Search Box

Manangement Ebook

Manangement နဲ့ ပတ်သတ်တဲ့ စာအုပ်လေးတွေပါ ........... အားလုံးကြိုက်ကြမယ်ထင်ပါတယ်......



Management 

  • ဈေးကွက်စီးပွားရေးစနစ်နှင့်စီးပွားရေးပေါ်လစီ(ဒေါက်တာအောင်ကိုကို{စီးပွားရေးပညာ၊စီးပွားရေးပေါ်လစီ})https://www.facebook.com/groups/knwtalk014/534186463331491/

ဒီမှာ ဒေါင်းလို့ အဆင်မပြေရင် Knowledge & Wisdom Talks မှာ ဒေါင်းနိုင်ပါတယ်ခင်ဗျာ........

မင်းတကိုယ်ထဲ လျှောက်ပေတော့ (တဂိုး)



တဂိုး ရဲ့ ကဗျာတွေထဲက မှာ ကျွန်တော်အကြိုက်ဆုံး ကဗျာတစ်ခုပါ....................


မင်းတကိုယ်ထဲ လျှောက်ပေတော့ (တဂိုး)




မင်းခေါ်လို့  သူတို့ မလိုက်ရင်
မင်းတကိုယ်ထဲ လျှောက်ပေတော့။

ကြောက်ဒူးတုန်လို့ 
နံရံဘက်လှည့်ပြီး သူတို့ နုတ်ဆိတ်နေရင်
မင်းကံဆိုးတာပေါ့၊
စိတ်ရှင်းရှင်းနဲ့ တကိုယ်ထဲသာ
ပွင့်ပွင့်လင်းလင်းပြောပေတော့။

တောကြီးမျက်မဲထဲ ဖြတ်သန်းနေတုန်း

မေတ္တာမွန်၊ လက်ဆောင်မွန်


မေတ္တာမွန်၊ လက်ဆောင်မွန် (တဂိုး)




အို အရူး။ သင့်ပုခုံးပေါ်ကို သင့်ကိုယ်သင် ထမ်းရန် ကြိုးစားနေသလား။

အို သူတောင်းစား။ သင့်အိမ်မှာင် ပြန်တောင်းနေသလား။

သင်၏ ဝန်လေး၍ သယ်ပိုးနေရသော ဝန်ထုပ်ဝန်ပိုးကို ထမ်းဆောင်နိုင်သူလက်မှာ ထားရစ်ပါ၊ နောင်တရပြီး ပြန်လှည့်မကြည့်ပါနှင့်။

သင်၏ ဆန္ဒတို့ကို မီးတိုင်အလင်းရောင် ထါက်လာဘိသို့ ထုတ်ပါ။ လက်ဆောင်မွန်တို့ကို မသန့်ရှင်း ညစ်ပတ်သောလက်တို့နှင့် လက်ခံမယူပါနှင့်။ မကောင်းမှုသာတည်း။ သန့်ရှင်းမွန်မြတ်သော မေတ္တာဖင့် ကမ်းလှမ်းသည်တို့ကိုသာ လက်ခံပါလေတကား။ ။

ရာဘင်ဒြာနတ် တဂိုး(တနင်္သာရီမောင်ချစ်စံ ဘာသာပြန်သည်။)
တဂိုး၏ ခံစားရမှုစာများ (၁၉၆၈) မှ 


O Fool
O Fool, try to carry thyself upon thy own shoulders! O beggar, to come beg at thy own door! 

Leave all thy burdens on his hands who can bear all, and never look behind in regret. 

Thy desire at once puts out the light from the lamp it touches with its breath. It is unholy---take not thy gifts through its unclean hands. Accept only what is offered by sacred love. 

Rabindranath Tagore

ဆူးချက်


ဆူးချက် (တဂိုး)

ဝတ်ရည်ရင့်သည့်
တပွင့်ငုံအာ၊ ချစ်ပန်းလွှာအား
ဆွတ်ကာချွေယူ၊ ငါလျှင်ချူသည်
သင်မူသိစ၊ ဤလောက။

မြတ်နိုးလှစွာ၊ နုမာလာအား
ရင်မှသယု၊ ပိုက်ပွေ့ပြုသော်
ညံ့နုလဲဝါ၊ ငါ့သဲညှာဝယ်
ဖောက်ကာဆိပ်ဆူး၊ နစ်၍စူး၏။

နေ့ချိန်ကုန်မြောက်၊ ညသို့ရောက်သော်
ပွင့်ညှောက်ဖြူပြာ၊ ချစ်ပန်းလွှာကား
ရှိန်ဝါလွင့်မွဲ၊ ညိုရောင်စွဲခဲ့
သို့လဲပြေပါ၊ ငါ့သဲညှာဝယ်
ဒဏ်ရာဆူးချက်၊ ပြင်းပြလျက်တည်း။

အိုအဘယ်လောက၊ အိုလောကငယ်
မျာလှသောင်းသောင်း၊ ပန်းအပေါင်းလည်း
အကြောင်းသင့်စွာ၊ သင့်ထံလာလိမ့်
ငါ့မှာသော်ကား၊ ကံဖယ်ရှား၍
ရွေ့လျားမြုပ်တိမ်၊ ပန်းဆွတ်ချိန်လည်း
မှေးမှိန်မှုံရည်၊ ကုန်ခဲ့ပြီတည့်
ညဆီမှောင်စိုး၊ သန်းခေါင်ကျိုးသော်
လှမျိုးရောင်ချယ်၊ ချစ်ပန်းကွယ်၍
သဲဝယ်စူးမျက်၊ ဤဒဏ်ချက်သာ
သစ်လျက်ကျန်ခဲ့သည်တကား။

ရာဘင်ဒြာနတ် တဂိုး
(ငွေတာရီ ဘာသာပြန်သည်။)
တဂိုး၏ ခံစားရမှုစာများ (၁၉၆၈) မှ

စပယ်ဦး



ကျွန်တော် ကဗျာလေးတွေ မတင်တာကြာလို့ တင်ပေးလိုက်တာပါ.. အားလုံးကြိုက်ကြမယ်ထင်ပါတယ် တဂိုးရဲ့ ကဗျာလေးပါ.................

စပယ်ဦး (တဂိုး)

By Hsu Oo on Monday, December 23, 2013 at 2:03pm
ကလေးဘဝတုန်းက
ပဌမဆုံးခူးခဲ့သော စပယ်ဦးတို့ကို
သတိရနေပါသေးသည်။

ကျွန်တော်သည်
နေခြည်ကိုလည်း ချစ်ခဲ့ဘူးပါပြီ။
ကောင်းကင်ကိုလည်း ခင်ခဲ့ဘူးပါပြီ။
မြေကြီးကိုလည်း မက်ခဲ့ဘူးပါပြီ။
သန်းခေါင်ချိန်စီးဆင်းသော
မြစ်ရေသံလွမ်းချင်းကိုလည်း

For IDM User

IDM နဲ့ကို ကွန်ပြူတာပေါ်မှာ တင်သုံးချင်သူတွေအတွက်..
IDM အသုံးပြုနည်း.......................

အောင်မြင်မှုသို့ လှေကားထစ်များ


အောင်မြင်မှုသို့ လှေကားထစ်များ
***********************


Post By Ki Ki Ko

ဒီတစ်ခုကတော့ ကျွန်တော်ကိုယ်တိုင်က အောင်မြင်နေလို့ ရေးတာမဟုတ်သလို အောင်မြင်မှုနဲ့ဝေးကွာ
သွားလို့ ရေးရတာလည်း မဟုတ်ပါဘူး..။ အောင်မြင်မှုဆို တာ