည့်အစား နှုတ်ခမ်းဆီ၊ လိုးရှင်း သို့မဟုတ် သံလွင်ဆီနှင့် ပျားရည် အနည်းငယ် ရောပြီး နှုတ်ခမ်းကို သုတ်ထား သင့်ပါသည်။

(၇) လက်များကို ဂရုစိုက်ပါ။

အိပ်ရာ မ၀င်မီ လိုရှင်း တစ်မျိုးမျိုး သုံးပြီး အိပ်သင့် ပါသည်။

(၈) ခြေဖနောင့်ကွဲခြင်းကို ဂရုစိုက်ပါ။

ဆောင်းရာသီတွင် ခြေဖနောင့် ကွဲခြင်းက အလွန်နာကျင်သည့် ဝေဒနာကို ခံစား ရနိုင်ပါသည်။ ထိုနာကျင် နေခြင်းကို သက်သာစေရန် ရေနွေးနွေးထဲတွင် ခြေထောက်ကို စိမ်ပေး သင့်ပါသည်။ ထို့နောက် ခြေထောက်အား moisturizes (သို့မဟုတ်) မာဆက်ခရင်မ် တစ်မျိုးမျိုးအား လိမ်းပေးပြီး ညင်သာစွာ နှိပ်နယ် ပေးသင့်ပါသည်။ ခြေစွပ်ပွပွများနဲ့ ဖိနပ် ချောင်ချောင်များကို သုံးသင့်ပါသည်။

မိုင်ကိ

မြန်မာနိုင်ငံ၌ မိုဘိုင်းဖုန်းလိုင်းအသုံးပြုသူ ၆.၂၈ သန်းကျော်ရှိ

မြန်မာနိုင်ငံ၌ မိုဘိုင်းဖုန်းလိုင်းအသုံးပြုသူ ၆.၂၈ သန်းကျော်ရှိ

၁၉၉၅ ခုနှစ်မှ စတင်၍ ၂၀၁၂ ဇူလိုင်လအထိ မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်းလိုင်း အသုံးပြုသူသည် ၂ သန်း ၈ သိန်း ၅ သောင်းကျော်သာ ရှိခဲ့သော်လည်း ယနေ့အချိန်၌ မြန်မာနိုင်ငံ၌ မိုဘိုင်းဖုန်းအသုံးပြုသူအရေအတွက်သည် ၆.၂၈ သန်းကျော်သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။ ၂၀၁၁ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်း မိုဘိုင်းဖုန်းအသုံးပြုသူ အရေအတွက် ၁ သန်း ဝန်းကျင်သာ တိုးတက်လာခဲ့သော်လည်း ၂၀၁၃ ခုနှစ် ဧပြီလအတွင်း အစိုးရသည် တန်ဖိုးနည်းမိုဘိုင်းဖုန်းလိုင်းများကို လစဉ်ပုံမှန်အရေအတွက် သတ်မှတ်၍ ရောင်းချပေးလာခဲ့သည့် နောက်ပိုင်းမိုဘိုင်းဖုန်း အသုံးပြုအရေအတွက် တစ်ဟုန်ထိုး မြင့်တက်လာခဲ့သည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တစ်လလျှင် မိုဘိုင်းဖုန်း အရေအတွက် ၃ သိန်းခွဲကို ရရှိခဲ့ပြီး ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်း၌ အစိုးရသည် တစ်နိုင်ငံလုံးအတိုင်းအတာအတွက် တစ်လလျှင် မိုဘိုင်းဖုန်းအရေအတွက် ၁ သောင်းခန့်ကို တိုးမြှင့်ချထားပေးခဲ့သည်။

အစိုးရ၏ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၌ အိမ်ထောင်စုပေါင်း ၈.၇ သန်းကျော်ရှိပြီး အိမ်ထောင်စုပေါင်း ၁.၃၈ စုလျှင် မိုဘိုင်းဖုန်း ၁ လုံး ကိုင်ဆောင်ထားသည်ဟု သိရသည်။ အစိုးရအနေဖြင့် တန်ဖိုးနည်းဖုန်းလိုင်းများကို ဧပြီလမှစတင်၍ လိုင်းအရေအတွက် ၂.၄၈ သန်းကို ရောင်းချနိုင်ခဲ့ပြီးလာမည့် ၂၀၁၄ ခုနှစ်၊ ဧပြီလမတိုင်ခင်၌ တန်ဖိုးနည်းဖုန်းလိုင်း အနိမ့်ဆုံး ၈ သန်း ပြည့်မီအောင် ချထားပေးမည်ဟုသိရှိရသည်။ အလားတူ ၂၀၁၄ - ၂၀၁၅ ခုနှစ်၌ လိုင်းအင်အား ၁၈ သန်းကို တိုးချဲ့ချထားပေးမည်ြဖစ်သည့်အတွက် ၂၀၁၅ ခုနှစ်အရောက်တွင် မြန်မာနိုင်ငံ၏ တယ်လီဖုန်းသိပ်သည်းဆမှာ ၅၀ ရာခိုင်နှုန်းသို့ ရောက်ရှိလာမည်ဟု ခန့်မှန်းထားသည်။ အဆိုပါကဲ့သို့ မိုဘိုင်းဖုန်းလိုင်းများ ချထားပေးနိုင်ရန် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဝန်ကြီးဌာနသည် အခြေခံတည်ဆောက်ရေးများ လုပ်ကိုင်ရန် ပုဂ္ဂလိကကုမ္ပဏီ ၁၃ ခုနှင့် ပူးပေါင်းထားကြောင်း သိရသည်။

မြန်မာ့ဆက်သွယ်ရေးအနေဖြင့် ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်အတောအတွင်း GSM မိုဘိုင်းဖုန်းလိုင်းများကို ငွေကျပ် ၂ သိန်း ဈေးနှုန်းသတ်မှတ်၍ ရောင်းချပေးခဲ့သော်လည်း ရောင်းချရန်မျှော်မှန်းထားရှိသည့် အရေအတွက်အတိုင်း ပြည့်မီအောင် ရောင်းချနိုင်ခဲ့ခြင်းမရှိသော်လည်း ယခုနှစ် ၁၅၀၀ ကျပ်တန်စီမံကိန်း၌ ရောင်းချသည့်အရေအတွက်ထက် ဝယ်ယူလိုသည့်အရေအတွက် ပိုမိုများပြားခဲ့သည်။

မြင့်ကျော်လှိုင်
Internet Journal

Bill Gates ပြောတဲ့ အနာဂတ် အစီအစဉ်

Bill Gates ပြောတဲ့ အနာဂတ် အစီအစဉ်

လူတွေအတွက် အနဂတ် ဘဝဟာ အရေးကြီးတယ်။ ကျွန်တော်တို့ဟာ အနာဂတ်မှာ ယခုထက် ပိုကောင်းအောင် ပြုလုပ်နိုင်ရလိမ့်မယ်။ အနာဂတ်မှာ ယခုထက် ပိုကောင်းအောင် ဘယ်လိုလုပ်ဆောင်ရမလဲ ဆိုတဲ့ လမ်းစဉ်တွေကို ရှာဖွေရမယ်။။ ဒါကြောင့် ယနေ့မှစပြီး အနာဂတ်ကို ဆေးရောင်လှလှခြယ်ရအောင်။

အပေါ်က စာကတော့ Bill Gates ကပြောတဲ့ နိဒါန်း စာကြောင်းလေး ဖြစ်ပါတယ်။ သူသည် အစီအစဉ်များ ချမှတ်ပြီး အလုပ်လုပ်ရတာကို ယခုချက်ချင်း ထပြီး လုပ်တာထက် ပိုပြီး စွဲလမ်းပါတယ်လို့ ဆိုပါတယ်။ သူဟာ အစည်းအဝေးတစ်ခုကို သွားရင် အရေးကြီးတဲ့ အရာတွေကို ထိပ်ဆုံးမှာ ထားပြီး ပြောပါတယ်လို့ ဆိုပါတယ်။ နောက်မှ အရေးမကြီးတဲ့ အရာတွေကို ပြောပါတယ်။ ဘာကြောင့် အရေးကြီးတာတွေကို အရင်ပြောသလဲ ဆိုတော့ လူတွေဟာ စကားတွေ အရမ်းနားထောင် ရတာများရင် ငြီးငွေ့သွားတတ်လို့ပါလို့ သူကဆိုပါတယ်။

Bill Gates က သူများတွေ မလုပ်တဲ့ အလုပ်တွေကို လုပ်ရတာကို ပို၍ နှစ်သက်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အဲဒီ အလုပ်က မှန်ကန်သော အလုပ် ဖြစ်ဖို့တော့ လိုပါတယ်လို့သူကပြောပါတယ်။ ကမ္ဘာပေါ်မှာ လူငါးယောက်ရှိရင် နှစ်ယောက်လောက်ပဲ ကိုယ်ပိုင် ထုတ်ကုန်ကို ထုတ်နိုင်ကြတယ်။ ဥပမာ - လူတစ်ယောက်သည် ဖုန်းပြင်တတ်သည်။ လူတစ်ယောက်သည် ကွန်ပျူတာ ပြင်တတ်သည်။ အဲဒါကို ထုတ်ကုန်ဟုခေါ်ပါသည်။

လူတိုင်းမှာ အကောင်းဆုံး အတွေးခေါ်ကောင်းတွေ ရှိဖို့ဟာ အလွန်အရေးပါတယ်။ သို့မှသာ အနာဂတ်အတွက် ကောင်းစွာ ဖန်းတီးနိုင်လိမ့်မယ်။ တီထွင်မှုတွေ ပြုလုပ်ရာမှာ အမှားတွေ ဖြစ်မှာကို စိုးရိမ်နေစရာ မလိုပါဘူး။ အမှားတွေဟာ အမှန်တွေဆီကို ရောက်ရှိစေဖို့ လမ်းစဖြစ်တယ်လို့Bill Gates က ဆိုပါတယ်။

ကျော်လင်းနိုင် ( smart.com.mm )

ဘယ်အချိန်ဟာ အိမ်ထောင်ပြုဖို့ အသင့်တော်ဆုံးလဲ

ဘယ်အချိန်ဟာ အိမ်ထောင်ပြုဖို့ အသင့်တော်ဆုံးလဲ

တစ်ယောက်နဲ့ တစ်ယောက် မေတ္တာမျှတဲ့ အဆင့်ကနေ ဇနီးနဲ့ခင်ပွန်း အဖြစ်ပြောင်းလဲပစ်ဖို့ ဘယ်အချိန်ဟာ အသင့်တော် ဆုံးပါလဲ။ ချစ်သူတွေ တစ်စုံတွဲနဲ့ တစ်စုံတွဲတော့ တူကြမှာမဟုတ်ပါဘူး။ သင့်တို့အတွက် အချိန်တန်ပြီ လို့ ခံစားမိလိုက်တဲ့ အချိန်မှာ အိမ်ထောင်ပြုသင့်ပါတယ်။ အရေးကြီးတာက လူမှုပတ်ဝန်းကျင် လည်းမဟုတ်သလို၊ သင့်မိသားစုလည်း မဟုတ်ပါဘူး။ အရေးကြီးဆုံးက သင်တို့နှစ်ယောက်ပါပဲ။

သင်တို့ချစ်သူနှစ်ဦးက အရူးအမူးဖြစ်လာကြတဲ့အချိန်၊ တစ်ယောက်နဲ့တစ်ယောက် သေချာပြီဆိုတဲ့အချိန်၊ ခြေအစခေါင်းအဆုံး၊ နဖူးကအစ ခြေမအဆုံး ချစ်တတ်လာကြတဲ့အချိန် လက်ထပ်လိုက်သင့်ပါတယ်။ တစ်ဦးတည်း တစ်ဖက်သတ် ဖြစ်နေလို့တော့ မရပါဘူး။ နှစ်ဦးစလုံးဟာ ထပ်တူညီမျှလာတဲ့ တစ်နေ့ပေါ့။ သင့်ချစ်သူဟာ လူသန်းပေါင်းများစွာထဲကမှ သင့်အတွက် တစ်ဦးတည်းသောတစ်ယောက် ဖြစ်တယ်လို့၊ သူ့လိုလူ မရှိနိုင်တော့ဘူးလို့ ခံစားလာရပြီ ဆိုရင် လက်ထပ်ဖို့ အသင့်တော်ဆုံး အချိန်ပါပဲ။ မေတ္တာမျှ လို့ အဖန်ဖန် အထပ်ထပ် ချိန်းတွေ့လာခဲ့ပြီးမှ သူ့ကို မယူတော့ဘူးဆိုရင်တော့ သင့်လောက် မိုက်မဲတဲ့သူ ဒီကမ္ဘာမှာ ရှိတော့မှာ မဟုတ်ပါဘူး။

အိမ်ထောင်ပြုခြင်း ရဲ့ အဓိပ္ပါယ်ကို ကောင်းကောင်း သဘောပေါက်ဖို့ အရွယ်ရောက် ရင့်ကျက်နေပြီ၊ အိမ်ထောင်ပြုဖို့ အဆင်သင့်အခြေအနေလဲ ရှိနေပြီ၊ သင့်ချစ်သူကို အပြည့်အ၀ တာဝန်ယူဖို့သင့် နေပြီ ဆိုရင် သင့်ချစ်သူကို ငွေရေးကြေးရေးအရရော၊ စိတ်ခွန်အားပေးတာရော ထောက်ပံ့ပေးလိုက်ပါ။ အိမ်ထောင်ပြု တယ်ဆိုတာ တကယ့်ကို အပြောင်းလဲကြီးတစ်ရပ်၊ ရိုးမြေကျတဲ့အထိ သူနဲ့ သင့်ရဲ့ဘ၀ကို အေးအတူပူအမျှ ဝေငှ နေထိုင်သွားကြရမှာ ဖြစ်တယ်လို့ သင်သဘောပေါက်နားလည် ထားရမှာပါ။

သင်တို့နှစ်ယောက်သာ အသိတရားရှိတဲ့သူတွေ၊ တစ်ယောက်နဲ့တစ်ယောက် အမှန်တကယ် မေတ္တာမျှနေကြ တဲ့သူတွေဆိုရင် အပြန်အလှန် လေးစားမှုရှိပါ။ အငြင်းပွား စကားများကြတဲ့ အခါမှာလည်း လူကြီးဆန်ဆန် ဖြေရှင်းပါ၊ ရင်ဖွင့်ပါ၊ ၆နှစ်သား ကလေးတွေလို အတွေးမသိမ်ပါနဲ့။ သဘောထားမတိုက် ဆိုင်မှုဆိုတာ ဘ၀မှာ ကြုံတွေ့နေကျ အရာတစ်ခု ဖြစ်ပါတယ်။ မတွေ့ကြုံ ချင်ဘဲ ရှောင်ပုန်းလို့ရတဲ့ အရာတစ်ခုမဟုတ်ပါဘူး။ သင့်တို့နှစ်ယောက်က တစ်ဖွဲ့တည်း၊ တစ်ဘက်တည်းလေ။ တစ်ယောက်က တစ်ယောက်ထက် သာတယ် နိုင်တယ်ဆိုတာလည်း မဖြစ်ရဘူး။ ရိုးသားမှုရှိရမယ်။ ပွင့်လင်းရမယ်။ တစ်ယောက်ရဲ့ အိပ်မက်တွေ၊ ယုံကြည်ချက်ပျောက်ဆုံးမှုတွေ၊ ပြုမိတဲ့ အမှားတွေကို နောက်တစ်ယောက်က ဝေငှ ခံစားနိုင်စွမ်း ရှိရမယ်။

အိမ်ထောင်ပြုဖို့ အဆင်သင့်ဖြစ်ပြီလား၊ အချိန်အတော်ကြာ စောင့်ခဲ့ရပြီးပြီလား။ သင့်ရဲ့ ဘ၀မှာ အလုပ်အကိုင် အတည်တကျနဲ့ အခြေတကျ ဖြစ်နေပြီလား။ ပြင်းပြတဲ့ ရည်မှန်းချက် ပန်းတိုင်တစ်ခုကိုရော သိမြင်နေပြီလား။ မိသားစုဆိုတာဖြစ်လာရင်၊ ကလေးတွေရလာရင် ဘာတွေရှိထား သိထားသင့်တယ်ဆိုတာကို သိရဲ့လား။ ပတ်ဝန်းကျင်လူအသိုင်းအ၀ိုင်းကြောင့်ပဲ ဖြစ်ဖြစ်၊ မိသားစု ဖိအားတွေကြောင့်ပဲဖြစ်ဖြစ်၊ အသက်ကြီးလာပြီလေ ဆိုတဲ့ အသိကြောင့်ပဲ ဖြစ်ဖြစ် အတင်းကြီး လုပ်ယူပြီး အိမ်ထောင်ပြုတာမျိုးလဲ မဖြစ်သင့်ပါဘူး။

အဲ့ဒီ့တော့ အိမ်ထောင်ပြုဖို့ အသင့်တော်ဆုံး အသက်အရွယ်ဆိုတာ မရှိပါဘူး။ သင်တို့ ချစ်သူနှစ်ယောက်သာ ဘယ်အချိန်ဟာ အသင့်တော်ဆုံးဆိုတာ သိကြမှာပါ။ အသေအချာပါပဲ ဆိုတဲ့တစ်နေ့၊ မင်းလောက် ကိုယ့်အပေါ် ဘယ်သူမှ မကောင်းဘူး ဆိုတဲ့ တစ်နေ့မှာ လက်ထပ်လိုက်ပါ။ အဲ့ဒီ့လို ချစ်သူမျိုးဆိုတာ အသက်အရွယ် မရွေးဖြစ်နိုင်ပါတယ်။ ပုံသေသတ်မှတ်ချက် ဘောင်အကန့် ဆိုတာမရှိပါဘူး။ အရေးကြီးတာက သင့်တို့ ချစ်သူနှစ်ယောက် ဟာ တစ်စိတ်တည်းတစ်ဝမ်းတည်း ဖြစ်ဖို့ပါပဲ။ ဒီလိုဖြစ်နေပါပြီ ဆိုရင်တော့ ဒီဆောင်းပါးရဲ့ ခေါင်းစဉ်လေးကို အတူတူဖြေကြည့် လိုက်ကြပါဦးနော်။

Ref:mensxp

သီဟနိုင်

MMAS Zawgyi Changer 2 v1.0.4 for Android ( Latest update)

MMAS Zawgyi Changer 2 v1.0.4 for Android ( Latest update) ---------------------------------------------------------------------

MMAS Zawgyi Changer 2 v1.0.4 for Android ( Latest update)
---------------------------------------------------------------------
Android ဖုန်းတွေကို မြန်မာဖောင့်ထည့်သွင်းဖို့ Mobile ဆော့ဝဲဖြစ်တဲ့ MMAS Zawgyi Changer 2 ကို version 1.0.4 အဖြစ် ထပ်မံထုတ်ပေးလိုက်ပါတယ်။ ဒီ version မှာတော့ Android 4.1 မှာတောင် မြန်မာစာ တော်တော်လေးအဆင်ပြေ/မှန်တယ်လို့ ရက်ပိုင်းအတွင်းမှာအရမ်းနာမည်ကြီးနေတဲ့ Dancing Zawgyi font ကို မြန်မာစာကီးဘုတ်နှင့်တကွထည့်သွင်းပေးမယ့် feature ကိုထပ်မံထည့်သွင်းပေးထားပါတယ်။ အခြားသော font များဖြစ်တဲ့ စံမြန်မာ ၊ ဇော်ဂျီ ( Original) ၊ ဇော်ဂျီ FONT for Sony ၊ Smart Zawgyi စတဲ့ font များကိုလည်း ပြောင်းလဲအသုံးပြုနိုင်မှာဖြစ်ပါတယ်။ Myanmar Font fix tool များလည်း MMAS Zawgyi Changer 2 v1.0.4 မှာပါဝင်ပါတယ်။ Android 4.1 နှင့်အထက်ဖုန်းများမှာ MMAS Zawgyi Changer 2 ကိုအသုံးပြုနိင်ပါတယ်။ ဖုန်းကို root လုပ်ထားဖို့လိုအပ်ပါတယ်။

MMAS Zawgyi Changer 2 v1.0.4 for Android ( Latest update) ကိုအောက်က link မှာရယူနိုင်ပါတယ်။

https://copy.com/DTTj4oi7lk3q
Credit - Panhtwar Tech 

(တရုတ်ဖောင့်မပျောက်တဲ့ ဇော်ဂျီဖောင့်ကတော့ ငါးခုမြောက် font ပြောင်းတဲ့ခလုတ်ပါ)

Huawei G610-U00 အတွက် Custom recovery

Huawei G610-U00 အတွက် Custom recovery

Huawei G610-U00 အတွက် Custom recovery တွေပါ နှစ်မျိုးထည်.ပေးလိုက်ပါတယ်
အင်္ဂလိပ်ဘားရှင်း တရုတ်ဘားရှင်းပါ
ဒေါင်းလို.ရတာလေးကိုဇစ်ဖြည်ချလိုက်ပါ
FlashTool.apk ကို install လုပ်ပါ
recovery.img ကို /sdcard အောက်ကိုပို.ပါ
Tool.apk ကို run ပါ
Rom Manage ကိုသွားပါ
Flash recovery ကိုရွေးပါ
အာ.ဆို reocvery သွင်းလို. ရပါပြီ
recovery mode ၀င်ရန် off device > volume up and power press & hold for moment
ဒါဆိုရင် google service တို. ဘာတို. custom rom တို. တင်လို. ရပါပြီ


http://koye9992.blogspot.com/2013/08/huawei-g610-u00-recovery.html

AirCon ပညာကိုလေ့လာလိုသည့် Mechanical Engineer များနဲ့ ကျောင်းသားများအတွက် Site ကောင်းလေးတစ်ခု

AirCon ပညာကိုလေ့လာလိုသည့် Mechanical Engineer များနဲ့ ကျောင်းသားများအတွက် Site ကောင်းလေးတစ်ခု



http://www.acmv.org/

မြန်မာဘာသာနဲ့ဖတ်ရှုနိုင်မယ့် PLC ,AirConditioning and Mechanical Ventilation ,M&E, Automation စသည့် Lecture များကိုလေ့လာနိုင်မည်ဖြစ်သည်။

ဒီ Site ထောင်သူကတော့ ကိုကောင်းထက်ညွန့်ဖြစ်ပါတယ်။

Profile

ကောင်းထက်ညွန့် ကို အဖ ဦးကံညွန့် နှင့် အမိဒေါ်ကြင်ယုံတို့မှ ၁၉၇၁ ခုနှစ်တွင်ဖွားမြင်ခဲ့သည်။

အ.မ.က (၅) ဒဂုံ ၊ အ.ထ.က (၂) ဒဂုံ နှင့် အ.ထ.က (ဧလာ) တို့တွင်ပညာသင်ကြားခဲ့သည်။ လယ်ဝေးမြို့ အခြေခံပညာ အထက်ကျောင်းမှ ၁၉၈၇ခုနှစ်တွင် အခြေခံပညာအထက်တန်းကို ဖြေဆို အောင်မြင်ခဲ့သည်။

၁၉၈၈ခုနှစ်တွင် ရန်ကုန်စက်မှုတက္ကသိုလ် (R.I.T) တက်ရောက်ခဲ့ပြီး ၁၉၉၅ခုနှစ်တွင် စက်မှုအင်ဂျင်နီယာဘွဲ့  B.E (Mechanical) ရရှိခဲ့သည်။

၂၀၀၀ခုနှစ်တွင် စင်ကာပူနိုင်ငံ အမျိုးသားတက္ကသိုလ် (National University of Singapore) မှ မဟာသိပ္ပံဘွဲ့ M.Sc (Mechanical Engineering) ရရှိခဲ့သည်။

၂၀၀၅ ခုနှစ်တွင် American Society of Heating, Refrigerating and Air-Conditioning Engineers အဖွဲ့ မှ Associate Member အဖြစ်လက်ခံခဲ့သည်။

၂၀၀၈ ခုနှစ်တွင် စင်ကာပူနိုင်ငံ Building & Construction Authority (BCA) မှ Green Mark Manager (GMM) အဖြစ်အသိအမှတ်ပြုခြင်းခံရသည်။

၂၀၀၉ ခုနှစ်တွင် အမေရိကန်နိုင်ငံ Green Building Council (US GBC) မှ Leadership in Energy and Environmental Design Professional (LEED AP) အဖြစ်အသိအမှတ်ပြုခြင်းခံရသည်။

၂၀၁၁ ခုနှစ်တွင် Professional Engineers Board Singapore မှ အသိအမှတ်ပြုသည့် Certified Data Center Professional လက်မှတ် ရရှိခဲ့သည်။

၂၀၁၂ ခုနှစ်တွင် စင်ကာပူနိုင်ငံ Building & Construction Authority (BCA) မှ Certified Green Mark Professional (GMP) အဖြစ်အသိအမှတ်ပြုခြင်းခံရသည်။

၂၀၁၂ ခုနှစ်တွင် စင်ကာပူနိုင်ငံ National University of Singapore ၏ Energy Sustainability Unit မှ ပေးအပ်သည့် Singapore Certified Energy Manager (Professional Level) လက်မှတ် ရရှိခဲ့သည်။

၂၀၁၃ ခုနှစ်တွင် BCA နှင့် NEA မှ Qualified Energy Services Specialists (formerly known as Key Qualified Persons) အဖြစ် အသိအမှတ်ပြုခြင်းခံရသည်။

ထုတ်ဝေပြီး စာအုပ်
(၁) Air Compressors and Compressed Air Systems

ထုတ်ဝေမည့် စာအုပ်များ

(၁) Air Conditioning and Mechanical Ventilation System - Volume One (Air Side)

(၂) HVAC Controls and Building Automation System

(၃) Chillers and Chilled Water Systems

(၄) Air Conditioning and Mechanical Ventilation System - Volume Two (Water Side)

(၅) Programmable Logic Controllers

-----------------------------------------
Nyein Chan (TSJ Tech Team)
-----------------------------------------

Mozilla Firefox

Firefox လိုချင်သူများအတွက် ............ Setup File လေးတင်ပေးလိုက်ပါတယ်.............................
>>>>>>>>Download<<<<<<<<<

Ki Ki Ko

စကားလက်ဆောင်

စကားလက်ဆောင်......................
အချစ်ဆိုတာ.....
ဘာလဲဆိုတာ
သိဖို့ထက်
ဘ၀ ဆိုတာ
ဘာလဲဆိုတာ
သိဖို့က
ပိုအရေးကြီးပါတယ်.........

                             Ki Ki Ko

အချစ်နဲ့အနုပညာ

ဒီတစ်ခါကတော့...... ၂၀၀၉ ခုနှစ် မတ်လ ထုတ် Youth မဂ္ဂဇင်းထဲက ကဗျာလေးပါကို ပြန်လည်ကူးယူ မျှဝေပေးတာပါ..
ကျွန်တော်ခုလို ကူးယူဖော်ပြတာဟာ ဘာစီးပွားရေးအတွက်မှမဟုတ်ဘဲ ကဗျာကောင်းလေးတွေ နစ်မြုပ်သွားမှာ
စိုးရိမ်တာကြောင့် ပြန်လည်ဖော်ပြပေးတာဖြစ်ပါတယ်...........

အချစ်နှင့် သူ၏အနုပညာ

စစ်

ဟိုတစ်နေ့က ပျင်းလို့ဆိုပြီး ၀တ္ထုစာအုပ်တစ်အုပ် ဖတ်လိုက်တယ်..ကျွန်တော်ကြိုက်တဲ့ စာရေးဆရာ
ကဗျာလေးတွေ အရေးကောင်းတဲ့ ဆရာ နတ်ရွာမိုးရဲ့စာအုပ်လေးပါ .. အဲ့ထဲက ကဗျာလေးတွေကို သဘောကြလို့
ကျွန်တော့် သူငယ်ချင်းတွေကို ပြန်လည်မျှဝေပေးတာပါ....   ဆရာကတော့ ကဗျာလေးတွေကို ခေါင်းစဉ်တက်ပေးမထားဘူး
ဆရာရေ အပြစ်တော့မဆိုပါနဲ့ ခေါင်းစဉ်လေးတော့ ကိုယ့်ဘာကိုယ်ပဲ တက်လိုက်ပါရစေ......

ကြံရည်


ကြံရည်

ခုတ်လှဲခံရတော့လည်း
ပျော်ပျော်ပဲ...
ခွာခြစ်လို့လည်း မငြီးတွားခဲ့ဘူး
ဒလိမ့်ဘီးတွေကြား
ခေင်းထိုးပြီး ရဲရဲတိုးဝင်
အဲဒီကြံချောင်းတွေရဲ့
တကိုယ်လုံးကနေ ယိုစီးလာတဲ့
သွေးကချိုတယ်....
တခွက်ခွက်နဲ့ အထုခံ
ရေခဲတုံးမျး
သူတို့ဘ၀ အားလုံး
အရည်ပျော်ခဲ့
အခု
ဖန်ခွက်ထဲက အမြုပ်ထနေတဲ့
ငါ့ကို..........
သောက်သုံးနေသူဟာ
ချစ်သူ...... မင်းဖြစ်ရဲ့......

                                    နှင်းသစ် PTU

ဝေးကွာခြင်း

ဝေးကွာခြင်း

လွန်ဆန်မရ
အခြေအနေက
ဖန်တီးလာသမျှ
ကိုယ်တို့
ဝေးနေကြပေမယ့်
နှုတ်ခမ်းဖျားကမဟုတ်ဘဲ
ရင်တွင်းစကားတစ်ခွန်းနဲ့
နှလုံးသားတွေကိုတော့
ဘယ်လိုအကြောင်းတရားကမှ
ဘယ်သောအခါမှ
ဝေးကွာသွားအောင်
စွမ်းဆောင်နိုငမှာ
မဟုတ်ဘူးဆိုတာ
ယုံကြည်လိုက်ပါချစ်သူ.....
လွန်ခဲ့တဲ့ ၃ နှစ်လောက် ကဗျာစာအုပ်လေးထဲက ကလောင်အမည်
 မုလေးရုံနဲ့ရေးထားတဲ့ ကဗျာလေးပါ................
                                                   မုလေးရုံ

ကိုယ့်ကိုတောင်သတ်သွားလောက်တယ်

ကိုယ့်ကိုကိုယ် တောင် သတ်သေသွားလောက်တယ်


ကိုယ့်ကိုကိုယ် တောင် သတ်သေသွားလောက်တယ် ...

စားသောက်ဆိုင်တစ်ခုမှာကောင်မလေး ၀ိတ်တာအား

"အော်ညီမလေး ABC ရလား"

"ဟုတ်ကဲ့ရှင် ရပါတယ်"

"အင်းဒါဆိုရင် AကနေZအထိရွတ်ပြ"

" ရှင်"
...
"စတာပါ ကျွဲရိုင်းရောရှိလား"

"ဟုတ်ရှိပါတယ်ရှင့်"

"ဒါဆိုသေချာခြံခတ်ထားစမ်းပါ
ကျွန်တော်ကကြောက်တတ်လို့"

"ရှင်"

"နောက်တာပါ ဟက်ဖရိုက်တစ်လုံးလောက်
ငုံးဥဟက်ဖရိုက်နော်"

"ခင်ဗျားလာနောက်နေတာလား"

"ပျော်တတ်လို့ပါ ခေါက်ဆွဲရှိသေးလား"

"ရှိသေးတယ်"

"အော် ရှိသေးရင်ဆက်ရောင်းလေ"

"ခင်ဗျားလွန်လာပြီနော်"

"စိတ်မဆိုးပါနဲ့ဗျာဟိုဟာလေထမင်းပေါင်း
ဆိုတာထမင်းအထီးနဲ့ထမင်းအမကို
မင်္ဂလာဆောင်ပေးထားတာလားဟင်"

"ခင်ဗျားဘာတွေလာပြောနေတာလဲ"

"မသိလို့မေးတာပါကြေးအိုးရလား"

"ရတယ်"(နည်းနည်းမာလာပြီ)

"ဒါဆိုသေချာဂျီးလေးဘာလေး
ပြောင်အောင်ချွတ်တိုက်ထားလိုက်နော်
ခနနေဒန်အိုးဒန်ခွက်ဝယ်တဲ့ကုလား
လွှတ်လိုက်မယ်"

"ခင်ဗျား နော်"

"ဟီး Coke ရလား"

"ရတယ်"

"အော် ရရင်ပြီးတာပဲ ကုတ်မရရင်
ကျွန်တော်ကုတ်ပေးမလို့"

"ခင်ဗျား လစ်လိုက်တော့ ရဲစခန်း
ဖုန်းဆက်လိုက်မယ် မဟုတ်ရင်"

ကဲကဲဒါဆို တကယ် မှာမယ် နော် ညီမလေး

ဟုတ်ကဲ့မှာပါရှင့်

အင်း....ကိုကြီးမရှိတုန်း ကျန်းမာရေးလဲဂရုစိုက်
အစားအသောက်လဲမှန်မှန်စား..........ဟုတ်ပီ လား

Credit - သတင်းဘုရင်

တိတ်တခိုး


တားမြစ်နယ်မြေ....


Viber အသုံးပြုသူများ သတိပြုစေရန်

Viber အသုံးပြုသူများ သတိပြုစေရန်
******************************
အခု ကိစ္စကို သိပြီးသားသူများလည်း ရှိမှာပါ မသိသေးတဲ့သူတွေအတွက် ကျွန်တော် သတိပေးချင်ပါတယ်။။
Viber အသုံးပြုသူများ အထူးသဖြင့် မိန်းကလေးအများစုကို သတိထားစေချင်ပါတယ်။
ကျွန်တော်တို့ အခု Viber မှာ Group Chat လေးတွေ လုပ်ပြီး အသုံးပြုလာကြပါတယ်။
ဒီအတွက်ကြောင့် ကျွန်တော်တို့မှာ ကောင်းကျိုးတွေရှိသလို ဆိုးကြိုးတွေလည်း ရှိပါတယ်။
ကောင်းကျိုးကတော့ သူငယ်ချင်းအသစ်တွေရရှိလာတယ်၊ ကိုယ့်သူငယ်ချင်းတွေ အများကြီးနဲ့
အချင်းချင်း စကားပြောလို့လည်းရလာပါတယ် စသည်ဖြင့်ပေါ့ဗျာ..။ အခုကျွန်တော်
ကျွန်တော်ပြောချင်တာကတော့ Viber မှာ ကျွန်တော်တို့တွေ ကိုယ့်ပုံကိုယ် တင်ပြီး အသုံးပြုလာ
ကြပါတယ်။ မိန်းကလေးတွေကလည်း ကိုယ့်ပုံကိုယ် တင်ပြီးအသုံးပြုကြတယ်.။ ကျွန်တော်တို့
အရင်က G-talk အသုံးပြုကြသလိုပေါ့။ အဲ့တုန်းကတော့ အကောင့်တွေadd ပြီးတော့ Chat ကြတာပေါ့
ဗျာ....။အခု Viber မှာက ဖုန်းနံပါတ်တွေနဲ့ဆိုတော့ ကိုယ့်ဖုန်းနံပါတ်တွေက ဖောင်းပွလာတာကိုတွေ့ရပါတယ်
အဲ့ဒီမှာမှ ပုံတွေတင်ပြီး အသုံးပြုလာကြတယ် ။
ဒီပုံတွေကို Download လုပ်လို့မရဘူးဆိုပြီး မိန်းကလေးတွေက ပုံတင်ကြပါတယ်။
ဒါပေမယ့် Viber ထဲမှာတော့ တစ်ယောက်နဲ့တစ်ယောက် ပို့တဲ့ပုံတွေကို Gallary မှာက Viber Photo
ဆိုပြီး ၀င်လာပါတယ်..။ ဒါပေမယ့် မိမိတင်ထားတဲ့ Profile Picture ကိုတော့ Gallary မှာ မ၀င်ပါဘူး။
ဒီလို မ၀င်ပေမယ့် မိမိ ရဲ့ SD Card ကို Computer မှာ ထိုးပြီး Viber Folder ကိုဖွင့်ကြည့်လိုက်မယ်ဆိုရင်
User Photo ထဲကို ဖွင့်ကြည့်လိုက်မယ်ဆိုရင် ကိုယ့်ဖုန်း Content ထဲက Viber အသုံးပြုသူများ တင်ထားတဲ့ ပုံတွေအားလုံးကို ကြည့်နိုင်ပါတယ်.။ တကယ်လို့များ မိန်းကလေးတစ်ယောက်ရဲ့ပုံကို
ဖုန်းနံပါတ်သိတဲ့ မသမာသူတစ်ယောက်ရဲ့ လက်ထဲမှာ ရောက်ရှိသွားခဲ့မှာကို ကြောက်ရတာမို့
မိန်းကလေး အများစု သတိထားကြဖို့ သတိပေးလိုက်ပါတယ်ခင်ဗျာ.............
KiKiKo

ကွန်ပျူတာနှင့်ပက်သက်ပြီး လူသိနည်းသော အကြောင်းအရာများ

ကွန်ပျူတာနှင့်ပက်သက်ပြီး လူသိနည်းသော အကြောင်းအရာများ

ယနေ့ခေတ်တွင် ကွန်ပျူတာသည် လုပ်ငန်းသုံးရော၊ ဖျော်ဖြေရေးအတွက်ပါ လွန်စွာအသုံးတွင်ကျယ်လာသော စက်ပစ္စည်းတစ်မျိုးဖြစ်သည်။ ကွန်ပျူတာနှင့်ပက်သက်သော software များ၊ Hardware များ တွင်တွင်ကျယ်ကျယ် သိကြသော်လည်း လူသိနည်းသော ကွန်ပျူတာနှင့်

Android Application တွေ Free ရနိုင်တဲ့ နိုင်ငံခြား ဘလော့ အချို့

Android Application တွေ Free ရနိုင်တဲ့ နိုင်ငံခြား ဘလော့ အချို့..


Android တွေခေတ်စားနေချိန်မှာ Android Application တွေ အလကားရနိုင်တဲ့ နိုင်ငံခြား ဘလော့ အချို့ကို ဖေါ်ပြပေးလိုက်ပါတယ်..

အောက်က စာရင်းပါ.. နောက်ထပ်လည်း ညွှန်းပေးပါအုံးမယ်..

  1. http://freeapkdownload.blogspot.com/
  2. http://ublackmartapkandroid.blogspot.com/
  3. http://download-android-apk-games.blogspot.com/
  4. http://apkarchived.blogspot.com/
  5. http://bestapk.blogspot.com/
  6. http://trendingappapk.blogspot.com/
  7. http://android-xtreme-apk.blogspot.com/
  8. http://androidyard.blogspot.com/
  9. http://apkfulldownloads.blogspot.com/
  10. http://downloadapk-apps.blogspot.com/
  11. http://apkappszone.blogspot.com/
  12. http://freesoftwar24.blogspot.com/search/label/Android
  13. http://plusmobiles.blogspot.com/
  14. http://androidapk292-download.blogspot.com/
  15. http://uandroidmarketplace.blogspot.com/
  16. http://z4root-apk.blogspot.com/

အဆင်ပြေကြပါစေ...

Credit - မောင်ပေါက်

GSM ဖုန်းတွေ အင်တာနတ်လိုင်း မြန်ချင်ရင်


Android ဖုန်းပေါ်မှာ GSM Internet သုံးတဲ့သူတွေ သိကြတဲ့အတိုင်းပါဘဲ..Connection က E  ပြောင်းလိုက်၊ 3G ပြောင်းလိုက် H ပြောင်းသွားလိုက်နဲ့ Connection ကကောင်းကိုမကောင်းပါဘူး..အခု 2012 နှစ်ကုန်ခါနီးမှာ ထွက်လာတဲ့ Android ဖုန်းတွေမှာကျတော့ GSM Mode ကနေ WCDMA Mode ကိုပြောင်းပေးတဲ့ စနစ်တွေ ထည့်သွင်းပေးလိုက်ပါတယ်..ဒါေ
ပမယ့် Android ဖုန်းတော်တော်များများမှာ တော့မပါရှိပါဘူး..ဒီလိုမပါရှိတဲ့ Android ဖုန်းတွေအတွက် Android Software လေးတစ်ခုတင်ပေးလိုက်ပါတယ်။ အသုံးပြုနည်းကတော့ Software ကိုဖုန်းထဲမှာ Install လုပ်ပြီးတာနဲ့ Software ကိုဖွင့်လိုက်ပါ..ပြီးတာနဲ့ ပုံမှာပြထားတဲ့အတိုင်း Set Preferred Network Type မှာ WCDMA Only သို့ပြောင်းပေးလိုက်ပါ။တစ်ခြားဘာမှ ပြောင်းလဲရန်၊ထည့်ရန်မလိုအပ်ပါဘူးနော်။
 ပြီးတာနဲ့ အင်တာနက် ကွန်နက်ရှင်ကိုဖွင့်ကြည့်လိုက်ပါ... H ဖြစ်နေတာကိုတွေ့ရသလို..အင်တာနက်လိုင်းလဲ အင်မတန်ကောင်းလာတာကို လက်တွေ့သိရမှာပါ..အရင်ကတော့ GSM ဖြစ်တဲ့အတွက်တစ်မိနစ် ၂ ကျပ်နှုန်းနဲ့ဖြတ်တာပါ..WCDMA Mode ပြောင်းလိုက်တဲ့အတွက် တစ်မိနစ် ၂ ကျပ်နှုန်းနဲ့ဖြတ်တော့တာမဟုတ်ပါဘူး..တစ်မိနစ် ၄ ကျပ်အဖြစ် ပြောင်းလဲပြီးဖြတ်နေတာကိုတွေ့ရပါတယ်။ ကဲ...အားလုံးဘဲ GSM အင်တာနက်အသုံးပြုပြီး လိုင်းမကောင်းခြင်းမှ လိုင်းကောင်းကြပါစေဗျာ.....
 
Download From Dev-Host  Soldifiles or Tusfiles or SendSpace

2013 Popular Fashion

2013 Popular Fashion

ကျွန်တော့် ဆရာတစ်ယောက်က ၀တ်ဆုံလေးတွေ တင်ပေးဖို့ပြောတာနဲ့ တင်ပေးလိုက်ရတာပါ.............











ဒါနဲ့မကျေနပ်ရင်
http://www.coniefoxdress.com/Prom-Dresses/Prom-Dresses-2013/plist523.html?gclid=CMeQno6Dq7oCFeYA4godIQsAgg
 ဒီမှာဝင်ကြည့်လို့ရပါတယ်ခင်ဗျာ

Download ဆွဲချင်သူများအတွက် PDF

Download ဆွဲချင်သူများအတွက် စာအုပ် ( ၃ ) အုပ်

ဆင်းရဲသောဖေဖေ ချမ်းသာသောဖေဖေ

ဇနီးလောင်းနှင့် မိန်းမကောာင်း

တာတေစနေသား ဦးနု

ရည်းစားစကား

ကျွန်တော်ရေးထားတဲ့ ကဗျာလေးတွေကို ကူးယူချင်တယ် ဆိုရင် Credit ပေးပြီး လွတ်လပ်စွာ ကူးယူနိုင်ပါတယ်ခင်ဗျာ..
စီးပွားရေးအရ ဖြန့်ချင်ဝေခွင့်ကိုတော့ ခွင့်ပြုမည်မဟုတ်ကြောင်း အသိပေးအပ်ပါတယ်ခင်ဗျာ .........

ဒူးထောက်မိပြီ

ဒီတစ်ခါကတော့ ကဗျာတွေ တင်ပေးပါလို့ တောင်းဆိုတဲ့ သူငယ်ချင်းတွေအတွက် ကဗျာလေးတွေ တင်ပေးတာပါ ။ ကဗျာက မတင်တာလည်း ကြာပါပြီ ....  ခုတော့  တင်ပေးလိုက်ပါပြီ ........
ရှုစားပေးကြပါဦး သူငယ်ချင်းတို့ရေ..............

စကားကြီး (၁၀) ခွန်း

ဒါကတော့ ဗဟုသုတ အနေနဲ့ပဲတင်ပေးတာပါ သိပြီးသားသူတွေကတော့ များမှာပါဗျာ ကျနော်က မသိသေးတဲ့ သူငယ်ချင်းတွေအတွက် တင်ပေးလိုက်တာပါ .........

စကားကြီး ( ၁၀ ) ခွန်း


  ၁။ ရေကူးညှာတင်
  ၂။ ကောက်ပင်ရိတ်လှီး
  ၃။ ရေးစီးဖောင်ဆန်
  ၄။အိုးတန်ဆန်ခတ်
  ၅။ ဆီပွတ်ကျည်ပွေ့
  ၆။ ဆင်ဝှေ့ရန်ရှောင်
  ၇။ တောင်သူယာခုတ်
  ၈။ ကြက်ဆုပ်မှတ်ပစ်
  ၉။ ရေစစ်ကရား
၁၀။ ခက်တင်မောင်းနှင်


သိမှတ်ဖွယ်ရာနေ့ရက်များ

သိမှတ်ဖွယ်ရာ နေ့ရက်များ


Telenor ငွေဖြည့်ကတ်များ စတင် ဝယ်ယူစဉ် တစ်နာရီထက် မနည်းအခမဲ့ ပြောနိုင်မည် ဖြစ်ပြီး ဝန်ထမ်း ၃ဝဝဝ ကိုလည်း အလုပ်ခန့် ထားနိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိ

Telenor ငွေဖြည့်ကတ်များ စတင် ဝယ်ယူစဉ် တစ်နာရီထက် မနည်းအခမဲ့ ပြောနိုင်မည် ဖြစ်ပြီး ဝန်ထမ်း ၃ဝဝဝ ကိုလည်း အလုပ်ခန့် ထားနိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိ



နော်ဝေနိုင်ငံ အစိုးရ၏ ရှယ်ယာ ထက်ဝက်ကျော် ပါဝင်သော Telenor ဆက်သွယ်ရေး ကုမ္ပဏီက မြန်မာနိုင်ငံရှိ လူဦးရေ သန်း ၆ဝ ကို ကိုယ်စီ
ကိုယ်ငှ ဖုန်းအသုံးပြု နိုင်စေရန် ရည်ရွယ်၍ လုပ်ဆောင်နေ သကဲ့သို့ စထုတ်မည့် ငွေဖြည့်ကတ်များတွင် တစ်နာရီစာထက်မနည်း အခမဲ့ပြောဆို
နိုင်အောင် စီစဉ်နေပြီး အခြားသော ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ ကိုလည်း လုပ်ဆောင်ပေးမည် ဖြစ်သည်။ ဤသို့ဖြင့် မြန်မာပြည်သူ အားလုံးကို မိုဘိုင်းလ်ဖုန်း ပြောနိုင်သူများ ဖြစ်စေရန် ဆောင်ရွက်
ပေးသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ Telenor ၏ CEO Mr. Petter Furberg က ပြောကြားခဲ့သည်။

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း လုပ်ပိုင်ခွင့်ကို ဇွန် ၂၇ ရက်က ချပေး
ခဲ့ပြီးနောက် နော်ဝေ ကုမ္ပဏီနှင့် ကာတာ ကုမ္ပဏီတို့ လုပ်ကိုင်ခွင့်တင်ဒါ
အောင်မြင်ခဲ့ပြီး နော်ဝေကုမ္ပဏီက ဒုတိယအကြိမ်အဖြစ်သတင်းစာရှင်းလင်း
ပွဲပြုလုပ်ကာ အတိအလင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ ပထမအကြိမ် သတင်းစာ ရှင်းလင်းပွဲတွင် ဖုန်းခေါ်ဆိုခ တစ်မိနစ် ၂၅ ကျပ် အောက်နှုန်း
ဖြင့်သာ ကောက်ခံသွားမည် ဟုဆိုခဲ့သော အဆိုပါ ကုမ္ပဏီမှာ ယခုဒုတိယ
အကြိမ် သတင်းစာ ရှင်းလင်းပွဲတွင် တစ်မိနစ် ၂၅ကျပ်ဖြင့် ကောက်ခံသွား
မည် ဖြစ်ပြီး ငွေဖြည့်ကတ် ဝယ်ယူ သူများကို တစ်နာရီစာ ထက်မနည်း အခမဲ့ဖုန်းပြော ဆိုနိုင်ရန် ဆောင်ရွက် သွားမည့် အပြင် Telenor ဝန်ထမ်း အလုပ်သမား ၃ဝဝဝ ကိုလည်း ဘင်နာရေး ကုမ္ပဏီနှင့် ပေါင်းစပ်ခေါ်ယူ၍ လုပ်ငန်းခွင် ကျွမ်းကျင် သင်တန်းများကို ပြည်တွင်းနှင့် ပြည်ပနိုင်ငံများသို့ သွားရောက် သင်ယူစေမည် ဖြစ်ကြောင်း မြန်မာနိုင်ငံအတွက် အလုပ်အကိုင်
ခန့် ထားပေးမည့် အရာရှိ Ms.Kaewsrin- garm က အတည်ပြု ပြောကြား
ခဲ့သည်။

Telenor ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံတွင် အင်တာနက် လုပ်ငန်းနှင့် မိုဘိုင်းလ်ဖုန်း ဈေးကွက် ရရှိထားသော ကုမ္ပဏီများနှင့် MOU ရေးထိုး
ထားပြီး နည်းပညာအရ စိတ်ချရသော ကုမ္ပဏီများဖြင့်သာ လုပ်ကိုင်မည်
ဖြစ်ကြောင်း သိရသည်။

Telenor ကုမ္ပဏီ၏ ရှယ်ယာအများစု ကိုပိုင်ဆိုင်သော ထိုင်းနိုင်ငံအခြေစိုက် dtac ကုမ္ပဏီတွင် ဝန်ထမ်းအင်အား ၅ဝဝဝ ခန့်ထားပြီး မြန်မာနိုင်ငံအတွက် ဝန်ထမ်း ၃ဝဝဝ ကို သြဂုတ် ၁၃ ရက်မှစတင်၍ အလုပ် လျှောက်ထားနိုင်ရန်
ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။ Telenor ကိုပြည်သူတိုင်း အသုံးပြုနိုင်ရန် အတွက် ပြည်သူ့ရေးရာ ဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်း
များကိုလည်း ဆောင်ရွက်သွားမည် ဖြစ်သည်။ ထို့အပြင် အဆင့်မြင့်နည်း ပညာများကိုလည်း ဝန်ထမ်းများအပြင် ပြင်ပမှတက် ရောက်ချင်သူများကိုပါ တက်ရောက် ခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။

ဝန်ထမ်းလစာ ပေးချေမှုများကို ဒေါ်လာအတက်အကျကြောင့် နစ်နာမှုများ မဖြစ်ပေါ်စေရန် မြန်မာကျပ်ငွေ ဖြင့်သာခန့်ထားပေးချေ သွားမည်ဖြစ်ပြီး လစာပေးချေမှုအပေါ်မကျေနပ်မှုများ မဖြစ်ပေါ်စေရန် နိုင်ငံတကာ စံနှုန်း
များထက် မနည်းစေရန် ပေးချေသွားမည် ဖြစ်ကြောင်း သိရသည်။ ဝန်ထမ်း ခန့်ထားရာတွင် ပြည်ပတွင် ရောက်ရှိနေပြီး မြန်မာပြည် ပြန်လာချင်သူ ကျွမ်းကျင်သူများကို အဓိက ခေါ်ယူသွားမည် ဖြစ်ကြောင်း သိရသည်။

_______________________________

မြ၀တီ ၏စာမျက်နှာမှ ကူးယူဖော်ပြပါသည်။

First Look: ဘက်စုံသုံး စမတ်ဖုန်း (သို့) ALCATEL ONE TOUCH HERO

First Look: ဘက်စုံသုံး စမတ်ဖုန်း (သို့) ALCATEL ONE TOUCH HERO


IFA 2013 နည်းပညာပြပွဲရဲ့ အထူးခြားဆုံးသော စမတ်ဖုန်းအား ရွေးချယ်ပါဆိုလျှင် ALCATEL ONE TOUCH HERO အား ရွေးချယ်ရပါလိမ့်မယ်။

ဘာဖြစ်လို့လဲဆိုတော့ ဒီစမတ်ဖုန်းဟာ “ဘက်စုံသုံး” ဆိုတဲ့ အခေါ်အဝေါနဲ့ အမှန်တကယ်ကို လိုက်ဖက်တဲ့ ပထမဆုံးသော စမတ်ဖုန်း ဖြစ်နေလို့ပါပဲ။ ကြီးမားကျယ်ပြန့်ပြီး ပုံထွက်ကောင်းမွန်လှတဲ့ ၆ လက်မ အရွယ် မျက်နှာပြင်နဲ့ စွမ်းဆောင်ရည် မြင့်မားလှတဲ့ အချက်တွေအပြင် Stylus Pen ၊ E Ink သုံး အဖုန်းနဲ့ Pico ပရော်ဂျက်တာတို့ကိုပါ အသုံးပြုနိုင်မှာ ဖြစ်တာကြောင့် အိမ်သုံး၊ ရုံးသုံး၊ ကျောင်းသုံး အဖြစ် ဘက်စုံသုံးနိုင်အောင် အဖက်ဖက်က ပြီးပြည့်စုံနေတဲ့ စမတ်ဖုန်းပါပဲ။

ALCATEL ONE TOUCH HERO ရဲ့ ၆ လက်မ မျက်နှာပြင်ရဲ့ ပုံထွက်နှုန်းဟာ 1920 x 1080 pixel ရှိလို့ Full HD မျက်နှာပြင်ပဲ ဖြစ်ပါတယ်။ လက်ရာမထင်အောင်လည်း Oleophobic အလွှာပါး ဖုန်းအုပ်ပေးထားပါတယ်။

စက်ပိုင်းဆိုင်ရာမှာတော့ quad-core ပရော်ဆက်ဆာ၊ 2GB RAM နဲ့ 8GB (သို့) 16GB သိုမှီးမှုပါမာဏတို့ကို ထည့်သွင်းပေးထားပါတယ်။ ထူးခြားတာကတော့ 16GB မော်ဒယ်မှာ ဆင်းမ်ကဒ် ၂ ကဒ် ထည့်သွင်းလို့ ရမှာဖြစ်ပါတယ်။ 32GB ပမာဏအထိ ထည့်သွင်းနိုင်မယ့် microSD အပေါက်နဲ့ 3400 mAh အားရှိတဲ့ ဘက္ကထရီကိုလည်း တပ်ဆင်ပေးထားပါတယ်။

HERO ကို အမှတ်မထင်ကြည့်ရင် Samsung Galaxy Note II နဲ့ တူသယောင်ရှိနေပြီး ပါဝင်တဲ့ Stylus Pen ဟာလည်း Note ရဲ့ Stylus နဲ့ ဆင်နေပြန်ပါတယ်။ ဒီစမတ်ဖုန်းရဲ့ စွမ်းဆောင်ရည်နဲ့ လုပ်ဆောင်ချက်တွေက ထူးခြားပြီး ကောင်းမွန်နေတာတော့ မဟုတ်ပါဘူး။ ဒီစမတ်ဖုန်းနဲ့ တွဲဖက်ပြီး အသုံးပြုဖို့ သီးသန့်ထုတ်လုပ် ပေးထားတဲ့ ပစ္စည်းလေးတွေနဲ့ ပေါင်းစပ်လိုက်တဲ့ အခါကျမှသာ “ဘက်စုံသုံး” စမတ်ဖုန်းတစ်ခု ဖြစ်လာမှာပါ။

ပထမဆုံး ပစ္စည်းကတော့ TV Link ခေါ် မိမိရဲ့ တီဗီနဲ့ ကြိုးမဲ့ချိတ်ဆက်ပြီး ဖုန်းပေါ်မှာ ပေါ်နေသည့် မြင်ကွင်းအား တိုက်ရိုက် ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
HERO ရဲ့ အနောက်ဖက် ညာဖက်ခြမ်းမှာ pin တွေ တပ်ဆင်ထားတာကို တွေ့နိုင်ပါတယ်။ ဒီ Pin တွေဟာ ကြိုးမဲ့အားသွင်းနိုင်တဲ့ case နဲ့ LED မီးလုံးလေးတွေနဲ့ notification တွေကို ဖော်ပြပေးနိုင်တဲ့ Megaflip လို့ခေါ်တဲ့ case တို့ကို ချိတ်ဆက်တပ်ဆင်နိုင်မှာ ဖြစ်ပါတယ်။

ဤ ထပ်ဆောင်းပစ္စည်းများအနက် အထူးခြားဆုံးကတော့ E Ink မြင်ကွင်း တပ်ဆင်ထားတဲ့ cover ပဲဖြစ်ပါတယ်။ ဒီ E Ink မြင်ကွင်းကို အသုံးပြုပြီး စာဖတ်ခြင်း ၊ text message ကြည့်ခြင်းနဲ့ အခြားသော အချက်အလက်များကို ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။

နောက်ဆုံး ထပ်ဆောင်းပစ္စည်းကတော့ Pico ပရော်ဂျက်တာပဲ ဖြစ်ပါတယ်။ အထက်မှာ ဖော်ပြထားတဲ့ pin တွေနဲ့ ချိတ်ဆက်ပြီး အသုံးပြုနိုင်မယ့် ဤ ပရော်ဂျက်တာလေးဟာ HERO စမတ်ဖုန်းအတွက် သီးသန့် ထုတ်လုပ်ထားတာဖြစ်ပြီး လက်မ ၇၀ အရွယ် မြင်ကွင်းအား ချိန်ထိုးဖော်ပြ ပေးနိုင်မယ်လို့ သိရှိရပါတယ်။

HERO အား အဖြူ၊ အနက်နှင့် အပြာရောင်များဖြင့် ထုတ်လုပ်သွားမယ်လို့ သိရှိရပြီး ဈေးနှုန်းနှင့် စတင်ဖြန့်ချိမည့် အချိန်တို့ကိုမူ မသိရှိရသေးပါ။

ဓမ္မောဒယ ဘုန်းတော်ကြီးကျောင်းတွင် IT နည်းပညာဟောပြောပွဲကျင်းပ

ဓမ္မောဒယ ဘုန်းတော်ကြီးကျောင်းတွင် IT နည်းပညာဟောပြောပွဲကျင်းပ


15.10.2013 နေ့လည် 1 နာရီမှ 3 နာရီတွင် IT နှင့်ပတ်သက်သော နည်းပညာအကြောင်းနှင့် အခြားအထွေထွေအကြောင်းများကို ကလေးများအား ဗဟုသုတရစေလိုသော ဆန္ဒဖြင့် ပဲခူးတိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းနှင့် ကွန်ပျူတာလုပ်ငန်းရှင်များအသင်း (ပြည်ရုံးခွဲ) မှ အသင်းသားများမှ စုပေါင်းပြီး ဟောပြောဆွေးနွေးခဲ့ကြပါသည်။

အခမ်းအနားကို အောက်ပါအစီစဉ်အတိုင်း ကျင်းပခဲ့ကြပါသည်။

1. အခန်းအနား အစီစဉ်စတင်ကြောင်း ကြေငြာခြင်း
2. ကွန်ပျူတာလုပ်ငန်းရှင်အသင်းမှ ဒု ဥက္ကဌ ဦးကျော်မိုးခိုင်မှ အဖွင့်အမှာစကားပြောကြားခြင်း
3. ကွန်ပျူတာလုပ်ငန်းရှင်အသင်းမှ ဦးညီညီနိုင်မှ ကွန်ပျူတာအခြေခံအကြောင်းပြောကြားခြင်း
4. ကွန်ပျူတာလုပ်ငန်းရှင်အသင်းမှ ဦးကိုကိုဝင်းမှ Internet အသုံးပြုရခြင်း၏ အကြောင်းရင်းပြောကြားခြင်း
5. ကွန်ပျူတာပညာရှင်များအသင်းမှ ဦးကိုကိုခိုင်မှ လူငယ်များနှင့်အမေးအဖြေကို ပြောကြားခြင်း
6. ကွန်ပျူတာပညာရှင်များအသင်းမှ ဒု ဥက္ကဌ ဦးရဲမြင့်အောင်မှ ကွန်ပျူတာသိကောင်းစရာများပြောကြားခြင်း
7. ကွန်ပျူတာလုပ်ငန်းရှင်များအသင်းမှ ဒေါ်ငြိမ်းငြိမ်းထိုက်နှင့် ဒေါ်လွင်ဦးခိုင်တို့မှ လူငယ်နှင့်ဘ၀အောင်မြင်ရေးအကြောင်းပြောကြားခြင်း
8. ကွန်ပျူတာလုပ်ငန်းရှင်အသင်းမှ ဒုဥက္ကဌ ဦးကျော်မိုးခိုင်မှ ယဉ်ကျေးမှုနှင့် စာရိတ္တအကြောင်းပြောကြားခြင်း
9. 15.10.2013 တွင် ဓမ္မောဒယ ဘုန်းတော်ကြီးကျောင်းတွင် IT နည်းပညာဟောပြောပွဲ အခမ်းအနားပြီးဆုံးကြောင်းကြေငြာခြင်း

စသည့်အစီစဉ်များဖြင့် အောင်မြင်စွာကျင်းပခဲ့ပါသည်။
 
Credit - www.pyaynews.blogspot.com

စကားမာရသွန်

ဒီဆောင်းပါးလေးက ၂၀၀၉ ခုနှစ် မတ်လ မှာ ထုတ်တဲ့
ဆရာကြီး လူထုစိန်ဝင်းရဲ့စကားမာရသွန် ကို ပြန်လည်ဖြန့်ဝေပေးခြင်း ဖြစ်ပါတယ် ။ လူငယ်များအနေနဲ့ ဖတ်ဖြစ်အောင် ဖတ်ပေးဖို့ မေတ္တာရပ်ခံပါတယ်ခင်ဗျာ.......

စကားမာရသွန်


ချစ်သူကို အုပ်မိုးမယ့်ထီး

ချစ်သူကို အုပ်မိုးမယ့်ထီး


ဟိုးအရင်ခေတ်ကာလများစွာတုန်းက ထီးဆိုတာ မင်းစိုးရာဇာတွေမှ သုံးစွဲရတဲ့ အရာဝတ္ထု တစ်ခုပါ
ယခု ခေတ်မှာ သုံးစွဲနေကြတဲ့ထီးရဲ့ ပုံစံကို အီဂျစ်လူမျိုးတွေက စတင်သုံးစွဲခဲ့ပါတယ်။

်ဘကြီးပဲ စားလိုက်တော့

ဘကြီးစားလိုက်တော့

 

အဘိုးအိုတစ်ယောက်သည် သူ၏ မြေးတစ်ယောက်နှင့် လမ်းလျှောက်ထွက်ရင်း ကလေးက ဗိုက်ဆာ
တယ် လို့ ဆိုလာတယ် ဒီလိုနဲ့  ဘကြီးက ကလေးကို လက်ဖက်ရည်ဆိုင်ခေါ်သွားပြီး
 လက်ဖက်ရည်နဲ့အတူ မုန့်တွေ
တစ်မျိုးပြီးတစ်မျိုး မှာယူ ကျွေးမွေးပါတယ်။ ကလေးကလည်း ကျွေးသမျှ ပလုတ်ပလောင်း
စားတော့တာပဲ။ ဒီလိုနဲ့ဘကြီးဖြစ်သူက စားပွဲထိုးဆီလှမ်းပြီး
" ဟေး ..... ဒီကို တစ်ရှူးလာချပေးဦး " လို့ လှမ်းမှာလိုက်ပါတယ်။ ဒီတော့ ကလေးက
သူ့ဘကြီးကို ခုလိုပြောပါတယ် ။
" ကျွန်တော် ဗိုက်ပြည့်နေပြီ ဘကြီးရ။ ထပ်မစားနိုင်တော့ဘူး။ ဒီတစ်ခါလာချပေးတာကို ဘကြီးပဲ
စားလိုက်တော့ "

Yiddish Proverbs

Phone apk လေးလုပ်ပြီးတော့ ဒီ ဒသနလေးတွေ ပြန်တင်ပေးပါ တောင်းဆိုတဲ့ သူငယ်ချင်းတွေကို ပြန်တင်ပေးလိုက်ပါတယ်....

" အလွမ်းတွေနဲ့ ဧရာဝတီ ..........."


" အလွမ်းတွေနဲ့ ဧရာဝတီ ..........."

*********************************************

ဧရာဝတီရဲ့ အလွမ်းပုံရိပ်လေးကို ကိုယ်ချင်းစာမိလို့ ရေးမိတာပါ ........ လိုအပ်တာများရှိရင် အကြံဥာဏ်လေးများပေးကြပါခင်ဗျာ ...............
Ki Ki Ko

ချစ်သူများနေ့ ပေါ်ပေါက်လာပုံသမိုင်း


ချစ်သူများနေ့ ပေါ်ပေါက်လာပုံသမိုင်း

********************************************


Valentine's Day ရောက်လာတော့မယ်ဆိုတော့ ကျွန်တော် စိတ်ကူးတစ်ခုပေါ်လာတယ်..။
ဒါကတော့ လူတွေ ပါးစပ်ဖျားမှာတော့ " . . ချစ်သူများနေ့ . . " " . . ချစ်သူများနေ့ . . " မရိုးနိုင်အောင်ပြောနေ ကြပေမယ့် .. ဘယ်လိုပေါ်ပေါက်လာ သလဲဆိုတဲ့သမိုင်းကို မသိကြသေးတဲ့သူတွေ တော်တော်များများ ရှိကြဦးမယ်ထင်ပါတယ်..။ ဒါကြောင့်ပဲ ကျွန်တော် သိသလောက် ၊ဖတ်မိသလောက် ပြောပြချင်ပါတယ်... သိပြီးသား ကိုကိုမမများကလဲ သိထားတာလေးတွေရှိရင် ဝေဖန်ခဲ့ပါဦးလို့..။
ချစ်သူများနေ့ပေါ်ပေါက်လာပုံ
အေဒီ (၃)ရာစု လောက်မှာ အုပ်ချုပ်ခဲ့တဲ့ ရိုမန် စစ်ဘုရင် Claudius ဟာ စစ်အင်အားတွေစုဆောင်း၊ နယ်မြေသစ်တွေတိုးချဲ့ ရင်း ပါဝါ ကြီးစိုးခဲ့တယ်..။ သူ့လက်ထက်မှာ Britain နိုင်ငံဟာ ရောမအင်ပါယာ အောက် ရောက်အောင် စွမ်းဆောင်နိုင်ခဲ့တယ်..။ Claudius ဟာအမြဲတမ်း နယ်ချဲ့ရင်း စစ်ပွဲကိုပဲ ဦးစားပေးဆင်နွှဲနေတော့ နိုင်ငံထဲကယောကျာ်းတွေဟာ စစ်ထဲ မဝင် ချင်တော့ ဘူး။ စစ်မတိုက်ချင်ကြတော့ဘူး..။ဇနီးမယား တွေ မိသားစုတွေ၊ ဆွေမျိုးတွေနဲ့ပဲ နေချင်ကြတယ်..။
ပြင်းထန်တဲ့တိုက်ပွဲတစ်ခုမှာတော့ ရောမစစ်သည်တွေ အသေအပျောက်များခဲ့တယ်.. စစ်သားသစ်တွေလိုလာတယ်..။စစ်သည်အင် အားကို လည်း ပိုမိုတောင့်တင်းခိုင်မာအောင် လုပ်ချင်တယ်.။ ဒါပေမယ့် ယောကျာ်းတွေကလဲ စစ်ထဲကိုမဝင်လိုကြတော့ အခက်တွေ့နေတယ်..။
Claudius ဟာစဉ်းစားတယ် ယောကျာ်းတွေဟာ မိသားစုသံယောဇဉ်ကြောင့် စစ်ထဲမဝင်ချင်ကြတာပဲ သူတို့သာ အိမ်ထောင်မပြုကြရင် စစ်ထဲဝင်ကြမှာပဲလို့ မိုက်မိုက်မဲမဲတွေးမိတယ်..။ ဒါကြောင့်ပဲ နိုင်ငံတစ်ဝန်း လူငယ်တွေ အိမ်ထောင်မပြုရလို့အမိန့်ထုတ်လိုက်တယ်..။ လူငယ်တွေ အတွက် ရက်စက်ပြီး အဓိပ္ပါယ်မရှိတဲ့ ဥပဒေပေါ့...။
ထိုဥပဒေကို ဆန့်ကျင့်တဲ့ ခရစ်ယာန် ဘုန်တော်ကြီး တစ်ပါးပေါ်လာတယ်..။ သူ့နာမည်က
Saint Valentine လိုခေါ်ပြီး လက်ထပ်ပွဲတွေမှာကောင်းချီးပေးတဲ့ ဘုးန်ကြီးပေါ့..။
သူဟာတင်းကြပ်တဲ့ ဥပဒေ တွေတားမြစ်ထားတဲ့ကြားမှ လက်ထက်ပွဲတွေကို သိုးသိုးသိပ်သိပ် စီစဉ်ကျင်းပပေးခဲ့တယ်..။ သူ့ရဲ့ သီးသန့် အခန်းကျဉ်းလေးထဲမှာ ဖယောင်းတိုင်လေးထွန်းပြီး မင်္ဂလာပွဲကို သူရယ် မင်္ဂလာမောင်နှံရယ် သုံးယောက်သား လျှို့ဝှက် ကျင်းပကြတယ်..။ တစ်ညမှာတော့ သတင်းပေါက်ကြားပြီး မင်္ဂလာ ကျင်းပတဲ့အခန်းထဲ ဝင်ရောက်ဖမ်းဆီးကြတယ်..။ မင်္ဂလာမောင်နှံ လွတ်မြောက်သွားသော်လည်း St. Valentine ဖမ်းဆီးခြင်းခံရပြီး သေဒဏ်ချမှတ် လိုက်ကြတယ်..။
သူဝမ်းမြှောက်သွားတာ တစ်ခုရှိတယ် သူထောင်ထဲမှာရှိစဉ် ရောမမှာ ရှိတဲ့ လူငယ်တွေဟာ ထောင်ထဲကို လာတွေ့ကြတယ် ပြတင်းပေါက်မှာ ပန်းတွေ ကြဲကြ မှတ်စုလေးတွေရေးကြ တယ်..။ ပြီးတော့ သူလုပ်ခဲ့တာမှန်ကန်ကြောင်း၊ သူတို့လေးတွေလည်းအချစ်ကို ယုံကြကြောင်း အားပေးထောက်ခံကြတယ်..။ အဲ့ဒီ့ထဲမှာ ထောင်မှုးကြီးသမီးလဲပါတာပေါ့..။ ထောင်မှုးကြီး က ခွင့်ပြုတာကြောင့် သူ့ရဲ့ အခန်းထဲမှာ လာတွေ့တယ် စကားတွေ အများကြီးပြောတယ်.။ အားပေးစကားတွေပြောတယ်.. နောက် သူသေခါနီးမှာ သူမရဲ့ ခင်မင်မှု၊ သစ္စာရှိမှု၊ အားပေးမှု တွေကို ကျေးဇူးတင်တဲ့အနေနဲ့ "Love from your Valentine." ဆိုတဲ့ မှတ်စုတိုလေး တစ်စောင် ထိုအမျိုးသမီးတွက်ရေးထားခဲ့တယ်..။
အေဒီ (၂၆၉) ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ သူကွယ်လွန်သွားခဲ့တယ်.. အဲ့ဒီနောက်မှာ တော့ St. Valentine ကို လေးစားဂုဏ်ပြုသောအားဖြင့်
"" . . Valentine's Day . . "" ဆိုတာ ပေါ်ပေါက်လာခဲ့တယ်..။
American အဖွဲ့တစ်ခုရဲ့ခန့်မှန်းချက်အရတစ်ကမ္ဘာလုံးမှာ တစ်နှစ်ကို သန်းတစ်ထောင်သော Valentines တွေပို့ကြတယ်..။ Christmas လက်ဆောင်ပြီးရင်တော့ ဒုတိယအများဆုံးပေါ့..။ အဲဒီ့ထဲမှာ အမျိုးသမီးတွေက ဝယ်ကြတာ ၈၄ ရာခိုင်နှုန်းလောက်ပါတဲ့...။



Credit - ပြည်သတင်း

လူတစ်ယောက်၏ ပင်ကိုယ် စရိုက်တွက်နည်း


လူတစ်ယောက်၏ ပင်ကိုယ် စရိုက်တွက်နည်း


------------------------------
--------------

လူတစ်ဦးဆီမှာ ပင်ကိုယ် `ဇ´ လေးတွေ ပါလာတတ်ပါတယ် ။
(0) လောဘကြီးသူ
(1) ဒေါသကြီးသူ
(2) မောဟစိတ်လွန်ကဲသူ
(3) မေတ္တာစိတ်ရှိသူ
(4)ဂရုဏာစိတ်များသူ
(5) မုဒိတာ တရားလက်ကိုင်ထားသူ
(6)ဥပေက္ခာသမား

ဆိုပြီး (7)မျိုး ခွဲခြာထားပါတယ် .......။

တွက်နည်းကတော့ လွယ်ပါတယ် ကိုယ်ရဲ့ မွေးသက္ကရာဇ်ရယ် ၊မွေးနံကို ဂဏန်းပြောင်းပြီး ပေါင်းပါ။
ရတဲ့ အဖြေ (7) နဲ့ စားရပါမယ် ထွက်လာတဲ့ အဖြေကတော့ ကိုယ့်ရဲ ပင်ကိုယ်စရိုက်ပေါ့ ။

ဥပမာ -
သင့် မွေးသက္ကရာဇ်က 1353 ခု သောကြာသားဆိုရင် 6ပေါ့။
1353+6=1359
1359÷7=1 ကြွင်းပေါ့

မြန်မာမွေးနှစ်မသိတဲ့လူတွေအတွက်တော့
http://www.mmcalendar.com/index.php
အဲဒီထဲမှာ အင်္ဂလိပ်ခုနှစ်က မြန်မာခုနှစ်ပြောင်းပြီး ကြည့်နိုင်ပါတယ်။

ကဲ .....အောက်မှာ ကိုယ့်ရဲ့ စရိုက်လေးကို ကြည့်ကြတာပေါ့ ....

အကြွင်း (0) လောဘ။
သူကတော့ လိုချင်စိတ်များတယ် ။ရတာနဲ့ မတင်းတိမ်ဘူး ။ရောင့်၇ဲတဲ့ စိတ်မရှိဘူး ။ရောက်တဲ့ နေရာမှာ မပျော်ဘူး ဒီထက်သာယာတဲ့ဘ၀ကို လိုလားတဲ့ သူ။ တစ်ခုမပြီးခင် နောက်တစ်ခုလုပ်ချင်တယ် ဘယ်အရာမဆို လက်ဝါးကြီး အုပ်ချင်တယ် ။
ဘယ်တော့မှလည်း နောက်လိုက်မလုပ်ချင်ဘူး ။ ကိုယ်ရယူပိုင်ဆိုင်ဖို့ဆိုရင် ဘယ်အရာကိုမှ မထောက်ထားဘူး မှားသည်မှန်သည် မခွဲခြားဘူး ဘယ်နည်းနဲ့ မဆို ရအာင်ယူမှ ကျေနပ်တဲ့ သူ။ လိုချင်စိတ်များတော့ ဘာမဆိုလုပ်ရမှာ ၀န်မလေးသူပေါ့။ ချမ်းသာလိုတယ် ကြွယ်ဝလိုတယ် ချမ်းသာချင်ကိုလဲ ရမဲ့ သူ။ ဒါပေမဲ့ မှားလား မှန်လား တရားဝင်လား တရားမ၀င်လား
တွေးမှာ မဟုတ်တဲ့အတွက် ဒုက္ခတော့ တွေ့နိုင်တာပေါ့ ။ ဘယ်လိုပဲ ဖြစ်ပါစေ သူကဘ၀ကို ရည်မှန်းချက်ကြီးကြီးနဲ့ ဖြတ်သန်းမည့်သူပါ။ သူတစ်ပါးမှာရှိတာထက် လိုချင်စိတ်မြင့်မားနေတော့ လူတော်တွေ ဖြစ်တတ်ပါတယ် ။ လိုချင်တဲ့ စိတ်ကလေးကို စနစ်တကျ အသုံးပြုသွာမယ်ဆိုရင် ဒိတ်ဒိတ် လူသားဘ၀ကို ပိုင်ဆိုင်ရမှာ အမှန်ပါ။

အကြွင်း (1) ဒေါသ။
စိတ်ကြီးတယ် မဟုတ်မခံစိတ်များတယ် မတော်မတရား လုပ်တာတွေ့ရင် ကိုယ့်ကိစ္စမဟုတ်လဲ ၀င်ပါဖို့ ၀င်ပြောဖို့ ၀န်မလေးတဲ့သူ ဘေးကနေ အလိုလို ဒေါသထွက်နေတတ်တယ် ။ စိတ်တိုဒေါသထွက်ရင်လဲ ဘာမဆို လုပ်ပစ်ပြောပစ်လိုက်မှ
ကျေနပ်တဲ့သူပေါ့ ။ စိတ်ကသာကြီးပါတယ် သူ့နှလုံးသားကတော့ ဖြူစင်လွန်းပါတယ် ။ ဘယ်တော့မှလဲ ကိုယ့်ဘက်ကစပြီး ရန်မလုပ်ဘူး သန့်သန့်လေးပြောတတ်ဆိုတတ်တယ် ။ လာစော်ကားပြီး လာငြိပြီ ဆိုရင်တော့ စိန်ခေါ်ရင် တိမ်ပေါ် အထိ လိုက်မဲ့သူပဲ ။ ပင်ကိုစိတ်ရင်းကောင်းတယ် ။ သူတစ်ပါးကို ပေးရမှာ ကျွေးရမှာ ထိပ်ဆုံးကပေါ့ ။ဒါပေမဲ့ စိတ်မြန် ဒေါသ ထွက်လွယ်တာကြောင့် အန္တရာယ် အမြဲ ရင်ဆိုင်ရတတ်တယ်။ စိတ်မြန်ပုံကတော့ ဖိနပ်စီးရတာ ခက်နေရင်တောင် ဖိနပ်ကိုကန်ထုတ် ရန်လုပ်ပြီး ဖိနပ်မပါပဲ လျှောက်သွာတတ်တဲ့ သူမျိုး။ ကိုယ်ကို လာစော်ကားလာရင်လဲ ဘယ်တော့မှ ခွင့်မလွှတ်ဘူး။ ဖြစ်ခဲ့တာကို စဉ်းစားပြီး စိတ်ထဲမှာ တစ်နုံ့နုံ့နဲ့ တွေးပြီး ကြိတ်မနိုင်ခဲမရ ဒေါပွနေတတ်တယ် ။ အဲဒီစိတ်ကလေးကို ထိန်းနိုင်တဲ့ နေ့ရောက်ရင် ချမ်းသာကြီးပွားတဲ့ လမ်းပေါ်ကို စရောက်တဲ့နေ့ပါပဲ ။ ဘယ်သို့ဆိုစေ ``လူဖြောင့်စိတ်တို´´ဆိုတဲ့ စကားအတိုင်း အလွန်ရိုးဖြောင့်တဲ့ သူတစ်ယောက်ပါ ။

အကြွင်း (2)မောဟ။
သိပ်တွေဝေတတ်တယ် ဘယ်အရာမဆို ဆုံးဖြတ်ချက်ကို ပိုင်ပိုင်နိုင် မချနိုင်ဘူး ။အရာရာကို မေ့လျှော့နေတတ်တယ် ။ တစ်ခါတစ်လေး ငေါင်တောင်တောင်နဲ့ ငေးမောနေတတ်တာတောင်တွေ့ရတတ်ပါတယ် ။ သီးသန့်နေလို့စိတ်ပြင်းတယ် ။ပြသနာတစ်ခု တစ်ယောက်ထဲ မဖြေရှင်းနိုင်ဘူး မြွေမသေ ဒုတ်မကျိုး လုပ်တတ်တယ် ။ အလွန်တော်တဲ့ ဖြန်ဖြေရေး သမာလေး။ ကြားဝင်ဖြေရှင်း ရမယ်ဆိုရင် နှစ်ဖက်နှခွ မြင်တဲ့သူ။ အပြောအေးအေးလေးနဲ့ ကျလောက်အောင် ပြောတတ်တဲ့သူ။ သူ့၇ဲ့ ရိုးပုံအေးပုံကြောင့် လူတိုင်းက ခင်ကြတယ် ။ သူကတော့ ရောက်တဲ့နေရမှာ ပျော်အောင်နေမယ် ။ ပြသနာတွေ့ရင်တောင် ဒါတွေကို မေ့လျှော့ပြီး ကိုယ်လုပ်ချင်တာ လုပ်နေမဲ့ သူပဲ ။ဒါ့ကြောင်ဘာကိုမှ လေးလေးနက်နက် မရှိဘူးလို့ အထင်ခံရတတ်တယ် ။ စကားသာ ကျလောက်အောင်ပြောတာ တစ်ခါတစ်လေ ရှေ့နောက်မညီ ပြောပြီးတာတွေ မေ့တတ်ပြန်တယ် ။စိတ်ဓာတ်တတ်လွယ် ကျလွယ်တယ် ။ အရာရာ မပြတ်မသား နှောင့်နှေးလွန်းတော့ ဘ၀အခွင့်အရေး တွေ မကြာခဏ လက်တစ်လုံးကြား ဆုံးရှုံးရတတ်တယ် ။ သူ့ဘ၀ကို နိုင်နိုင်နှင်းနှင်း ပဲ့ထိန်းပေတဲ့ သူရှိမှ သူဘ၀က ဟန်ကျမယ် ။ နောက်ကတစ်ချိန်လုံး လိုက်ပြောနေမှ တန်ရုံကျမှာ ။အပြောခံရလို့ စိတ်ဆိုးမှာတော့ မပူနဲ သူကဘယ်တော့မှ မှတ်မထားလို့ပါ ။

အကြွင်(3) မေတ္တာ။
သူကတော့ မေတ္တာ ရှင်ကြီးပေါ့ ။အားနာတတ်တယ် ၊ယုံစားလွယ်တယ် ၊သူတစ်ပါးအပေါ် ခွင့်လွတ်နားလည်စိတ်ရှိတယ် ။ သည်းခံစိတ်ရှိတဲံ့နေရမှာ နှစ်ယောက်မရှိဘူး အောချရလောက်တဲ့  အထိပေါ့။ အရာရာကို ရင်ဆိုင်ရဲတယ်။လူသားအားလုံးအေ ပ်ါလေးလေး စားစား ဆက်ဆံတတ်တယ် ။ကိုယ့်ကိုယ်ကို အမြဲ နှိမ့်ချနေတတ်တယ် ။သူအနေနဲ့ ရိုးပေမဲ့ သွားအထင်မသေးပါနဲ့ သူ့မှာချစ်တဲ ခင်တဲသူတွေ အလွန်ပေါတဲသူပါ ။လမ်းလေဂျပိုး လူမိုက်ကအစ လုပ်ငန်းရှင်ကြီး အထိ သူ့ကိုခင်ကြတယ် ။ အရေးအကြောင်းဆို ကူညီဖို့အသင့်ပဲ ။မြင့်မြတ်တဲံ့ စိတ်သဘောထား အပေါ် လူတိုင်းက နေရာပေး ဆက်ဆံကြတယ် ။ရန်သူအပေါ်မှာတောင်မေတ္တာထား တော့ ဘေးလူတွေနာမလည် အားမလိုအား မရ ဖြစ်တတ်ကြတယ်။ဒါပေမဲ့ ရန်သူကိုမေတ္တာနဲ့  အဆုံးမှာ စည်းရုံးနိုင်တဲ့ သူပါ ။စိတ်သဘောထား ကြီးတယ် မဟုတ်တာ မလုပ်တဲ့သူ။ ဘယ်သူ့ကိုမဆို တန်ဖို့းထားဆက်ဆံတတ်တယ်။အပြောသမားမဟုတ်ဘူး လက်တွေ့ဆန်တယ် ။အေးအေးချမ်းချမ်းနေချင်တဲ့သူ။ အချစ်မေတ္တာ အပေါ် အလေးအနက်ထားတယ် ။ အခက်အခဲ ကိုရင်ဆိုင်ရရင်တောင် မေတ္တာ ရှေ့ထားပြီး အောင်မြင်မှုကို ရယူတဲ့သူ ပါ ။ အားလုံးသိပါတယ် အောင်ခြင်(8)ပါးကို မြတ်စွာဘုရားက မေတ္တာနဲ့ အောင်မြင်ခဲ့တာကိုလေ။

အကြွင်း(4)ဂရုဏာ
ရင်တဲမှာစာနာတတ်တယ် ၊ ခံစားတတ်တယ်၊ ကြင်နာတဲ့စိတ်အပြည့်ရှိနေတယ် ။ သိပ်ကို ကိုယ်ချင်းစာတတ်တယ်။ ချစ်သူခင်သူဖြစ်စေ သတ္တ၀ါတွေကိုဖြစ်စေ ``သနားပါတယ်နော်´´ ဆိုပြီး စာနာစိတ်နဲ့ အမြဲ ကူညီလို့စိတ်ရှိတယ် ။သနားအောင်ပြောရင် ဘယ်လောက်စိတ်ဆိုးနေပါစေ ခွင့်လွှတ်တယ် ။ ဂရုဏာသမားမို့ ရန်သူကိုတောင် သနားတတ်တဲသူ ။စိတ်ဆိုးလဲ ခဏပဲ ။ရန်သူကို သူ့ခမျာ ငါ့ကိုတစ်ချိန်လုံး ရန်လိုနေတာ သနားပါတယ်တဲ့လေ။ဒါပေမဲ သူကသူတစ်ပါးအပေါ် ဂရုနာထားသလိုသူ့အပေါ်မှာ ဂရုစိုက်မှ ကျေနပ်တတ်တဲသူ။ သူကိုဂရုမစိုက်ဘူး အလေးမထာဘူး အချစ်ပေါ့တယ်လို့ ထင်ရင် စိတ်ကောက်ပြီး ၀ုန်းတိုင်းကျဲ အရွဲ့တိုက်တတ်သူ။ ၀မ်းနည်းလွယ်တယ် တစ်ဇွတ်ထိုးလုပ်တတ်တယ် ။ ငါကောင်းသလောက်ငါ့အပေါ်မကောင်းဘူးလို့ စိတ်ဝင် ၀မ်းနည်းသွာပြီဆိုရင် အမြန်လေးသာ ချော့လိုက်ပါ ။လူပုံစံ စတိုင်၊ ဟန်ပန်က အစ ပြုမူပြောဆိုပုံက မာကျစ်ကျစ် ၊ဘုခွပြော၊ မသနားတတ်တဲ့ ကြင်နာစိတ်မရှိတဲ့ သူလိုအပြင်ပန်းမှာ ပေါ်နေတယ် ။ တကယ်အတွင်းစိတ် ရင်ထဲမှာတော့ ဂရုဏာ အပြည့်ရှိတဲသူပါ ဂရုဏာကြီးတဲ့ ဟန်ဆောင်နေတဲ့ သူနဲတော့ တခြာစီပေါ့ ။သူ့သဘော သူ့သဘာဝ သူ့မနောကိုသိတဲ့ သူတွေကတော့ လေးလေးစားစား နဲ့ သူ့အရိပ်ကို ခိုဝင်ကြတယ် ။ ဦးဆောင်သူ ၊ဆရာတွေ ၊ သမားတော်တွေ တော်တော်များများကတော့ ကရုဏာရှင်တွေပေါ့ ။

အကြွင်း(5)မုဒိတာ။
မုဒိတာကို လက်ကိုင်ထားနိုင်သူမျိုးကတော့ ရှားပါးလှပါတယ် ။သူကတော့ ရှားရှားပါးပါးထဲက သူတစ်ယောက်မို့ လူတစ်သောင်းမှာ တစ်ယောက်တွေ့ခဲလှတဲ့ မုဒိတာ ပွားနိုင်တဲ့ သူတစ်ယောက်ပေါ့ ။သူတစ်ပါးအောင်မြင်တာ ၊ချမ်းသာကြွယ်ဝတာ ၊ ထွန်းထွန်းပေါက်ပေါက်ဖြစ်တာ၊နာမည်ကြီးတာ ၊ငွေရတာ ၊အလုပ်တိုးတတ်တာ တွေ့ရင် ကိုယ်ကပဲ ဒါတွေကို ခံစားနေရသလိုလိုနဲ့ ပိတိဖြာပြီး ဘေးကနေကြည်နူးနေတတ်တဲ့ သူမျိုး ဒီကမ္ဘာမှား ရှားပါတဲသူပေါ့။ မနာလို ၀န်တိုစိတ်မရှိဘူးအတင်းအဖျင်းမပြောတတ်ဘူး ၊မြင့်မြတ်တဲ့ စိတ်ရှိတယ် ။အရာရာ ရင်ထဲ ခံစားပြီးမှ လုပ်တတ်ပြောတတ်တဲ့သူ ။မှန်ကန် မြင့်မြတ်တဲ့စိတ်ကြောင့်အောင်မြင်မှုထိတ်တန်းရောက်တယ်။ ကိုယ်က သူတစ်ပါးကို ဝေဖန်တိုက်ခိုက်တာ ၊သူတစ်ပါးကို ငယ်ကျိုးငယ်နာ ဖော်ပြီး ဒုက္ခပေးတာမျိုးလုံးဝမုန်းတီးတယ် ။ ကိုယ်ကလဲ မလုပ်ဘူး၊လုပ်ရပ်တွေကိုလဲ လက်မခံဘူး ။ရှောင်ရှားတယ် ။.သူတစ်ပါး အားနည်ချက်အားသာချက်ကို ဖော်ထုတ်ပြီး ချီကျူးပြီးကောင်းတဲ့ အပြုသဘောတွေကို အကြံပေးမှုလေးတွေကြောင့် သူ့ကိုချစ်ခင်သူတွေပေါတယ် ။မနာလိုဝန်တိုစိတ်မရှိပဲ သူတစ်ပါးအပေါ် မျှဝေခံစား တတ်လို့ ကြီပွားအောင်မြင်မှာ မလွဲပါဘူး ။အရာရာ အပေါ်မှာ ရင်ထဲက လှိုက်လှိုက်လှဲလှဲ နဲ့ ဖြစ်ထွန်းစေသလို ကိုယ်တိုင်လဲ ဖြောင့်ဖြောင့် မှနှ်မှန်နဲ့အမြဲကြိုးစားနေတဲ့ မြင့်မြတ်တဲ့  နှလုံးသား ပိုင်ရှင်တစ်ဦးပါ ။

အကြွင်း(6)ဥပေက္ခာ။
အလွန်ထူးခြားတဲ့ နှလုံးသားပိုင်ရှင်ပေါ့။ ဘာသိဘာသာ အေးအေးဆေဆေးပဲ နေတတ်တယ် ။ သူုတစ်ပါးကိစ္စတွေကိုလဲ ကိုယ်နဲ့မဆိုင်အောင် အမြဲကြိုးစာနေတတ်တယ်။ ၀င်ပြီး စွတ်ဖက်တဲ့ သဘာဝ ကင်းတယ် ။ရန်သူကိုတောင် ဒေါသထွက်ပြီး ရင်မဆိုင်ပဲ မသိသလို့ ကိုယ့်ကို ရန်လုပ်တာ မဟုတ်သလို့ ခပ်မဆိတ်နေတတ်တယ်။ ဥပေက္ခာပြု ကျောခိုင်းနေတတ်တယ် တည်ကြည်တည်ငြိမ်ပြီး လူးသားအာလုံးကို ကိုယ်စိတ်ကမှန်တယ်ထင်တာလုပ်နေကြတာပဲတဲ့ ။ ဘာဝင်စွတ်ဖက်စရာလို့လဲဆိုတဲ့ သဘော ထားတတ်တယ် ။ ကိုယ့်ကိစ္စနဲ့ ဆိုင်တဲ့ ၀န်းကျင်အလုပ်ကို စူးစူးစိုက်စိုက် လုပ်တတ်လို့ အောင်မြင်ကြီးပွားကြပါတယ် ။ ထူးခြားချက်က အနေအေးပြီး အရာရာ ကိုမသိဘူးမထင်နဲ့ ။ အရာရာကို သိတယ် လေ့လာတယ် ။ ပတ်ဝန်းကျင်ကို အမြဲ လေ့လာနေတယ် ။ဖြစ်ပေါ်လာတဲ့ အကြောင်း ဆက်တွေအပေါ် နားလည်လွန်းလို့ အရာရာကို အပြစ်မမြင်ပဲ နေတတ်တဲ့သူ ။ အခက်အခဲတွေ ၊ ဒုက္ခတွေကို သူ့ဆီမှာ အကူညီတောင်း ကြည့်။ ကိုယ့်ပြသနာ တစ်ခုကို သူ့ပြသနာတစ်ခုလို လှိုက်လှိုက်လှဲလှဲ သဘောထာပြီး ကူညီမှာသေချာတယ် ။ကိုယ်နဲ့ မပတ်သက်သမျှ ၀င်မပါဘူး။ ကိုယ်နဲ မိတ်ဆက်မပေးသမျှ မည်မျှမျက်မှန်းတန်းနေပါစေ ပြုံးပြနှုတ်ဆက်မှာမဟုတ်ဘူး ။ ယဉ်ကျေးတယ် သိမ်မွေ့တယ် ၊ အရေကြုံလာရင် တကယ်အားထားရတယ် ။ အကယ်ကို အမြင်ကြည်လင်တဲ့ သူတွေပေါ့ ။တစ်နေ့မှာသူဟာ ဘာသာ သာသနာအတွက် တန်ဖိုးရှိတဲ့လူတစ်ယောက်ဖြစ်နိုင်သူ တွေလို့ ရှေးပညာရှိတွေက ဆိုပါတယ် ။

စံဇာဏီဘို

Credit - Panhtwar Tech