Search Box

သမ္မတ ပြည်ပ ပညာတော်သင်ဆု ကြေညာ

  သမ္မတ ပြည်ပ ပညာတော်သင်ဆု ကြေညာ

28 July 2014 01:32(+0630) (3 ရက် ခန့်က)

  မြန်မာ သမ္မတ ဦးသိန်းစိန်က လူငယ်တွေ အတွက် ပြည်ပ ဘွဲ့လွန်နဲ့ ဘွဲ့ကြိုတန်း ပညာတော်သင်ဆု တွေ ပေးတော့မယ်လို့ ကြေညာ လိုက်ပါတယ်။

ဒါဟာ နှစ်ပေါင်း ၅ဝ ကျော် အတွင်း အစိုးရ ဝန်ထမ်း မဟုတ်သူတွေ အတွက်ပါ ရည်ရွယ် ပေးအပ်မယ့် ပညာသင်ဆု မျိုးလဲ ဖြစ်ပါတယ်။

မြန်မာ နိုင်ငံ ခေတ်မီ တိုးတက်ဖို့ ကျောင်းသား လူငယ်တွေ အတွက် နိုင်ငံတကာ ပညာသင်ဆုတွေ လိုအပ် သလို အခြေခံ ပညာရေး ကစပြီး ပြုပြင် သွားဖို့ လိုတယ်လို့ သပြေ ပညာရေး ဖောင်ဒေးရှင်းက စီမံခန့်ခွဲရေးမှူး ကို စောကပိက ပြောပါတယ်။

ကွန်ပျူတာ၊ စက်မှု နည်းပညာနဲ့ အဆောက်အအုံ တည်ဆောက်ရေး လို နည်းပညာ တွေမှာ ခေတ်မီ နည်းစနစ် တွေနဲ့ သင်ကြား ပေးမယ့် ကျောင်းတွေ ဖွင့်လှစ်ပြီး လူငယ်တွေကို သင်ကြား ပေးမှ အလုပ်အကိုင် အခွင့်အလမ်း တွေ တိုးပွား လာမယ်လို့ ဆိုပါတယ်။

လောလောဆယ် အာရှ နိုင်ငံတွေမှာ ပညာသင်ကြားပြီး ပြန်လာတဲ့ မြန်မာ လူငယ် ရာနဲ့ချီ ရှိပေမယ့် သူတို့ကို အစိုးရ အလုပ်တွေမှာ ခန့်ထားတဲ့ အစီအစဉ်တွေ မရှိလို့ လူမှု ကူညီရေး အဖွဲ့ တွေနဲ့ ကုမ္ပဏီ လုပ်ငန်း တွေမှာပဲ ရောက်ရှိ သွားကြပါတယ်။

မြန်မာ လူငယ်တွေ အတွက် ရည်ရွယ်ပြီး ပြည်ပ ပညာသင်ဆု ပေးနေတဲ့ Prospect Burma နဲ့ Open Society လို အဖွဲ့အစည်း တချို့လဲ ရှိပါတယ်။

အမေရိကန်၊ ဗြိတိန်နဲ့ ဥရောပ၊ သြစတြေးလျ တိုင်းပြည် အစိုးရ တွေကလဲ ပညာသင်ဆု တွေ တိုးမြှင့် ခေါ်ယူ နေပါတယ်။

သမ္မတ ပညာတော်သင်ဆု လျှောက်လွှာတွေကို နီးစပ်ရာ တက္ကသိုလ် ကောလိပ် တွေမှာ ထုတ်ယူပြီး သြဂုတ်လကုန်မှာ နောက်ဆုံးထား တင်သွင်း ရမှာ ဖြစ်ပါတယ်။

ပညာသင်ဆုတွေကို ပွင့်လင်း မြင်သာစွာ ရွေးချယ် ထုတ်ပြန် သွားမှာ ဖြစ်ပြီး ပညာသင် ကာလထက် ၂ ဆကြာ အစိုးရ တာဝန်တွေ ပြန်ထမ်းဆောင်ရမယ်၊ ထမ်းဆောင်ဖို့ ပျက်ကွက်ရင် ပညာသင်ကြေး ၃ ဆ ပေးလျော် ရမယ်လို့ ပါရှိပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/burma/2014/07/140727_state_scholarships.shtml
 ပြည်ပ ပညာတော်သင်ဆု တွေ ပြန်ပေးမယ်
credit-သစ်ထူးလွင်

သဘာဝကို အပြည့်အ၀ စားသုံးရခြင်း

သဘာဝကို အပြည့်အ၀ စားသုံးရခြင်း

28 July 2014 17:00(+0630) (3 ရက် ခန့်က)

 နံနက် မိုးလင်းပြီ ဆိုတော့ ဘုရားရှိခိုး ပြီးသည်နှင့် လုပ်နေကျ အလုပ်တစ်ခုက အိမ်ရှင်မ ပီပီ မီးဖိုခန်းသို့ ဝင်ရခြင်း ပါပဲ။ လုပ်နေကျ အလုပ်ထက် အိမ်ရှင်မ တစ်ယောက်ရဲ့ တာဝန်ဆိုလျှင် ပိုမှန်မှာပါ။ အလုပ်တစ်ခုက လုပ်နေကျ ဆိုလျှင် ပုံမှန် ဘယ်အချိန်မှာ ဘာလုပ်မည် ဘယ်လို လုပ်မည်၊ စီစဉ်ထား၍ ရသည်။ သည် အချက်အပြုတ် ဆိုသည့် တာဝန်မှာ ပုံမှန် စီစဉ် ထားလို့မရ။ ယနေ့ ဝယ်ထားသော အသီးအနှံများ မနက်ဖြန် ကောင်းချင်မှ ကောင်းမည်။ အသီးအနှံ အဆင်ပြေလျှင် ဟင်းရွက်များ နွမ်းချင် နွမ်းနေမည်။ အခြေအနေ အရ ကြိုတင် စီစဉ်လို့မရ။ သင့်တော် သလို အိမ်ရှင်မပီပီ ဉာဏ်ကစား၍ စီမံ ချက်ပြုတ် ရသည်။

ချက်ပြုတ်ရန် အတွက် ဟင်းသီး ဟင်းရွက်များ စီမံရန် ရေခဲသေတ္တာ ကို ဖွင့်လိုက်သည် ဆိုလျှင်ပဲ စိတ်မချမ်းမြေ့ စရာနှင့် ကြုံရသည်။ မြင်ရသည့် မြင်ကွင်းက မသက်သာ။ အရင် နှစ်ရက်က ဝယ်ထားသော အသီးအနှံ များမှာ ကျုံ့နေလေပြီ။ အချို့ ဟင်းရွက်များမှာ ရိနေပြီး အချို့မှာ တစ်ခုနှင့် တစ်ခုထိကာ ပုပ်မလို ဖြစ်နေသည်။ ဝယ်ထားတာ နှစ်ရက်ပဲ ရှိသေးသည်။ ဝယ်တုန်း ကလည်း လတ်လတ် ဆတ်ဆတ်များကို ရွေးဝယ် ထားခြင်း ဖြစ်သည်။ ထားတာက လည်း အိတ်နှင့် ထည့်ကာ ဖြစ်သလို စုထည့်ထားခြင်း မဟုတ်။ သေချာ သပ်သပ်ရပ်ရပ် ရေဆေးပြီးမှ ထည့်ထားခြင်း ဖြစ်သည်။ ယခင် တစ်ပတ် ကလည်း ယခုကဲ့သို့ ဖြစ်သဖြင့် မေမေ၏ ဆူပူခြင်းကို ခံရသည်။ ရေမဆေးဘဲ ထည့်ခြင်းကြောင့် ယခုလို ဖြစ်သည်ဟု ဆိုကာ ရှေးလူကြီး ပီပီ ဆူလိုက်သည့် ဖြစ်ခြင်း။ ထို့ကြောင့် ဒီတစ်ခေါက် ရေဆေးပြီး ထည့်ဖြစ်သည်။ သို့သော်လည်း ထူးမခြားနား ပါပဲ။ သည်အတိုင်း ဆိုလျှင် မေမေတွေ့လျှင် ဘာပြောဦး မလဲ မသိပါ။

တကယ်တော့ မေမေ ကံကောင်းခဲ့ ပါသည်။ အသက် ခြောက်ဆယ် ကျော်သည်တိုင် ကျန်းမာ သန်စွမ်းလျက် ရှိသည်။ ဘာရောဂါမှ မဖြစ်ဘဲ နေနိုင်သည်။ အသားအရေ ကအစ ကောင်းမွန်သည်ဟု ပြောရမည်။ မေမေ တို့ စားသုံးခဲ့သော အစားအစာ သုံးပုံနှစ်ပုံ လောက်မှာ သဘာဝ စစ်စစ် များဖြစ်သည်။ မေမေတို့ ခေတ်ကို တွေးပြီး ကျွန်မ မနာလို ဖြစ်မိသည်။ မေမေတို့ ခေတ်မှ လူအတော် များများသည် သဘာဝ တရားမှ ရသော သဘာဝ အရသာများကို အပြည့်အဝ စားသုံးခွင့် ရကြသည်။ စားသုံးခွင့် ရသည့်အလျောက် တန်ဖိုးလည်း ထားကြသည်။ သဘာဝ ကိုလည်း ချစ်မြတ်နိုး ကြသည်။ မိမိစားဖို့ရန် အတွက် ကိုယ်တိုင် စိုက်ပျိုး ကြသည်က များပြီး အပြင်မှ အသားငါး လောက်သာ ဝယ်စား ကြသည်။ ယနေ့ ကျွန်မတို့ ခေတ်လို့ ပြောရမည့် အချိန်တွင် ကိုယ်တိုင် စိုက်ပျိုးဖို့ ဝေးစွ သူများ စိုက်ထား သည်ကို အလျင်အမြန် အပြေးအလွှား ချက်ပြုတ် စားကြ ရသည်။

ဘယ်အရာမှ ပိုးသတ်ဆေး အားတိုးဆေး များနှင့်မကင်း။ ထိုဆေးဒဏ် များကြောင့် လူများမှာလည်း ဆိုးကျိုးများ ကိုသာ ခံစားကြ ရသည်။ အသီး အရွက်၏ အာဟာရထက် ပိုးသတ်ဆေး အားတိုးဆေး များ၏ အရသာ ကိုသာ ပိုမိုခံစားကြ ရသည်။ ယခင်နေ့ ကလည်း ပဲတောင့်ရှည် ကို ကြော်စားရန် လှီးပြီးရေဆေး လိုက်သည်။ ခါတိုင်း နည်းတူ ရေကြာကြာ မစိမ် ဖြစ်တော့။ အချိန် နောက်ကျ နေသည့် အတွက် ချက်ချင်း ရေဆေးကာ ကြော်လိုက် ရသည်။ ထမင်းစားတော့ ခါးသက်သည့် အရသာမှာ ပဲသီးနှင့် အတူ ပါလာသည်။ ပဲတောင့်ရှည် ခါးတာ မကြားဖူး။ ကြော်ထား တာလည်း မတူးပါ။ မေမေ့ကို ပြကြည့်တော့ ရေအကြာကြီး မစိမ်သည့် အတွက် ဆေးဓာတ် မပြယ် သောကြောင့် ဖြစ်သည် ဆိုတာ သိရသည်။ ဆီ၊ ဆား၊ ကြက်သွန် အစုံ ထည့်ထားသော ပဲသီးကြော် တစ်ခွက် ဝက်စာပုံး ထဲသို့ ရောက်လေပြီ။ ထို ပဲသီးများကို စားသောဝက်များ ထို့နောက် ထိုဝက်သား များကို စားသော လူများ။ ဘုရားဘုရား သည်သံသရာ လည်တာ ကြီးကို မစဉ်းစားတာ ကောင်းမည်။

အဒေါ် တစ်ယောက်က ပြောဖူးသည်။ '' ဝက်တွေ ကြက်တွေ အသား တိုးအောင် ဆေးတွေနဲ့ လုပ်တော့ အဲဒီဝက်တွေ ၊ ကြက်တွေ အသားတိုး မတိုးတော့ မသိဘူး။ လူတွေကတော့ အသားတွေ တိုးလာတယ် ... '' ဟု ပြောသည်။ ဟုတ်မှာ ပါပဲဟု ကျွန်မ ဖြေမိသည်။ သဘာဝ တရားကို တန်ဖိုး မထားသော ကျွန်မတို့ကို သဘာဝ တရားရဲ့ ဒဏ်ခတ်ခြင်း ပဲလား။

လတ်လတ် ဆတ်ဆတ် ဆေးဖျန်း ထားသော အသီးကြီးကြီး များကို စားမည့်အစား သဘာဝ စစ်စစ် အရသာနှင့် အသီးသေးသေး များကိုသာ စားချင် ပါသည်ဟု ပြောလျှင် ယနေ့ တိုးတက် နေသော ခေတ် ရေစီးကြောင်း တွင် လွန်နေ မည်လား။ မည်သို့ပင်ဆိုစေ သဘဝကို အပြည့်အဝ စားသုံး ခဲ့ရသော အမေတို့ ခေတ်ကို တွေးကြည့်ရင်း တသသ ဖြစ်ရသည်မှာ တော့ အမှန်ပင် ဖြစ်သည်။ မဖြစ်နိုင်တာကို တမ်းတနေရုံ နှင့်မဖြစ်။ အိမ်သားများ အဆင်ပြေ စေရန် ဖြစ်နိုင် သေးသော အသီးအနှံ များကို ရွေးကာ ဟင်းလျာ တစ်ခွက် ချက်ရ ပေဦးမည်။

မဒါလေး
#Yadanarpondaily

http://themyawadydaily.blogspot.com/2014/07/blog-post_34.html?spref=tw
Credit - သစ်ထူးလွင်

ကမ္ဘာပေါ်တွင် တတိယအကြီးဆုံးရေခဲတောင် Purog Kangri Glacier

ကမ္ဘာပေါ်တွင် တတိယအကြီးဆုံးရေခဲတောင် Purog Kangri Glacier

ကမ္ဘာပေါ်တွင် တတိယအကြီးဆုံးရေခဲတောင် Purog Kangri Glacier

တရုတ်ပြည် တိဗက် နယ်မြေရဲ့ အနောက်တောင်ဖက်မှာရှိတဲ့ Gagqu မြို့ မှနေပြီး ကီလိုမီတာ ၅၆၀ လောက် ကွာဝေးတဲ့နေရာမှာ အလွန်လှပတဲ့ Purog Kangri လို့ အမည်ရတဲ့ ရေခဲတောင်ကြီးရှိပါတယ် ။ တောင် တစ်တောင်လုံးရဲ့ 422 square kilometer ခန့်ကိုရေခဲ ဖုံးအုပ်ထားပြီး ကမ္ဘာပေါ်မှာ တတိယ အကြီး ဆုံးရေခဲတောင်ကြီးဖြစ်တယ်လို့ သတ်မှတ်ထားခြင်းခံထားရပါတယ် ။ ကဲ ကျွန်တော်တို့ ကမ္ဘာ့ တတိယ အကြီးဆုံး ရေခဲတောင်ကြီးရဲ့ အလှအပရှုခင်းတွေကို ခံစားကြည့်လိုက်ကြရအောင်လားဗျာ ။

Credit - သက်တန့်ချို

သဘာဝအလျှောက် ဖြစ်ပေါ်နေသောFirefall

သဘာဝအလျှောက်ဖြစ်ပေါ်နေသော Firefall

သဘာဝအလျှောက်ဖြစ်ပေါ်နေသော Firefall

Yosemite မှာ ဆောင်းရာသီဆိုရင် မြင်းမြီးရေတံခွန်လို့ခေါ်တဲ့ ရေတံခွန် တစ်ခုဟာ ပျောက်ကွယ်လုနီးနီးပါပဲ ။ ဖေဖော်ဝါရီရဲ့လွန်ခဲ့တဲ့ နှစ်ပတ်လောက်မှာ နေရောင်ခြည်ကျရောက်မှုကြောင့် ဒီတောင်စွန်းကနေ ဆင်းလာ တဲ့ ရေတွေဟာ ပုံမှာ မြင်ရတဲ့အတိုင်း မီးတံခွန် Firefall အဖြစ် လှပစွာ မြင်တွေ့နေရပါတယ် ။ နောက် ခံနေရောင်ခြည်ကနေ ရေတံခွန်ကို လှပတဲ့ မီးရောင်ရေတံခွန်အဖြစ်ပြောင်းပေးလိုက်ခြင်းပါပဲ ။

မူရင်း - Nature's Firefall : Horsetail fall

ထူးခြားဆန်းပြား ဖုန်းလေးများ............

ဖောက်ထွင်းမြင်ရတဲ့ Modern Phone

ဖောက်ထွင်းမြင်ရတဲ့ Modern Phone

သင်ဘယ်မြို့မှာနေထိုင်သလဲဆိုတာတော့ ကျွန်တော်မသိပါဘူး ။ ဒါပေမယ့် ကျွန်တော့်မွေးရပ်မြေ တခါတခါမှာ ရာသီ ဥတုက စိုစွတ်ထိုင်းမှိုင်းနေတတ်ပါတယ် ။ ရာသီဥတုခန့်မှန်းချက်ကလည်း ဒီနေ့မိုးရွာမယ်လို့ပြောရင်တော့ ကျိန်း သေ နေပူပြီး ပူပြင်းခြောက်သွေ့တော့မယ်လို့သာ မှတ်လိုက်ပေရော့  ။ (အဲဒီလောက်ခန့်မှန်းချက်ကမှန်တာ ) ကဲ ဒီတော့ ခင်ဗျားတို့ကို လက်ဆောင်တစ်ခုပေးချင်ပါတယ် ။ ဒါကို Window Phone လို့ပဲ လွယ် လွယ်ကူကူ ခေါ်ကြပါစို့ ။ သင်အပြင်မှာကြုံတွေ့နေရတဲ့ ရာသီဥတုနဲ့အညီ ဒီဖုန်းရဲ့မျက်နှာပြင်မှာ ဘာတွေ ပြောင်းလဲ နေလည်း ဆိုတာ ဖော်ပြပေးမှာဖြစ်ပါတယ် ။ သင်တို့လည်းကြိုက်နှစ်သက်ကြမယ်လို့ထင်ပါတယ် ။ ဆက် လေ့လာ ကြည့်ပါဦး ။

ဒါက ရာသီဥတု ကြည်ကြည်လင်လင်နဲ့ နေသာတဲ့နေ့ဆို ဖုန်းလေးကလည်း ကြည်ကြည်လင်လင်လင်နဲ့ပေါ့ ။

မိုးရွာတဲ့နေ့ဆို ဖုန်းမျက်နှာပြင်မှာပါ မိုးရေ စက်တွေစိုရွှဲလို့ ။

နှင်းကျတဲ့နေ့ဆိုလည်း ဖုန်းမှာ နှင်းတွေထူထပ်ပြီး မမြင်ရတော့ဘူး ။

တစ်ဖက်ကနေဖုန်းခေါ်ရင် ဒီလိုလေးမြင်ရမှာပါ ။

ဒါက မက်ဆေ့ပို့ရင်မြင်ရမယ့်ပုံစံမျိုးပေါ့ ။

ဖုန်းကတော့အလန်းစားပဲနော် ။

နောက်ဆုံး အထူးခြားဆုံးက သင်ဖုန်းကိုမျက်နှာမူပြီးအသံပြုလိုက်တာနဲ့ လက်ရေးစာသား Hand writing mode အဖြစ် ပြောင်းသွားမှာပါတဲ့ ။

Credit - သက်တန့်ချို

ရှူးဖိနပ်အသစ်ဝယ်ချင်တဲ့ ဥာဏ်တုံးသူ

ရှူးဖိနပ်အသစ်ဝယ်ချင်တဲ့ ဥာဏ်တုံးသူ

ရှူးဖိနပ်အသစ်ဝယ်ချင်တဲ့ ဥာဏ်တုံးသူ

သေးငယ်တဲ့တိုင်းပြည်တစ်ပြည်မှာ Zheng လို့ခေါ်တဲ့ ခပ်တုံးတုံးလူတစ်ယောက်နေထိုင်သတဲ့ ။ တစ်နေ့တော့ သူဟာ သူ့ခြေထောက်တွေအတွက် ရှူးဖိနစ်အသစ်ဝယ်ချင်တဲ့စိတ်ဖြစ်ပေါ်လာခဲ့တယ် ။ ပထမဆုံး Zheng ဟာ သူ့ခြေထောက်ကို ပေတံနဲ့တိုင်းပြီး ရလာတဲ့အတိုင်းအတာကို စာရွက်ပေါ် ချရေးခဲ့တယ် ။ ပြီးတော့ ဖိနပ်ဆိုင်ကို အလျင်အမြန်ထွက်လာခဲ့ပါတယ် ။

ဖိနပ်ဆိုင်ရောက်တဲ့အခါမှာ သူ့အိပ်ကပ်ထဲ စမ်းကြည့်တဲ့အခါ ဖိနပ်အတိုင်းအတာ မှတ်ထားတဲ့ စာရွက်က အိမ်မှာကျန်နေခဲ့ပြီဆိုတာ သူသိလိုက်ရတယ် ။ အားနာစွာနဲ့ပဲ ဖိနပ်ဆိုင်ရှင်ကိုပြောတယ် ။ “ အိမ်မှာ ကျွန်တော်ဖိနပ်အတိုင်းကျန်ခဲ့တယ်ဗျာ .. ဘယ်အရွယ်အစားလဲ မသိဘူး ကျနော် အမြန်ဆုံးသွားယူပါ့မယ် တစ်မိနစ်လောက်ပါပဲ ” အဲဒီလိုပြောပြီး သူဟာ မြန်နိုင်သမျှ မြန်အောင်ပြေးပြီးအိမ်ကိုပြန်လာခဲ့တယ် ။

အိမ်ပြန်ရောက်တဲ့အခါ ဖိနပ်အရွယ်အစား မှတ်ထားတဲ့ စာရွက်ကိုတွေ့ပြီး ဖိနပ်ဆိုင်ကို ပြန်လာခဲ့တယ် ။ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ ဖိနပ်ဆိုင်က ပိတ်သွားခဲ့ပါပြီ ။ သူ ကြိုးစားပြေးပြီးယူခဲ့ပေမယ့်လည်း ဖိနပ်အသစ်တွေမရခဲ့ဘူး ။

အဲဒီနောက်မှာ သူ့အဖြစ်အပျက်ကိုမြင်တဲ့လူတစ်ယောက်ကမေးတယ် ။ “ ဖိနပ်ဝယ်ဖို့က ခင်ဗျားအတွက်လား တစ်ယောက်ယောက်အတွက်လားဗျ ” “ ကျွန်တော့်အတွက်ပါဗျ ”လို့ Zheng ကပြန်ဖြေတယ် ။

“ ဟင် ဒါဆို .. ခင်ဗျား ခြေထောက်တွေကို ဖိနပ်ဆိုင်မှာ တစ်ခါတည်းစီးကြည့်ပြီး ဘာလို့မတိုင်းခဲ့တာလဲ ”

==========================

တုံးလွန်း အလွန်းတယ်ဆိုတာ ရိုးသားတယ် ကောက်ကျစ်တယ်နဲ့မဆိုင်ပါဘူး ။ လောကကြီးမှာ တုံးလွန်းသူတွေဟာ လိုချင်တဲ့အရာတစ်ခုကို ခက်ခက်ခဲခဲ ယူကြရသလို ဆုံးရှုံးမှုတွေလည်း အမြဲ ကြုံရလေ့ရှိတယ် ။

သက်တန့်ချို
A Foolish Man Buys Shoes by Hao Zhuo

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Credit - သက်တန့်ချို

RoadMap

RoadMap Online Magazine

About RoadMap

ICT နှင့် ပတ်သတ်သော အကြောင်းအရာများကို အခြေခံမှ စတင်ကာ နည်းပညာ နယ်ပယ်မှ မဟုတ်သူများ၊ လက်ရှိ နည်းပညာ နယ်ပယ်ကို စတင်ဝင်ရောက်မည့်သူများ နှင့် နည်းပညာ နယ်ပယ်အတွင်း ရောက်ရှိနေသူများ အတွက် အဓိက ဖတ်ရှု့လေ့လာနိုင်ရန် စီစဉ်ထားသော လစဉ်ထုတ် Online Magazine စာအုပ်တစ်အုပ် ဖြစ်ပါသည်။ Basic To Professional ဟုရည်ရွယ်ထားသည့် အတွက် လစဉ်ဖတ်ရှု့ခြင်းဖြင့် အခြေခံ Level မှ Professional Level သို့ ရောက်အောင် ဗဟုသုတများ ၊ လက်ရှိ ထွက်ပေါ်နေသော နည်းပညာ အကြောင်းများ ဖြင့် Up to Date ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Objective

ယနေ့ခေတ်တွင် ICT နည်းပညာသည် နေရာတိုင်း၊လုပ်ငန်းခွင်တိုင်း မရှိမဖြစ် လိုအပ်လာပါသည်။ ထို့ကြောင့် RoadMap Online Magazine ကို နည်းပညာနယ်ပယ်သို့ အခြေချ မည့်သူ ဖြစ်စေ၊ အခြေချဖို့ ခက်ခဲနေသူ ဖြစ်စေ၊ အခြားပြင်ပသင်တန်းများသို့ တက်ရောက်ရန် အခက်အခဲဖြစ်သူများ (သို့) သင်တန်းများ ရှားပါးသော မြို့၊နယ် များမှ လူကြီး၊ လူငယ် များ၊ စီးပွားရေးလုပ်ငန်းတွင် ICT နည်းပညာ တိုးချဲ့ရန် လိုအပ်လျက်ရှိပြီး အခြေခံမှ စတင်လေ့လာရန် ခက်ခဲနေသော စီးပွားရေးလုပ်ငန်းရှင်ကြီးများ နှင့် နည်းပညာ နယ်ပယ်အတွင်း မိမိရည်မှန်းချက်သို့ သွားရောက်ရန် ဆုံးဖြတ်ဝေခွဲရ ခက်နေသူများ အားလုံးကို ရည်ရွယ်ပါသည်။

Fees

Online Magazine ဖြစ်သည့် အတွက် မည်သည့် Registration မှ မလိုအပ်ပဲ Download Page သို့သွားရောက်ကာ အလွယ်တကူ Free Download လုပ်ယူနိုင်ပါသည်။

Download ဆွဲမယ်ဆိုရင် >> Download Here <<

Credit - Panhtwar Tech

BarCamp ဆိုတာ........

BarCamp ဆိုတာ....................

- BarCamp ဆိုတာ နယ်ပယ်အသီးသီးမှ ၀ါသနာတူသူ၊ဦးတည်ချက်တူသူတွေ တစ်နေရာထဲမှာ
စုစည်းပြီး ကိုယ်တတ်မြောက်ထားတဲ့ နည်းပညာတွေကို တစ်ခြားသူတွေကို မျှဝေပေးလို့ရသလို
အခြားသူများ မျှဝေဆွေးနွေးတဲ့ နည်းပညာများကို လေ့လာနိုင်ရန်၊ အတွေ့အကြုံများ ဖလှယ်နိုင်ရန်၊
အသိပညာများ ပြန့်ပွားလာစေရန် ၀ိုင်းဖွဲ့ဆွေးနွေးတဲ့ ပွဲတစ်ပွဲ ဖြစ်ပါတယ်...
- နည်းပညာဆိုတာ IT နည်းပညာတစ်ခုတည်းကို ဆိုလိုခြင်းမဟုတ်ဘဲ အခြားမည်သည့်
နယ်ပယ်ကဖြစ်စေ BarCamp သို့ လာရောက်လေ့လာနိုင်သလို မိမိတတ်မြောက်သော နယ်ပယ်မှ
အသိအမြင်များ၊ အတွေ့အကြုံများ၊လေ့လာတွေ့ရှိချက်များကိုလည်း ပြန်လည်မျှဝေ ဆွေးနွေးနိုင်ပါတယ်။
ဒါကြောင့် BarCamp ကို နယ်ပယ်စုံက ဦးဆောင်ဆွေးနွေးလိုသူများ တက်ရောက်နိုင်သလို၊
နားထောင်လို ပြန်လည်ဆွေးနွေးလိုသူများလည်း တက်ရောက်နိုင်ပါတယ်။
- ကိုယ်က ဦးဆောင်ဆွေးနွေးလိုသူ ဖြစ်ပါက ဆွေးနွေးလိုသည့် အကြောင်းအရာကို
Topic Board မှ တာဝန်ရှိသူကို ပြောကြားလျှင် ဆွေးနွေးမည့် အကြောင်းအရာ၊
ဆွေးနွေးနိုင်မည့်အခန်း နှင့် အချိန်ကို Topic Board ၌ ကပ်ထားပေးပါမည်။
- ကိုယ်က လာရောက် နားထောင်လိုသူ၊ လေ့လာဆွေးနွေးလိုသူဆိုလျှင်
Topic Board ၌ ကပ်ထားသည့် အချိန်ဇယားကို ကြည့်ပြီး
ကိုယ်စိတ်ဝင်စားသည့် အကြောင်းအရာ ဆွေးနွေးမည့်အခန်းကို သွားရောက်နိုင်ပါသည်။
- ဒါဆိုရင် သတ်မှတ်အချိန်မှာ မိမိစိတ်ဝင်စားရာ အကြောင်းအရာအလိုက် ဦးဆောင်ဆွေးနွေးသူနှင့်၊
နားထောင်လိုသူ လေ့လာလိုသူများပါ သက်ဆိုင်ရာ အခန်းမှာ စုစည်းမိပြီး ၀ိုင်းဖွဲ့ဆွေးနွေးလေ့လာနိုင်ပါပြီ။
BarCamp ပွဲကို တက်ရောက်ဆွေးနွေး လေ့လာမယ်ဆိုရင် ရရှိလာနိုင်မယ့် အကျိုးကျေးဇူးတွေကတော့
နယ်ပယ်ကဏ္ဍအသီးသီးက နည်းပညာရှင်၊အသိပညာရှင်၊ အတတ်ပညာရှင်များစွာရဲ့ မျှဝေဆွေးနွေးသွားမယ့်
ဗဟုသုတများစွာကို ရရှိနိုင်သလို ကိုယ်နဲ့ ၀ါသနာတူ မိတ်ဆွေ၊အသိပညာမိတ်ဆွေများလည်း
ရရှိလာနိုင်ပါတယ်။လုပ်ငန်းရှင်က ကျွမ်းကျင်သည့် ပညာရှင်ကို တွေ့နိုင်သလို၊ပညာရှင်ကလည်း
ထိုက်တန်တဲ့ အခွင့်အလမ်းတွေ တွေ့ရှိနိုင်ပါတယ်..။

Ki Ki Ko

Call Recorder

Call Recorder လိုချင်နေတဲ့သူတွေ အတွက် တင်ပေးရတာပါ.................
 
Ki Ki Ko

Manangement Ebook

Manangement နဲ့ ပတ်သတ်တဲ့ စာအုပ်လေးတွေပါ ........... အားလုံးကြိုက်ကြမယ်ထင်ပါတယ်......

Management 

  • ဈေးကွက်စီးပွားရေးစနစ်နှင့်စီးပွားရေးပေါ်လစီ(ဒေါက်တာအောင်ကိုကို{စီးပွားရေးပညာ၊စီးပွားရေးပေါ်လစီ})https://www.facebook.com/groups/knwtalk014/534186463331491/

ဒီမှာ ဒေါင်းလို့ အဆင်မပြေရင် Knowledge & Wisdom Talks မှာ ဒေါင်းနိုင်ပါတယ်ခင်ဗျာ........

မင်းတကိုယ်ထဲ လျှောက်ပေတော့ (တဂိုး)

တဂိုး ရဲ့ ကဗျာတွေထဲက မှာ ကျွန်တော်အကြိုက်ဆုံး ကဗျာတစ်ခုပါ....................

မင်းတကိုယ်ထဲ လျှောက်ပေတော့ (တဂိုး)

မင်းခေါ်လို့  သူတို့ မလိုက်ရင်
မင်းတကိုယ်ထဲ လျှောက်ပေတော့။

ကြောက်ဒူးတုန်လို့ 
နံရံဘက်လှည့်ပြီး သူတို့ နုတ်ဆိတ်နေရင်
မင်းကံဆိုးတာပေါ့၊
စိတ်ရှင်းရှင်းနဲ့ တကိုယ်ထဲသာ
ပွင့်ပွင့်လင်းလင်းပြောပေတော့။

တောကြီးမျက်မဲထဲ ဖြတ်သန်းနေတုန်း

မေတ္တာမွန်၊ လက်ဆောင်မွန်

မေတ္တာမွန်၊ လက်ဆောင်မွန် (တဂိုး)

အို အရူး။ သင့်ပုခုံးပေါ်ကို သင့်ကိုယ်သင် ထမ်းရန် ကြိုးစားနေသလား။

အို သူတောင်းစား။ သင့်အိမ်မှာင် ပြန်တောင်းနေသလား။

သင်၏ ဝန်လေး၍ သယ်ပိုးနေရသော ဝန်ထုပ်ဝန်ပိုးကို ထမ်းဆောင်နိုင်သူလက်မှာ ထားရစ်ပါ၊ နောင်တရပြီး ပြန်လှည့်မကြည့်ပါနှင့်။

သင်၏ ဆန္ဒတို့ကို မီးတိုင်အလင်းရောင် ထါက်လာဘိသို့ ထုတ်ပါ။ လက်ဆောင်မွန်တို့ကို မသန့်ရှင်း ညစ်ပတ်သောလက်တို့နှင့် လက်ခံမယူပါနှင့်။ မကောင်းမှုသာတည်း။ သန့်ရှင်းမွန်မြတ်သော မေတ္တာဖင့် ကမ်းလှမ်းသည်တို့ကိုသာ လက်ခံပါလေတကား။ ။

ရာဘင်ဒြာနတ် တဂိုး(တနင်္သာရီမောင်ချစ်စံ ဘာသာပြန်သည်။)
တဂိုး၏ ခံစားရမှုစာများ (၁၉၆၈) မှ 

O Fool
O Fool, try to carry thyself upon thy own shoulders! O beggar, to come beg at thy own door! 

Leave all thy burdens on his hands who can bear all, and never look behind in regret. 

Thy desire at once puts out the light from the lamp it touches with its breath. It is unholy---take not thy gifts through its unclean hands. Accept only what is offered by sacred love. 

Rabindranath Tagore

ဆူးချက်

ဆူးချက် (တဂိုး)

ဝတ်ရည်ရင့်သည့်
တပွင့်ငုံအာ၊ ချစ်ပန်းလွှာအား
ဆွတ်ကာချွေယူ၊ ငါလျှင်ချူသည်
သင်မူသိစ၊ ဤလောက။

မြတ်နိုးလှစွာ၊ နုမာလာအား
ရင်မှသယု၊ ပိုက်ပွေ့ပြုသော်
ညံ့နုလဲဝါ၊ ငါ့သဲညှာဝယ်
ဖောက်ကာဆိပ်ဆူး၊ နစ်၍စူး၏။

နေ့ချိန်ကုန်မြောက်၊ ညသို့ရောက်သော်
ပွင့်ညှောက်ဖြူပြာ၊ ချစ်ပန်းလွှာကား
ရှိန်ဝါလွင့်မွဲ၊ ညိုရောင်စွဲခဲ့
သို့လဲပြေပါ၊ ငါ့သဲညှာဝယ်
ဒဏ်ရာဆူးချက်၊ ပြင်းပြလျက်တည်း။

အိုအဘယ်လောက၊ အိုလောကငယ်
မျာလှသောင်းသောင်း၊ ပန်းအပေါင်းလည်း
အကြောင်းသင့်စွာ၊ သင့်ထံလာလိမ့်
ငါ့မှာသော်ကား၊ ကံဖယ်ရှား၍
ရွေ့လျားမြုပ်တိမ်၊ ပန်းဆွတ်ချိန်လည်း
မှေးမှိန်မှုံရည်၊ ကုန်ခဲ့ပြီတည့်
ညဆီမှောင်စိုး၊ သန်းခေါင်ကျိုးသော်
လှမျိုးရောင်ချယ်၊ ချစ်ပန်းကွယ်၍
သဲဝယ်စူးမျက်၊ ဤဒဏ်ချက်သာ
သစ်လျက်ကျန်ခဲ့သည်တကား။

ရာဘင်ဒြာနတ် တဂိုး
(ငွေတာရီ ဘာသာပြန်သည်။)
တဂိုး၏ ခံစားရမှုစာများ (၁၉၆၈) မှ

စပယ်ဦး

ကျွန်တော် ကဗျာလေးတွေ မတင်တာကြာလို့ တင်ပေးလိုက်တာပါ.. အားလုံးကြိုက်ကြမယ်ထင်ပါတယ် တဂိုးရဲ့ ကဗျာလေးပါ.................

စပယ်ဦး (တဂိုး)

By Hsu Oo on Monday, December 23, 2013 at 2:03pm
ကလေးဘဝတုန်းက
ပဌမဆုံးခူးခဲ့သော စပယ်ဦးတို့ကို
သတိရနေပါသေးသည်။

ကျွန်တော်သည်
နေခြည်ကိုလည်း ချစ်ခဲ့ဘူးပါပြီ။
ကောင်းကင်ကိုလည်း ခင်ခဲ့ဘူးပါပြီ။
မြေကြီးကိုလည်း မက်ခဲ့ဘူးပါပြီ။
သန်းခေါင်ချိန်စီးဆင်းသော
မြစ်ရေသံလွမ်းချင်းကိုလည်း

For IDM User

IDM နဲ့ကို ကွန်ပြူတာပေါ်မှာ တင်သုံးချင်သူတွေအတွက်..
IDM အသုံးပြုနည်း.......................

အောင်မြင်မှုသို့ လှေကားထစ်များ

အောင်မြင်မှုသို့ လှေကားထစ်များ
***********************

Post By Ki Ki Ko

ဒီတစ်ခုကတော့ ကျွန်တော်ကိုယ်တိုင်က အောင်မြင်နေလို့ ရေးတာမဟုတ်သလို အောင်မြင်မှုနဲ့ဝေးကွာ
သွားလို့ ရေးရတာလည်း မဟုတ်ပါဘူး..။ အောင်မြင်မှုဆို တာ

ချစ်သူများနေ့မှာ ဘာလက်ဆောင်တွေ ပေးရင် ကောင်းမလဲ

ချစ်သူများနေ့မှာ ဘာလက်ဆောင်တွေ ပေးရင် ကောင်းမလဲ

”ချစ်သူများနေ့မှာ ဘာလက်ဆောင်တွေ ပေးရင် ကောင်းမလဲ”

ကိုယ်ချစ်သူ့ ကောင်မလေးကို ချစ်သူများနေ့မှာ ဘာပေးရင် ကောင်းမလဲ?
အကယ်၍ ကိုယ်ချစ်သူ့ ကောင်မလေး (သို့) ကိုယ့်အမျိုးသမီးက ဒီနှစ် ချစ်သူများနေ့မှာ ဘာမှဝယ်မပေးနဲ့နော်၊ ပိုက်ဆံကုန်ပါတယ် ပြောသော်ဌါးလည်း သူတို့ သင်ဆီက ချစ်သူများနေ့မှာ ကဒ်ပြားလေးဖြစ်စေ၊ ပန်းစည်းဖြစ်စေ၊ လက်ဆောင်လေး တစ်ခုခုတော့ မျှော်လင့်နေမှာ အမှန်ပါပဲ။

ချစ်သူ့ ကောင်မလေး (သို့) အမျိုးသမီးကို ပေးရန် လက်ဆောင် အိုင်ဒီယာ:
၁။ ပန်းစည်း – နှင်းဆီ အနီရဲရဲလေး ပန်းစည်း (သို့) သခွပန်းစည်း (ကြိုအော်ဒါမှာထားဖို့တော့ လိုမယ်နော်)
၂။ သကြားလုံး – ချစ်သူများနေ့ကို ကိုယ်စားပြုတဲ့ အသဲပုံဗူးနဲ့ သကြားလုံးများ (ဆိုင်တိုင်လိုလိုမှာ ၀ယ်လို့ရပါတယ်)
၃။ လက်ဝတ်ရတနာ – ဒီတစ်ခုကတော့ ကိုယ်ချစ်သူကို ဘယ်လိုမှ စိတ်ပျက်နေမှာ မဟုတ်ပါဘူး
၎။ မိမိကြိုက်နှစ်သက်တဲ့ သီချင်း – ဒါကတော့ လူတိုင်းတတ်နိုင်ပါတယ်
၅။ လက်ရေးနဲ့ ရေးထားသော ကဒ်ပြား – အဓိပ္ပါယ် ဖော်ကျူးနိုင်ဆုံး အရာပါ။
ကိုယ်သူမကို ဘယ်လောက် ချစ်တယ်ဆိုတာ စာနဲ့ ချရေးလိုက်ပါ။ ဒီအတွက် ငွေကုန်ကြေးကျ မများပါဘူး။
၆။ စိတ်ကူးယဉ်ဆန်တဲ့ ညစာ – ကိုယ်တိုင် အိမ်မှာ ပြင်ဆင်တာ (သို့) ဆိုင်တစ်ခုခုမှာ စီစဉ်ထားပါ။
ရ။ မှတ်စု စာအုပ် – သင်တို့ ချစ်သူ နှစ်ဦးရဲ့ ဓာတ်ပုံတွေကို စုစည်းပြီ သင်တို့ ချစ်သူ နှစ်ဦးရဲ့ အမှတ်ရတွေကို စာအုပ် တစ်အုပ်ပြုလုပ်ပါ။
၈။ နှလုံးသားထိသွားမယ့် အရာ – အသဲပုံ စက္ကူတွေကို ဖြတ်ပြီ သူမ အခန်း (သို့) ကား တစ်ခုလုံး အနှံ့ လိုက်ကပ်ထားပါ။ ပိုပြီ စိတ်ကူးကွန့်မြူးချင်ရင်တော့ အသဲပုံတစ်ခုခြင်းဆီမှာ သူမကို ဘာလို့ချစ်တာလည်း ဆိုတာ လိုက်ရေးထားပါ။
၉။ ၀က်ဝံရုပ် – ဒါကတော့ လူတိုင်း ပေးနေကျပါ။
၁၀။ သင်ရဲ့ အချိန် – ချစ်သူများနေ့မှာ သင်ရဲ့ အချိန်တွေကို သူမနဲ့ တူတူကုန်ဆုံးရင်၊ သူမကို သင်ဘယ်လောက် ချစ်တယ်ဆိုတာကို ပြောပြပေးပါ။
၁၁။ ဓာတ်ပုံ – သူမရဲ့ ကျောင်းသူဘ၀က အစ ဓာတ်ပုံ စုစည်းပြီ ဗီဒီယို လေးတစ်ခုလုပ်ကာ သူမအကြိုက်ဆုံး သီချင်းလေးကို နောက်ခံ ထားထားပါ။ မိမိ ပုံဖော်နိုင်သလို၊ Photoshop နဲ့ဖြစ်စေ သူမ ဓာတ်ပုံတွေကို အသဲပုံလေးတွေ ပုံဖော်၊ ရယ်စရာပုံလေး ပုံဖော်ထားနိုင်ပါတယ်။ သင်ရဲ့ မျက်နှာကိုလည်း ဖြတ်ညှပ်ကပ်လုပ်ပြီ သူမ ဓာတ်ပုံဘေးမှာ ထည့်ပြီ ချစ်စရာအသွင် ပြုလုပ်ပါ။ မိန်းခလေး တွေက ဖြတ်ထိုးဥာဏ်ကောင်းတဲ့ ကောင်လေးတွေကို ပိုလို့ ချစ်တတ်ပါတယ်။
ကိုယ်ချစ်သူ့ ကောင်လေးကို ချစ်သူများနေ့မှာ ဘာပေးရင် ကောင်းမလဲ?
- ချစ်သူ ကောင်လေး၊ အမျိုးသားတွေကလည်း ကောင်မလေး တွေလိုပါပ၊ဲ ကိုယ်ချစ်သူဆီက လက်ဆောင်တွေ ရရင် ထပ်တူ သဘောကျပါတယ်။ ချစ်သူများနေ့ဆိုတာ အချစ်ကို သီကုံးထားတဲ့ နေ့တစ်နေ့ပါပဲ၊ အဲဒီနေ့မှာ ဘာပေးရမယ်၊ ဘာမပေးရဘူးဆိုတဲ့ စည်းမျဉ်းတွေ မရှိပါဘူး။ ဒါပေမယ့် နိုင်ငံတော်တော် များများမှာတော့ ချစ်သူ ကောင်မလေးတွေက ကောင်လေးတွေကို ချစ်သူများနေ့မှာ ချောကလက် လက်ဆောင်တွေ ပေးကြပါတယ်။ ကိုယ်ချစ်သူ ကောင်လေးက ချောကလက် မကြိုဘူးဆိုရင် တခြား သမရိုးကျ ပေးလို့ရတဲ့ လက်ဆောင်လေးတွေ ရှိပါသေးတယ်။
၁။ သမရိုးကျ လက်ဆောင် – အသစ်စက်စက် ချစ်သူများအတွက် သမရိုးကျ လက်ဆောင်ကတော့ အကောင်းဆုံးပါပဲ။ ချောကလက် အပြင် သကြားလုံး၊ အမွှေးပွအရုပ် တွေကို ပေးလို့ရပါတယ်။
၂။ ကိုယ်တိုင် ပစ္စည်းတစ်ခုခုလုပ်ပေးပါ – ဘာပစ္စည်းလုပ်ရမယ်ဆိုတာတော့ သတမတ် မရှိပါဘူး။ ကိုယ်ချစ်သူ့ ကောင်လေးက ၀ါသနာနဲ့ လိုက်ပြီ ပစ္စည်းလေးတွေ လုပ်လို့ရပါတယ်။ ဥပမာ- သူက သီချင်းကို သူ့ကြိုက်နှစ်သက်တဲ့ သီချင်း စုစည်းခွေ (သို့) ဂီတနဲ့ ပတ်သက်တဲ့ ပတ်သက်တဲ့ အရာလေးတွေ ပေးလို့ရပါတယ်။
၃။ ပိုက်ဆံ ကုန်ကျခံစရာ မလိုပါဘူး – ကိုယ့် ချစ်သူ ကောင်လေးကို အချစ်ကို ဖော်ကျူးပြဖို့ ပိုက်ဆံတွေ အများကြီး ကုန်ကျခံဖို့ မလိုပါဘူး။ ဈေးကြီးတဲ့ ပစ္စည်းထက်ဆိုင်ရင် ကိုယ်ရဲ့ နှလုံးသားဆီက လာတဲ့ လက်ဆောင် ပစ္စည်းကိုပဲ ပေးပါ။ ယောကျာ်လေးတွေက အစားအစာ နှစ်သက်ကြတာများပါတယ်။ ဒါကြောင့် သူကြိုက်တဲ့ ကွတ်ကီး ဖုတ်ပေးတာ ဖြစ်စေ၊ အိမ်မှာ အစားအသောက် ချက်ပြုတ် ပြင်ဆင်ပေးတာ ဖြစ်စေ၊ ချောကလက် စတော်ဘယ်ရီ ကိတ်လေး ဖုတ်တာ ဖြစ်စေ ပြုလုပ်ပေးလို့ရပါတယ်။ သို့မဟုတ်လည်း ကောင်လေးအတွက် အချစ် ကဗျာ(သို့)သီချင်း လေးတွေ သီကုံးပေးလို့လည်း ရပါသေးတယ်။
၎။ အရင်နှစ်နဲ့ ကွဲပြားချင်တယ် – နှစ်တိုင်း ချောကလက်ပေး၊ လက်ဆောင်တွေ ပေးရတာကို မပေးချင်တော့ဘူး။ အရင်နှစ်တွေနဲ့ မတူအောင် တမူထူးခြား ပေးချင်တဲ့ သူတွေကတော့ သူကြိုက်နှစ်တဲ့ ရုပ်ရှင် လက်မှတ် (သို့) ကပွဲ လက်မှတ် ၀ယ်ပေးပါ။ သူအတွက် စပယ်ရှယ် ညစာကို သူကြိုက်နှစ်သက်ရာ ဟင်းလျာတွေကို ချက်ပြုတ်ပြင်ဆင်ပေးပါ။ သင်တို့နှစ်ယောက်အတွက် အရေးပါတဲ့၊ ကိုယ်စားပြုတဲ့ သီချင်းလေးတွေကို စုစည်းပြီ လက်ဆောင်ပေးပါ။
၅။ တခုမှတ်ထားရမှာကတော့ ယောကျာ်လေးတွေက မိန်းခလေးတွေထက် ပိုပြီ ပွင့်လင်းပါတယ်။ သူတို့ ဘာလိုချင်တယ်၊ အဲဒီနေ့မှာ ဘာလုပ်ချင်တယ်ဆိုတာ ပြောပါတယ်။ ဒါကြောင့် ကိုယ် ချစ်သူ့ ကောင်လေးကို ဘာလက်ဆောင်ပေးရမှန်း မသိပဲ အကြပ်ရိုက်နေရင်၊ သူကို ပွင့်ပွင့်လင်းလင်း မေးပြီ တိုင်ပင်လို့ရပါတယ်။
၆။ ကိုယ့်ချစ်သူ ကောင်လေးအတွက် ကိုယ်တိုင် ချောကလက် လုပ်ပေးမယ် ဆိုရင်တော့ အတိုင်းထက် အလွန်ပေါ့နော်။ ဒါကြောင့် ကိုယ်တိုင် ချောကလက် လုပ်ပေးချင်သူများ အတွက် ချောကလက် လုပ်နည်းကို ရေးပေးထားပါတယ်။
ချောကလက်
ပါဝင်ပစ္စည်းများ
•    နို့မှုန့် – ၅၀၀ ဂရမ်
•     cocoa အမှုန့် – ၅၀ ဂ၇မ်
•    ထောပတ်(ဆားမပါတဲ့ ထောပတ်) – ၂၀၀ ဂရမ်
•    သကြား – ရ၀၀ ဂရမ်
•    ရေ – ၁ခွက် (measurement ခွက်)
ချောကလက် ပြုလုပ်နည်း
၁။ ခွက်တစ်ခုထဲတွင် နို့မှုန့် နှင့် cocoa အမှုန့်ကို ရောလိုက်ပါ။
၂။ ပြီလျှင် ဒယ်ထဲတစ်ခုထဲ ရေ(၁ခွက်)၊ သကြားထည့်ပြီ ပွက်ဆူအောင် တည်ထားပါ။ သကြား ပျော်သွားလျှင် မီးလျှော့ပြီ ထောပတ် ထည့်ပါ။
၃။ ထောပတ်ပါ အရည်ပျော်သွားမှ ရောမွှေထားသော နို့မှုန့် နှင့် cocoa အမှုန့်ကို ထည့်ပြီ ဖြည်းဖြည်းခြင်း မွှေပေးပါ။
၎။ ပြီနောက် မီးနည်းနည်းဖြင့် တည်ထားပါ။
၅။ ထို့နောက် မိမိကြိုက်နှစ်သက်ရာ ပုံစံခွက်ထဲ ထည့်ပြီ ရေခဲသေတ္တာထဲတွင် ၂နာရီ- ၃နာရီ အအေးခံထားပေးပါ။
၆။ ချောကလက်ကို ရရှိပါပြီ… (မြေပဲ၊ အုန်းသီးမှုန့်၊ ကြိုက်နှစ်သက်ရာ ချောကလက်ထဲ ထည့်နိုင်ပါသည်)
ဘာသာပြန် – Wutyee Food House
Reference – အင်တာနက်

Pyay View လေးတွေပါ...

Photo By Ki Ki Ko

သဘာဝအလှတရားများကို ကြည့်ရှုပြီး ဘ၀အမောတွေ ပြေနိုင်ကြပါစေ.......

ပြည်ဆည်းဆာ

ပြည်မြို့ရဲ့ ဆည်းဆာ..................................................
Ki Ki Ko

ဧရာဝတီ......

ရှုခင်းလေးတွေကြည့်ရအောင် လို့ တင်ပေးလိုက်တာပါခင်ဗျာ................ Ki Ki Ko

ယောက်ျားလေးနဲ့ မိန်းကလေး ဘယ်သူက ပိုချစ်တတ်ကြသလဲ ?

ယောက်ျားလေးနဲ့ မိန်းကလေး ဘယ်သူက ပိုချစ်တတ်ကြသလဲ ?

************************************************
ဒီစာကို ကျွန်တော် ရေးဖို့ အကြိမ်ကြိမ်စဉ်းစားမိပါတယ်..။ ဘာကြောင့်လဲဆိုတော့
ကျွန်တော်က စာရေးဆရာ တစ်ယောက် မဟုတ်ပါဘူး.။ ဒါကြောင့် ဒီလိုရေးတဲ့နေရာမှာ
အမှားအယွင်းပါမှာကို စိုးရိမ်မိပါတယ်.။ အခု ဒီ Post ကို တင်ရတဲ့အကြောင်းကလဲ
ကျွန်တော်တို့ ကိုရွှေယောက်ျားတို့တွေ မိန်းမတွေရဲ့ မာယာထောင်ချောက်အောက်မှာ
မနစ်မြောမိစေရန် နှင့် စိတ်ဓာတ်ယိမ်းယိုင်နေတဲ့ မိန်းကလေးအများစုကို ရည်ရွယ်ပြီးရေးရတာပါ..။

For Valentine

Valentine's Day အထူးအစီအစဉ်အနေဖြင့် စွယ်စုံ ဓာတ်ပုံ နှင့် ဗီဒီယို ရိုက်ကူးရေးမှ Customer များအား ကျေးဇူးတုန့်ပြန်သောအနေဖြင့် ယခုကဲ့သို့ စီစဉ်လိုက်ပါတယ်.....

စာအုပ်အသစ်များ....

ထူးဆန်းထွေလာ စားစရာနှင့် PDF
>>>>>Download<<<<
ဓားတောင်ကိုကျော်၍ (မြသန်းတင့်)
>>>>>Download<<<<

ဗေဒင်ပညာစိတ်ဝင်စားသူများ အတွက် တားရော့ဟောနည်း

ဆရာကြီး မင်းသိင်္ခရဲ့ တားရော့ဟောနည်း စာအုပ်လေးပါ။ ဗေဒင်ပညာစိတ်ဝင်စားသူများ အတွက်တော့ အဖိုးတန်ပါတယ်ဗျာ။ ကဲအပိုတွေ မပြောတော့ဘူးဗျာ။ စိတ်ဝင်စားသူများ ဒေါင်းလုပ်ရယူနိုင်ပါပြီ။ ခင်မင်လျှက်.............

Download=>> Link 1Link 2

အဆင်ပြေပါစေ..

Download Here !

အသည်းကွဲကဗျာ.

အသည်းကွဲ ကဗျာလေးတွေ မတင်ရတာ ကြာလို့ တင်ပေးလိုက်တာပါ.. ကျွန်တော် အတက်နိုင်ဆုံး ပုံမှန်ပြန်တင်နိုင်အောင်ကြိုးစားသွားမှာပါ..................