Search Box

ကွန်ပျူတာနှင့်ပက်သက်ပြီး လူသိနည်းသော အကြောင်းအရာများ

ကွန်ပျူတာနှင့်ပက်သက်ပြီး လူသိနည်းသော အကြောင်းအရာများ

ယနေ့ခေတ်တွင် ကွန်ပျူတာသည် လုပ်ငန်းသုံးရော၊ ဖျော်ဖြေရေးအတွက်ပါ လွန်စွာအသုံးတွင်ကျယ်လာသော စက်ပစ္စည်းတစ်မျိုးဖြစ်သည်။ ကွန်ပျူတာနှင့်ပက်သက်သော software များ၊ Hardware များ တွင်တွင်ကျယ်ကျယ် သိကြသော်လည်း လူသိနည်းသော ကွန်ပျူတာနှင့်

Android Application တွေ Free ရနိုင်တဲ့ နိုင်ငံခြား ဘလော့ အချို့

Android Application တွေ Free ရနိုင်တဲ့ နိုင်ငံခြား ဘလော့ အချို့..


Android တွေခေတ်စားနေချိန်မှာ Android Application တွေ အလကားရနိုင်တဲ့ နိုင်ငံခြား ဘလော့ အချို့ကို ဖေါ်ပြပေးလိုက်ပါတယ်..

အောက်က စာရင်းပါ.. နောက်ထပ်လည်း ညွှန်းပေးပါအုံးမယ်..

  1. http://freeapkdownload.blogspot.com/
  2. http://ublackmartapkandroid.blogspot.com/
  3. http://download-android-apk-games.blogspot.com/
  4. http://apkarchived.blogspot.com/
  5. http://bestapk.blogspot.com/
  6. http://trendingappapk.blogspot.com/
  7. http://android-xtreme-apk.blogspot.com/
  8. http://androidyard.blogspot.com/
  9. http://apkfulldownloads.blogspot.com/
  10. http://downloadapk-apps.blogspot.com/
  11. http://apkappszone.blogspot.com/
  12. http://freesoftwar24.blogspot.com/search/label/Android
  13. http://plusmobiles.blogspot.com/
  14. http://androidapk292-download.blogspot.com/
  15. http://uandroidmarketplace.blogspot.com/
  16. http://z4root-apk.blogspot.com/

အဆင်ပြေကြပါစေ...

Credit - မောင်ပေါက်

GSM ဖုန်းတွေ အင်တာနတ်လိုင်း မြန်ချင်ရင်


Android ဖုန်းပေါ်မှာ GSM Internet သုံးတဲ့သူတွေ သိကြတဲ့အတိုင်းပါဘဲ..Connection က E  ပြောင်းလိုက်၊ 3G ပြောင်းလိုက် H ပြောင်းသွားလိုက်နဲ့ Connection ကကောင်းကိုမကောင်းပါဘူး..အခု 2012 နှစ်ကုန်ခါနီးမှာ ထွက်လာတဲ့ Android ဖုန်းတွေမှာကျတော့ GSM Mode ကနေ WCDMA Mode ကိုပြောင်းပေးတဲ့ စနစ်တွေ ထည့်သွင်းပေးလိုက်ပါတယ်..ဒါေ
ပမယ့် Android ဖုန်းတော်တော်များများမှာ တော့မပါရှိပါဘူး..ဒီလိုမပါရှိတဲ့ Android ဖုန်းတွေအတွက် Android Software လေးတစ်ခုတင်ပေးလိုက်ပါတယ်။ အသုံးပြုနည်းကတော့ Software ကိုဖုန်းထဲမှာ Install လုပ်ပြီးတာနဲ့ Software ကိုဖွင့်လိုက်ပါ..ပြီးတာနဲ့ ပုံမှာပြထားတဲ့အတိုင်း Set Preferred Network Type မှာ WCDMA Only သို့ပြောင်းပေးလိုက်ပါ။တစ်ခြားဘာမှ ပြောင်းလဲရန်၊ထည့်ရန်မလိုအပ်ပါဘူးနော်။
 ပြီးတာနဲ့ အင်တာနက် ကွန်နက်ရှင်ကိုဖွင့်ကြည့်လိုက်ပါ... H ဖြစ်နေတာကိုတွေ့ရသလို..အင်တာနက်လိုင်းလဲ အင်မတန်ကောင်းလာတာကို လက်တွေ့သိရမှာပါ..အရင်ကတော့ GSM ဖြစ်တဲ့အတွက်တစ်မိနစ် ၂ ကျပ်နှုန်းနဲ့ဖြတ်တာပါ..WCDMA Mode ပြောင်းလိုက်တဲ့အတွက် တစ်မိနစ် ၂ ကျပ်နှုန်းနဲ့ဖြတ်တော့တာမဟုတ်ပါဘူး..တစ်မိနစ် ၄ ကျပ်အဖြစ် ပြောင်းလဲပြီးဖြတ်နေတာကိုတွေ့ရပါတယ်။ ကဲ...အားလုံးဘဲ GSM အင်တာနက်အသုံးပြုပြီး လိုင်းမကောင်းခြင်းမှ လိုင်းကောင်းကြပါစေဗျာ.....
 
Download From Dev-Host  Soldifiles or Tusfiles or SendSpace

2013 Popular Fashion

2013 Popular Fashion

ကျွန်တော့် ဆရာတစ်ယောက်က ၀တ်ဆုံလေးတွေ တင်ပေးဖို့ပြောတာနဲ့ တင်ပေးလိုက်ရတာပါ.............











ဒါနဲ့မကျေနပ်ရင်
http://www.coniefoxdress.com/Prom-Dresses/Prom-Dresses-2013/plist523.html?gclid=CMeQno6Dq7oCFeYA4godIQsAgg
 ဒီမှာဝင်ကြည့်လို့ရပါတယ်ခင်ဗျာ

Download ဆွဲချင်သူများအတွက် PDF

Download ဆွဲချင်သူများအတွက် စာအုပ် ( ၃ ) အုပ်

ဆင်းရဲသောဖေဖေ ချမ်းသာသောဖေဖေ

ဇနီးလောင်းနှင့် မိန်းမကောာင်း

တာတေစနေသား ဦးနု

ရည်းစားစကား

ကျွန်တော်ရေးထားတဲ့ ကဗျာလေးတွေကို ကူးယူချင်တယ် ဆိုရင် Credit ပေးပြီး လွတ်လပ်စွာ ကူးယူနိုင်ပါတယ်ခင်ဗျာ..
စီးပွားရေးအရ ဖြန့်ချင်ဝေခွင့်ကိုတော့ ခွင့်ပြုမည်မဟုတ်ကြောင်း အသိပေးအပ်ပါတယ်ခင်ဗျာ .........

ဒူးထောက်မိပြီ

ဒီတစ်ခါကတော့ ကဗျာတွေ တင်ပေးပါလို့ တောင်းဆိုတဲ့ သူငယ်ချင်းတွေအတွက် ကဗျာလေးတွေ တင်ပေးတာပါ ။ ကဗျာက မတင်တာလည်း ကြာပါပြီ ....  ခုတော့  တင်ပေးလိုက်ပါပြီ ........
ရှုစားပေးကြပါဦး သူငယ်ချင်းတို့ရေ..............

စကားကြီး (၁၀) ခွန်း

ဒါကတော့ ဗဟုသုတ အနေနဲ့ပဲတင်ပေးတာပါ သိပြီးသားသူတွေကတော့ များမှာပါဗျာ ကျနော်က မသိသေးတဲ့ သူငယ်ချင်းတွေအတွက် တင်ပေးလိုက်တာပါ .........

စကားကြီး ( ၁၀ ) ခွန်း


  ၁။ ရေကူးညှာတင်
  ၂။ ကောက်ပင်ရိတ်လှီး
  ၃။ ရေးစီးဖောင်ဆန်
  ၄။အိုးတန်ဆန်ခတ်
  ၅။ ဆီပွတ်ကျည်ပွေ့
  ၆။ ဆင်ဝှေ့ရန်ရှောင်
  ၇။ တောင်သူယာခုတ်
  ၈။ ကြက်ဆုပ်မှတ်ပစ်
  ၉။ ရေစစ်ကရား
၁၀။ ခက်တင်မောင်းနှင်


သိမှတ်ဖွယ်ရာနေ့ရက်များ

သိမှတ်ဖွယ်ရာ နေ့ရက်များ


Telenor ငွေဖြည့်ကတ်များ စတင် ဝယ်ယူစဉ် တစ်နာရီထက် မနည်းအခမဲ့ ပြောနိုင်မည် ဖြစ်ပြီး ဝန်ထမ်း ၃ဝဝဝ ကိုလည်း အလုပ်ခန့် ထားနိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိ

Telenor ငွေဖြည့်ကတ်များ စတင် ဝယ်ယူစဉ် တစ်နာရီထက် မနည်းအခမဲ့ ပြောနိုင်မည် ဖြစ်ပြီး ဝန်ထမ်း ၃ဝဝဝ ကိုလည်း အလုပ်ခန့် ထားနိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိ



နော်ဝေနိုင်ငံ အစိုးရ၏ ရှယ်ယာ ထက်ဝက်ကျော် ပါဝင်သော Telenor ဆက်သွယ်ရေး ကုမ္ပဏီက မြန်မာနိုင်ငံရှိ လူဦးရေ သန်း ၆ဝ ကို ကိုယ်စီ
ကိုယ်ငှ ဖုန်းအသုံးပြု နိုင်စေရန် ရည်ရွယ်၍ လုပ်ဆောင်နေ သကဲ့သို့ စထုတ်မည့် ငွေဖြည့်ကတ်များတွင် တစ်နာရီစာထက်မနည်း အခမဲ့ပြောဆို
နိုင်အောင် စီစဉ်နေပြီး အခြားသော ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ ကိုလည်း လုပ်ဆောင်ပေးမည် ဖြစ်သည်။ ဤသို့ဖြင့် မြန်မာပြည်သူ အားလုံးကို မိုဘိုင်းလ်ဖုန်း ပြောနိုင်သူများ ဖြစ်စေရန် ဆောင်ရွက်
ပေးသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ Telenor ၏ CEO Mr. Petter Furberg က ပြောကြားခဲ့သည်။

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း လုပ်ပိုင်ခွင့်ကို ဇွန် ၂၇ ရက်က ချပေး
ခဲ့ပြီးနောက် နော်ဝေ ကုမ္ပဏီနှင့် ကာတာ ကုမ္ပဏီတို့ လုပ်ကိုင်ခွင့်တင်ဒါ
အောင်မြင်ခဲ့ပြီး နော်ဝေကုမ္ပဏီက ဒုတိယအကြိမ်အဖြစ်သတင်းစာရှင်းလင်း
ပွဲပြုလုပ်ကာ အတိအလင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ ပထမအကြိမ် သတင်းစာ ရှင်းလင်းပွဲတွင် ဖုန်းခေါ်ဆိုခ တစ်မိနစ် ၂၅ ကျပ် အောက်နှုန်း
ဖြင့်သာ ကောက်ခံသွားမည် ဟုဆိုခဲ့သော အဆိုပါ ကုမ္ပဏီမှာ ယခုဒုတိယ
အကြိမ် သတင်းစာ ရှင်းလင်းပွဲတွင် တစ်မိနစ် ၂၅ကျပ်ဖြင့် ကောက်ခံသွား
မည် ဖြစ်ပြီး ငွေဖြည့်ကတ် ဝယ်ယူ သူများကို တစ်နာရီစာ ထက်မနည်း အခမဲ့ဖုန်းပြော ဆိုနိုင်ရန် ဆောင်ရွက် သွားမည့် အပြင် Telenor ဝန်ထမ်း အလုပ်သမား ၃ဝဝဝ ကိုလည်း ဘင်နာရေး ကုမ္ပဏီနှင့် ပေါင်းစပ်ခေါ်ယူ၍ လုပ်ငန်းခွင် ကျွမ်းကျင် သင်တန်းများကို ပြည်တွင်းနှင့် ပြည်ပနိုင်ငံများသို့ သွားရောက် သင်ယူစေမည် ဖြစ်ကြောင်း မြန်မာနိုင်ငံအတွက် အလုပ်အကိုင်
ခန့် ထားပေးမည့် အရာရှိ Ms.Kaewsrin- garm က အတည်ပြု ပြောကြား
ခဲ့သည်။

Telenor ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံတွင် အင်တာနက် လုပ်ငန်းနှင့် မိုဘိုင်းလ်ဖုန်း ဈေးကွက် ရရှိထားသော ကုမ္ပဏီများနှင့် MOU ရေးထိုး
ထားပြီး နည်းပညာအရ စိတ်ချရသော ကုမ္ပဏီများဖြင့်သာ လုပ်ကိုင်မည်
ဖြစ်ကြောင်း သိရသည်။

Telenor ကုမ္ပဏီ၏ ရှယ်ယာအများစု ကိုပိုင်ဆိုင်သော ထိုင်းနိုင်ငံအခြေစိုက် dtac ကုမ္ပဏီတွင် ဝန်ထမ်းအင်အား ၅ဝဝဝ ခန့်ထားပြီး မြန်မာနိုင်ငံအတွက် ဝန်ထမ်း ၃ဝဝဝ ကို သြဂုတ် ၁၃ ရက်မှစတင်၍ အလုပ် လျှောက်ထားနိုင်ရန်
ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။ Telenor ကိုပြည်သူတိုင်း အသုံးပြုနိုင်ရန် အတွက် ပြည်သူ့ရေးရာ ဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်း
များကိုလည်း ဆောင်ရွက်သွားမည် ဖြစ်သည်။ ထို့အပြင် အဆင့်မြင့်နည်း ပညာများကိုလည်း ဝန်ထမ်းများအပြင် ပြင်ပမှတက် ရောက်ချင်သူများကိုပါ တက်ရောက် ခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။

ဝန်ထမ်းလစာ ပေးချေမှုများကို ဒေါ်လာအတက်အကျကြောင့် နစ်နာမှုများ မဖြစ်ပေါ်စေရန် မြန်မာကျပ်ငွေ ဖြင့်သာခန့်ထားပေးချေ သွားမည်ဖြစ်ပြီး လစာပေးချေမှုအပေါ်မကျေနပ်မှုများ မဖြစ်ပေါ်စေရန် နိုင်ငံတကာ စံနှုန်း
များထက် မနည်းစေရန် ပေးချေသွားမည် ဖြစ်ကြောင်း သိရသည်။ ဝန်ထမ်း ခန့်ထားရာတွင် ပြည်ပတွင် ရောက်ရှိနေပြီး မြန်မာပြည် ပြန်လာချင်သူ ကျွမ်းကျင်သူများကို အဓိက ခေါ်ယူသွားမည် ဖြစ်ကြောင်း သိရသည်။

_______________________________

မြ၀တီ ၏စာမျက်နှာမှ ကူးယူဖော်ပြပါသည်။

First Look: ဘက်စုံသုံး စမတ်ဖုန်း (သို့) ALCATEL ONE TOUCH HERO

First Look: ဘက်စုံသုံး စမတ်ဖုန်း (သို့) ALCATEL ONE TOUCH HERO


IFA 2013 နည်းပညာပြပွဲရဲ့ အထူးခြားဆုံးသော စမတ်ဖုန်းအား ရွေးချယ်ပါဆိုလျှင် ALCATEL ONE TOUCH HERO အား ရွေးချယ်ရပါလိမ့်မယ်။

ဘာဖြစ်လို့လဲဆိုတော့ ဒီစမတ်ဖုန်းဟာ “ဘက်စုံသုံး” ဆိုတဲ့ အခေါ်အဝေါနဲ့ အမှန်တကယ်ကို လိုက်ဖက်တဲ့ ပထမဆုံးသော စမတ်ဖုန်း ဖြစ်နေလို့ပါပဲ။ ကြီးမားကျယ်ပြန့်ပြီး ပုံထွက်ကောင်းမွန်လှတဲ့ ၆ လက်မ အရွယ် မျက်နှာပြင်နဲ့ စွမ်းဆောင်ရည် မြင့်မားလှတဲ့ အချက်တွေအပြင် Stylus Pen ၊ E Ink သုံး အဖုန်းနဲ့ Pico ပရော်ဂျက်တာတို့ကိုပါ အသုံးပြုနိုင်မှာ ဖြစ်တာကြောင့် အိမ်သုံး၊ ရုံးသုံး၊ ကျောင်းသုံး အဖြစ် ဘက်စုံသုံးနိုင်အောင် အဖက်ဖက်က ပြီးပြည့်စုံနေတဲ့ စမတ်ဖုန်းပါပဲ။

ALCATEL ONE TOUCH HERO ရဲ့ ၆ လက်မ မျက်နှာပြင်ရဲ့ ပုံထွက်နှုန်းဟာ 1920 x 1080 pixel ရှိလို့ Full HD မျက်နှာပြင်ပဲ ဖြစ်ပါတယ်။ လက်ရာမထင်အောင်လည်း Oleophobic အလွှာပါး ဖုန်းအုပ်ပေးထားပါတယ်။

စက်ပိုင်းဆိုင်ရာမှာတော့ quad-core ပရော်ဆက်ဆာ၊ 2GB RAM နဲ့ 8GB (သို့) 16GB သိုမှီးမှုပါမာဏတို့ကို ထည့်သွင်းပေးထားပါတယ်။ ထူးခြားတာကတော့ 16GB မော်ဒယ်မှာ ဆင်းမ်ကဒ် ၂ ကဒ် ထည့်သွင်းလို့ ရမှာဖြစ်ပါတယ်။ 32GB ပမာဏအထိ ထည့်သွင်းနိုင်မယ့် microSD အပေါက်နဲ့ 3400 mAh အားရှိတဲ့ ဘက္ကထရီကိုလည်း တပ်ဆင်ပေးထားပါတယ်။

HERO ကို အမှတ်မထင်ကြည့်ရင် Samsung Galaxy Note II နဲ့ တူသယောင်ရှိနေပြီး ပါဝင်တဲ့ Stylus Pen ဟာလည်း Note ရဲ့ Stylus နဲ့ ဆင်နေပြန်ပါတယ်။ ဒီစမတ်ဖုန်းရဲ့ စွမ်းဆောင်ရည်နဲ့ လုပ်ဆောင်ချက်တွေက ထူးခြားပြီး ကောင်းမွန်နေတာတော့ မဟုတ်ပါဘူး။ ဒီစမတ်ဖုန်းနဲ့ တွဲဖက်ပြီး အသုံးပြုဖို့ သီးသန့်ထုတ်လုပ် ပေးထားတဲ့ ပစ္စည်းလေးတွေနဲ့ ပေါင်းစပ်လိုက်တဲ့ အခါကျမှသာ “ဘက်စုံသုံး” စမတ်ဖုန်းတစ်ခု ဖြစ်လာမှာပါ။

ပထမဆုံး ပစ္စည်းကတော့ TV Link ခေါ် မိမိရဲ့ တီဗီနဲ့ ကြိုးမဲ့ချိတ်ဆက်ပြီး ဖုန်းပေါ်မှာ ပေါ်နေသည့် မြင်ကွင်းအား တိုက်ရိုက် ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
HERO ရဲ့ အနောက်ဖက် ညာဖက်ခြမ်းမှာ pin တွေ တပ်ဆင်ထားတာကို တွေ့နိုင်ပါတယ်။ ဒီ Pin တွေဟာ ကြိုးမဲ့အားသွင်းနိုင်တဲ့ case နဲ့ LED မီးလုံးလေးတွေနဲ့ notification တွေကို ဖော်ပြပေးနိုင်တဲ့ Megaflip လို့ခေါ်တဲ့ case တို့ကို ချိတ်ဆက်တပ်ဆင်နိုင်မှာ ဖြစ်ပါတယ်။

ဤ ထပ်ဆောင်းပစ္စည်းများအနက် အထူးခြားဆုံးကတော့ E Ink မြင်ကွင်း တပ်ဆင်ထားတဲ့ cover ပဲဖြစ်ပါတယ်။ ဒီ E Ink မြင်ကွင်းကို အသုံးပြုပြီး စာဖတ်ခြင်း ၊ text message ကြည့်ခြင်းနဲ့ အခြားသော အချက်အလက်များကို ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။

နောက်ဆုံး ထပ်ဆောင်းပစ္စည်းကတော့ Pico ပရော်ဂျက်တာပဲ ဖြစ်ပါတယ်။ အထက်မှာ ဖော်ပြထားတဲ့ pin တွေနဲ့ ချိတ်ဆက်ပြီး အသုံးပြုနိုင်မယ့် ဤ ပရော်ဂျက်တာလေးဟာ HERO စမတ်ဖုန်းအတွက် သီးသန့် ထုတ်လုပ်ထားတာဖြစ်ပြီး လက်မ ၇၀ အရွယ် မြင်ကွင်းအား ချိန်ထိုးဖော်ပြ ပေးနိုင်မယ်လို့ သိရှိရပါတယ်။

HERO အား အဖြူ၊ အနက်နှင့် အပြာရောင်များဖြင့် ထုတ်လုပ်သွားမယ်လို့ သိရှိရပြီး ဈေးနှုန်းနှင့် စတင်ဖြန့်ချိမည့် အချိန်တို့ကိုမူ မသိရှိရသေးပါ။

ဓမ္မောဒယ ဘုန်းတော်ကြီးကျောင်းတွင် IT နည်းပညာဟောပြောပွဲကျင်းပ

ဓမ္မောဒယ ဘုန်းတော်ကြီးကျောင်းတွင် IT နည်းပညာဟောပြောပွဲကျင်းပ


15.10.2013 နေ့လည် 1 နာရီမှ 3 နာရီတွင် IT နှင့်ပတ်သက်သော နည်းပညာအကြောင်းနှင့် အခြားအထွေထွေအကြောင်းများကို ကလေးများအား ဗဟုသုတရစေလိုသော ဆန္ဒဖြင့် ပဲခူးတိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းနှင့် ကွန်ပျူတာလုပ်ငန်းရှင်များအသင်း (ပြည်ရုံးခွဲ) မှ အသင်းသားများမှ စုပေါင်းပြီး ဟောပြောဆွေးနွေးခဲ့ကြပါသည်။

အခမ်းအနားကို အောက်ပါအစီစဉ်အတိုင်း ကျင်းပခဲ့ကြပါသည်။

1. အခန်းအနား အစီစဉ်စတင်ကြောင်း ကြေငြာခြင်း
2. ကွန်ပျူတာလုပ်ငန်းရှင်အသင်းမှ ဒု ဥက္ကဌ ဦးကျော်မိုးခိုင်မှ အဖွင့်အမှာစကားပြောကြားခြင်း
3. ကွန်ပျူတာလုပ်ငန်းရှင်အသင်းမှ ဦးညီညီနိုင်မှ ကွန်ပျူတာအခြေခံအကြောင်းပြောကြားခြင်း
4. ကွန်ပျူတာလုပ်ငန်းရှင်အသင်းမှ ဦးကိုကိုဝင်းမှ Internet အသုံးပြုရခြင်း၏ အကြောင်းရင်းပြောကြားခြင်း
5. ကွန်ပျူတာပညာရှင်များအသင်းမှ ဦးကိုကိုခိုင်မှ လူငယ်များနှင့်အမေးအဖြေကို ပြောကြားခြင်း
6. ကွန်ပျူတာပညာရှင်များအသင်းမှ ဒု ဥက္ကဌ ဦးရဲမြင့်အောင်မှ ကွန်ပျူတာသိကောင်းစရာများပြောကြားခြင်း
7. ကွန်ပျူတာလုပ်ငန်းရှင်များအသင်းမှ ဒေါ်ငြိမ်းငြိမ်းထိုက်နှင့် ဒေါ်လွင်ဦးခိုင်တို့မှ လူငယ်နှင့်ဘ၀အောင်မြင်ရေးအကြောင်းပြောကြားခြင်း
8. ကွန်ပျူတာလုပ်ငန်းရှင်အသင်းမှ ဒုဥက္ကဌ ဦးကျော်မိုးခိုင်မှ ယဉ်ကျေးမှုနှင့် စာရိတ္တအကြောင်းပြောကြားခြင်း
9. 15.10.2013 တွင် ဓမ္မောဒယ ဘုန်းတော်ကြီးကျောင်းတွင် IT နည်းပညာဟောပြောပွဲ အခမ်းအနားပြီးဆုံးကြောင်းကြေငြာခြင်း

စသည့်အစီစဉ်များဖြင့် အောင်မြင်စွာကျင်းပခဲ့ပါသည်။
 
Credit - www.pyaynews.blogspot.com

စကားမာရသွန်

ဒီဆောင်းပါးလေးက ၂၀၀၉ ခုနှစ် မတ်လ မှာ ထုတ်တဲ့
ဆရာကြီး လူထုစိန်ဝင်းရဲ့စကားမာရသွန် ကို ပြန်လည်ဖြန့်ဝေပေးခြင်း ဖြစ်ပါတယ် ။ လူငယ်များအနေနဲ့ ဖတ်ဖြစ်အောင် ဖတ်ပေးဖို့ မေတ္တာရပ်ခံပါတယ်ခင်ဗျာ.......

စကားမာရသွန်


ချစ်သူကို အုပ်မိုးမယ့်ထီး

ချစ်သူကို အုပ်မိုးမယ့်ထီး


ဟိုးအရင်ခေတ်ကာလများစွာတုန်းက ထီးဆိုတာ မင်းစိုးရာဇာတွေမှ သုံးစွဲရတဲ့ အရာဝတ္ထု တစ်ခုပါ
ယခု ခေတ်မှာ သုံးစွဲနေကြတဲ့ထီးရဲ့ ပုံစံကို အီဂျစ်လူမျိုးတွေက စတင်သုံးစွဲခဲ့ပါတယ်။

်ဘကြီးပဲ စားလိုက်တော့

ဘကြီးစားလိုက်တော့

 

အဘိုးအိုတစ်ယောက်သည် သူ၏ မြေးတစ်ယောက်နှင့် လမ်းလျှောက်ထွက်ရင်း ကလေးက ဗိုက်ဆာ
တယ် လို့ ဆိုလာတယ် ဒီလိုနဲ့  ဘကြီးက ကလေးကို လက်ဖက်ရည်ဆိုင်ခေါ်သွားပြီး
 လက်ဖက်ရည်နဲ့အတူ မုန့်တွေ
တစ်မျိုးပြီးတစ်မျိုး မှာယူ ကျွေးမွေးပါတယ်။ ကလေးကလည်း ကျွေးသမျှ ပလုတ်ပလောင်း
စားတော့တာပဲ။ ဒီလိုနဲ့ဘကြီးဖြစ်သူက စားပွဲထိုးဆီလှမ်းပြီး
" ဟေး ..... ဒီကို တစ်ရှူးလာချပေးဦး " လို့ လှမ်းမှာလိုက်ပါတယ်။ ဒီတော့ ကလေးက
သူ့ဘကြီးကို ခုလိုပြောပါတယ် ။
" ကျွန်တော် ဗိုက်ပြည့်နေပြီ ဘကြီးရ။ ထပ်မစားနိုင်တော့ဘူး။ ဒီတစ်ခါလာချပေးတာကို ဘကြီးပဲ
စားလိုက်တော့ "

Yiddish Proverbs

Phone apk လေးလုပ်ပြီးတော့ ဒီ ဒသနလေးတွေ ပြန်တင်ပေးပါ တောင်းဆိုတဲ့ သူငယ်ချင်းတွေကို ပြန်တင်ပေးလိုက်ပါတယ်....

" အလွမ်းတွေနဲ့ ဧရာဝတီ ..........."


" အလွမ်းတွေနဲ့ ဧရာဝတီ ..........."

*********************************************

ဧရာဝတီရဲ့ အလွမ်းပုံရိပ်လေးကို ကိုယ်ချင်းစာမိလို့ ရေးမိတာပါ ........ လိုအပ်တာများရှိရင် အကြံဥာဏ်လေးများပေးကြပါခင်ဗျာ ...............
Ki Ki Ko

ချစ်သူများနေ့ ပေါ်ပေါက်လာပုံသမိုင်း


ချစ်သူများနေ့ ပေါ်ပေါက်လာပုံသမိုင်း

********************************************


Valentine's Day ရောက်လာတော့မယ်ဆိုတော့ ကျွန်တော် စိတ်ကူးတစ်ခုပေါ်လာတယ်..။
ဒါကတော့ လူတွေ ပါးစပ်ဖျားမှာတော့ " . . ချစ်သူများနေ့ . . " " . . ချစ်သူများနေ့ . . " မရိုးနိုင်အောင်ပြောနေ ကြပေမယ့် .. ဘယ်လိုပေါ်ပေါက်လာ သလဲဆိုတဲ့သမိုင်းကို မသိကြသေးတဲ့သူတွေ တော်တော်များများ ရှိကြဦးမယ်ထင်ပါတယ်..။ ဒါကြောင့်ပဲ ကျွန်တော် သိသလောက် ၊ဖတ်မိသလောက် ပြောပြချင်ပါတယ်... သိပြီးသား ကိုကိုမမများကလဲ သိထားတာလေးတွေရှိရင် ဝေဖန်ခဲ့ပါဦးလို့..။
ချစ်သူများနေ့ပေါ်ပေါက်လာပုံ
အေဒီ (၃)ရာစု လောက်မှာ အုပ်ချုပ်ခဲ့တဲ့ ရိုမန် စစ်ဘုရင် Claudius ဟာ စစ်အင်အားတွေစုဆောင်း၊ နယ်မြေသစ်တွေတိုးချဲ့ ရင်း ပါဝါ ကြီးစိုးခဲ့တယ်..။ သူ့လက်ထက်မှာ Britain နိုင်ငံဟာ ရောမအင်ပါယာ အောက် ရောက်အောင် စွမ်းဆောင်နိုင်ခဲ့တယ်..။ Claudius ဟာအမြဲတမ်း နယ်ချဲ့ရင်း စစ်ပွဲကိုပဲ ဦးစားပေးဆင်နွှဲနေတော့ နိုင်ငံထဲကယောကျာ်းတွေဟာ စစ်ထဲ မဝင် ချင်တော့ ဘူး။ စစ်မတိုက်ချင်ကြတော့ဘူး..။ဇနီးမယား တွေ မိသားစုတွေ၊ ဆွေမျိုးတွေနဲ့ပဲ နေချင်ကြတယ်..။
ပြင်းထန်တဲ့တိုက်ပွဲတစ်ခုမှာတော့ ရောမစစ်သည်တွေ အသေအပျောက်များခဲ့တယ်.. စစ်သားသစ်တွေလိုလာတယ်..။စစ်သည်အင် အားကို လည်း ပိုမိုတောင့်တင်းခိုင်မာအောင် လုပ်ချင်တယ်.။ ဒါပေမယ့် ယောကျာ်းတွေကလဲ စစ်ထဲကိုမဝင်လိုကြတော့ အခက်တွေ့နေတယ်..။
Claudius ဟာစဉ်းစားတယ် ယောကျာ်းတွေဟာ မိသားစုသံယောဇဉ်ကြောင့် စစ်ထဲမဝင်ချင်ကြတာပဲ သူတို့သာ အိမ်ထောင်မပြုကြရင် စစ်ထဲဝင်ကြမှာပဲလို့ မိုက်မိုက်မဲမဲတွေးမိတယ်..။ ဒါကြောင့်ပဲ နိုင်ငံတစ်ဝန်း လူငယ်တွေ အိမ်ထောင်မပြုရလို့အမိန့်ထုတ်လိုက်တယ်..။ လူငယ်တွေ အတွက် ရက်စက်ပြီး အဓိပ္ပါယ်မရှိတဲ့ ဥပဒေပေါ့...။
ထိုဥပဒေကို ဆန့်ကျင့်တဲ့ ခရစ်ယာန် ဘုန်တော်ကြီး တစ်ပါးပေါ်လာတယ်..။ သူ့နာမည်က
Saint Valentine လိုခေါ်ပြီး လက်ထပ်ပွဲတွေမှာကောင်းချီးပေးတဲ့ ဘုးန်ကြီးပေါ့..။
သူဟာတင်းကြပ်တဲ့ ဥပဒေ တွေတားမြစ်ထားတဲ့ကြားမှ လက်ထက်ပွဲတွေကို သိုးသိုးသိပ်သိပ် စီစဉ်ကျင်းပပေးခဲ့တယ်..။ သူ့ရဲ့ သီးသန့် အခန်းကျဉ်းလေးထဲမှာ ဖယောင်းတိုင်လေးထွန်းပြီး မင်္ဂလာပွဲကို သူရယ် မင်္ဂလာမောင်နှံရယ် သုံးယောက်သား လျှို့ဝှက် ကျင်းပကြတယ်..။ တစ်ညမှာတော့ သတင်းပေါက်ကြားပြီး မင်္ဂလာ ကျင်းပတဲ့အခန်းထဲ ဝင်ရောက်ဖမ်းဆီးကြတယ်..။ မင်္ဂလာမောင်နှံ လွတ်မြောက်သွားသော်လည်း St. Valentine ဖမ်းဆီးခြင်းခံရပြီး သေဒဏ်ချမှတ် လိုက်ကြတယ်..။
သူဝမ်းမြှောက်သွားတာ တစ်ခုရှိတယ် သူထောင်ထဲမှာရှိစဉ် ရောမမှာ ရှိတဲ့ လူငယ်တွေဟာ ထောင်ထဲကို လာတွေ့ကြတယ် ပြတင်းပေါက်မှာ ပန်းတွေ ကြဲကြ မှတ်စုလေးတွေရေးကြ တယ်..။ ပြီးတော့ သူလုပ်ခဲ့တာမှန်ကန်ကြောင်း၊ သူတို့လေးတွေလည်းအချစ်ကို ယုံကြကြောင်း အားပေးထောက်ခံကြတယ်..။ အဲ့ဒီ့ထဲမှာ ထောင်မှုးကြီးသမီးလဲပါတာပေါ့..။ ထောင်မှုးကြီး က ခွင့်ပြုတာကြောင့် သူ့ရဲ့ အခန်းထဲမှာ လာတွေ့တယ် စကားတွေ အများကြီးပြောတယ်.။ အားပေးစကားတွေပြောတယ်.. နောက် သူသေခါနီးမှာ သူမရဲ့ ခင်မင်မှု၊ သစ္စာရှိမှု၊ အားပေးမှု တွေကို ကျေးဇူးတင်တဲ့အနေနဲ့ "Love from your Valentine." ဆိုတဲ့ မှတ်စုတိုလေး တစ်စောင် ထိုအမျိုးသမီးတွက်ရေးထားခဲ့တယ်..။
အေဒီ (၂၆၉) ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ သူကွယ်လွန်သွားခဲ့တယ်.. အဲ့ဒီနောက်မှာ တော့ St. Valentine ကို လေးစားဂုဏ်ပြုသောအားဖြင့်
"" . . Valentine's Day . . "" ဆိုတာ ပေါ်ပေါက်လာခဲ့တယ်..။
American အဖွဲ့တစ်ခုရဲ့ခန့်မှန်းချက်အရတစ်ကမ္ဘာလုံးမှာ တစ်နှစ်ကို သန်းတစ်ထောင်သော Valentines တွေပို့ကြတယ်..။ Christmas လက်ဆောင်ပြီးရင်တော့ ဒုတိယအများဆုံးပေါ့..။ အဲဒီ့ထဲမှာ အမျိုးသမီးတွေက ဝယ်ကြတာ ၈၄ ရာခိုင်နှုန်းလောက်ပါတဲ့...။



Credit - ပြည်သတင်း

လူတစ်ယောက်၏ ပင်ကိုယ် စရိုက်တွက်နည်း


လူတစ်ယောက်၏ ပင်ကိုယ် စရိုက်တွက်နည်း


------------------------------
--------------

လူတစ်ဦးဆီမှာ ပင်ကိုယ် `ဇ´ လေးတွေ ပါလာတတ်ပါတယ် ။
(0) လောဘကြီးသူ
(1) ဒေါသကြီးသူ
(2) မောဟစိတ်လွန်ကဲသူ
(3) မေတ္တာစိတ်ရှိသူ
(4)ဂရုဏာစိတ်များသူ
(5) မုဒိတာ တရားလက်ကိုင်ထားသူ
(6)ဥပေက္ခာသမား

ဆိုပြီး (7)မျိုး ခွဲခြာထားပါတယ် .......။

တွက်နည်းကတော့ လွယ်ပါတယ် ကိုယ်ရဲ့ မွေးသက္ကရာဇ်ရယ် ၊မွေးနံကို ဂဏန်းပြောင်းပြီး ပေါင်းပါ။
ရတဲ့ အဖြေ (7) နဲ့ စားရပါမယ် ထွက်လာတဲ့ အဖြေကတော့ ကိုယ့်ရဲ ပင်ကိုယ်စရိုက်ပေါ့ ။

ဥပမာ -
သင့် မွေးသက္ကရာဇ်က 1353 ခု သောကြာသားဆိုရင် 6ပေါ့။
1353+6=1359
1359÷7=1 ကြွင်းပေါ့

မြန်မာမွေးနှစ်မသိတဲ့လူတွေအတွက်တော့
http://www.mmcalendar.com/index.php
အဲဒီထဲမှာ အင်္ဂလိပ်ခုနှစ်က မြန်မာခုနှစ်ပြောင်းပြီး ကြည့်နိုင်ပါတယ်။

ကဲ .....အောက်မှာ ကိုယ့်ရဲ့ စရိုက်လေးကို ကြည့်ကြတာပေါ့ ....

အကြွင်း (0) လောဘ။
သူကတော့ လိုချင်စိတ်များတယ် ။ရတာနဲ့ မတင်းတိမ်ဘူး ။ရောင့်၇ဲတဲ့ စိတ်မရှိဘူး ။ရောက်တဲ့ နေရာမှာ မပျော်ဘူး ဒီထက်သာယာတဲ့ဘ၀ကို လိုလားတဲ့ သူ။ တစ်ခုမပြီးခင် နောက်တစ်ခုလုပ်ချင်တယ် ဘယ်အရာမဆို လက်ဝါးကြီး အုပ်ချင်တယ် ။
ဘယ်တော့မှလည်း နောက်လိုက်မလုပ်ချင်ဘူး ။ ကိုယ်ရယူပိုင်ဆိုင်ဖို့ဆိုရင် ဘယ်အရာကိုမှ မထောက်ထားဘူး မှားသည်မှန်သည် မခွဲခြားဘူး ဘယ်နည်းနဲ့ မဆို ရအာင်ယူမှ ကျေနပ်တဲ့ သူ။ လိုချင်စိတ်များတော့ ဘာမဆိုလုပ်ရမှာ ၀န်မလေးသူပေါ့။ ချမ်းသာလိုတယ် ကြွယ်ဝလိုတယ် ချမ်းသာချင်ကိုလဲ ရမဲ့ သူ။ ဒါပေမဲ့ မှားလား မှန်လား တရားဝင်လား တရားမ၀င်လား
တွေးမှာ မဟုတ်တဲ့အတွက် ဒုက္ခတော့ တွေ့နိုင်တာပေါ့ ။ ဘယ်လိုပဲ ဖြစ်ပါစေ သူကဘ၀ကို ရည်မှန်းချက်ကြီးကြီးနဲ့ ဖြတ်သန်းမည့်သူပါ။ သူတစ်ပါးမှာရှိတာထက် လိုချင်စိတ်မြင့်မားနေတော့ လူတော်တွေ ဖြစ်တတ်ပါတယ် ။ လိုချင်တဲ့ စိတ်ကလေးကို စနစ်တကျ အသုံးပြုသွာမယ်ဆိုရင် ဒိတ်ဒိတ် လူသားဘ၀ကို ပိုင်ဆိုင်ရမှာ အမှန်ပါ။

အကြွင်း (1) ဒေါသ။
စိတ်ကြီးတယ် မဟုတ်မခံစိတ်များတယ် မတော်မတရား လုပ်တာတွေ့ရင် ကိုယ့်ကိစ္စမဟုတ်လဲ ၀င်ပါဖို့ ၀င်ပြောဖို့ ၀န်မလေးတဲ့သူ ဘေးကနေ အလိုလို ဒေါသထွက်နေတတ်တယ် ။ စိတ်တိုဒေါသထွက်ရင်လဲ ဘာမဆို လုပ်ပစ်ပြောပစ်လိုက်မှ
ကျေနပ်တဲ့သူပေါ့ ။ စိတ်ကသာကြီးပါတယ် သူ့နှလုံးသားကတော့ ဖြူစင်လွန်းပါတယ် ။ ဘယ်တော့မှလဲ ကိုယ့်ဘက်ကစပြီး ရန်မလုပ်ဘူး သန့်သန့်လေးပြောတတ်ဆိုတတ်တယ် ။ လာစော်ကားပြီး လာငြိပြီ ဆိုရင်တော့ စိန်ခေါ်ရင် တိမ်ပေါ် အထိ လိုက်မဲ့သူပဲ ။ ပင်ကိုစိတ်ရင်းကောင်းတယ် ။ သူတစ်ပါးကို ပေးရမှာ ကျွေးရမှာ ထိပ်ဆုံးကပေါ့ ။ဒါပေမဲ့ စိတ်မြန် ဒေါသ ထွက်လွယ်တာကြောင့် အန္တရာယ် အမြဲ ရင်ဆိုင်ရတတ်တယ်။ စိတ်မြန်ပုံကတော့ ဖိနပ်စီးရတာ ခက်နေရင်တောင် ဖိနပ်ကိုကန်ထုတ် ရန်လုပ်ပြီး ဖိနပ်မပါပဲ လျှောက်သွာတတ်တဲ့ သူမျိုး။ ကိုယ်ကို လာစော်ကားလာရင်လဲ ဘယ်တော့မှ ခွင့်မလွှတ်ဘူး။ ဖြစ်ခဲ့တာကို စဉ်းစားပြီး စိတ်ထဲမှာ တစ်နုံ့နုံ့နဲ့ တွေးပြီး ကြိတ်မနိုင်ခဲမရ ဒေါပွနေတတ်တယ် ။ အဲဒီစိတ်ကလေးကို ထိန်းနိုင်တဲ့ နေ့ရောက်ရင် ချမ်းသာကြီးပွားတဲ့ လမ်းပေါ်ကို စရောက်တဲ့နေ့ပါပဲ ။ ဘယ်သို့ဆိုစေ ``လူဖြောင့်စိတ်တို´´ဆိုတဲ့ စကားအတိုင်း အလွန်ရိုးဖြောင့်တဲ့ သူတစ်ယောက်ပါ ။

အကြွင်း (2)မောဟ။
သိပ်တွေဝေတတ်တယ် ဘယ်အရာမဆို ဆုံးဖြတ်ချက်ကို ပိုင်ပိုင်နိုင် မချနိုင်ဘူး ။အရာရာကို မေ့လျှော့နေတတ်တယ် ။ တစ်ခါတစ်လေး ငေါင်တောင်တောင်နဲ့ ငေးမောနေတတ်တာတောင်တွေ့ရတတ်ပါတယ် ။ သီးသန့်နေလို့စိတ်ပြင်းတယ် ။ပြသနာတစ်ခု တစ်ယောက်ထဲ မဖြေရှင်းနိုင်ဘူး မြွေမသေ ဒုတ်မကျိုး လုပ်တတ်တယ် ။ အလွန်တော်တဲ့ ဖြန်ဖြေရေး သမာလေး။ ကြားဝင်ဖြေရှင်း ရမယ်ဆိုရင် နှစ်ဖက်နှခွ မြင်တဲ့သူ။ အပြောအေးအေးလေးနဲ့ ကျလောက်အောင် ပြောတတ်တဲ့သူ။ သူ့၇ဲ့ ရိုးပုံအေးပုံကြောင့် လူတိုင်းက ခင်ကြတယ် ။ သူကတော့ ရောက်တဲ့နေရမှာ ပျော်အောင်နေမယ် ။ ပြသနာတွေ့ရင်တောင် ဒါတွေကို မေ့လျှော့ပြီး ကိုယ်လုပ်ချင်တာ လုပ်နေမဲ့ သူပဲ ။ဒါ့ကြောင်ဘာကိုမှ လေးလေးနက်နက် မရှိဘူးလို့ အထင်ခံရတတ်တယ် ။ စကားသာ ကျလောက်အောင်ပြောတာ တစ်ခါတစ်လေ ရှေ့နောက်မညီ ပြောပြီးတာတွေ မေ့တတ်ပြန်တယ် ။စိတ်ဓာတ်တတ်လွယ် ကျလွယ်တယ် ။ အရာရာ မပြတ်မသား နှောင့်နှေးလွန်းတော့ ဘ၀အခွင့်အရေး တွေ မကြာခဏ လက်တစ်လုံးကြား ဆုံးရှုံးရတတ်တယ် ။ သူ့ဘ၀ကို နိုင်နိုင်နှင်းနှင်း ပဲ့ထိန်းပေတဲ့ သူရှိမှ သူဘ၀က ဟန်ကျမယ် ။ နောက်ကတစ်ချိန်လုံး လိုက်ပြောနေမှ တန်ရုံကျမှာ ။အပြောခံရလို့ စိတ်ဆိုးမှာတော့ မပူနဲ သူကဘယ်တော့မှ မှတ်မထားလို့ပါ ။

အကြွင်(3) မေတ္တာ။
သူကတော့ မေတ္တာ ရှင်ကြီးပေါ့ ။အားနာတတ်တယ် ၊ယုံစားလွယ်တယ် ၊သူတစ်ပါးအပေါ် ခွင့်လွတ်နားလည်စိတ်ရှိတယ် ။ သည်းခံစိတ်ရှိတဲံ့နေရမှာ နှစ်ယောက်မရှိဘူး အောချရလောက်တဲ့  အထိပေါ့။ အရာရာကို ရင်ဆိုင်ရဲတယ်။လူသားအားလုံးအေ ပ်ါလေးလေး စားစား ဆက်ဆံတတ်တယ် ။ကိုယ့်ကိုယ်ကို အမြဲ နှိမ့်ချနေတတ်တယ် ။သူအနေနဲ့ ရိုးပေမဲ့ သွားအထင်မသေးပါနဲ့ သူ့မှာချစ်တဲ ခင်တဲသူတွေ အလွန်ပေါတဲသူပါ ။လမ်းလေဂျပိုး လူမိုက်ကအစ လုပ်ငန်းရှင်ကြီး အထိ သူ့ကိုခင်ကြတယ် ။ အရေးအကြောင်းဆို ကူညီဖို့အသင့်ပဲ ။မြင့်မြတ်တဲံ့ စိတ်သဘောထား အပေါ် လူတိုင်းက နေရာပေး ဆက်ဆံကြတယ် ။ရန်သူအပေါ်မှာတောင်မေတ္တာထား တော့ ဘေးလူတွေနာမလည် အားမလိုအား မရ ဖြစ်တတ်ကြတယ်။ဒါပေမဲ့ ရန်သူကိုမေတ္တာနဲ့  အဆုံးမှာ စည်းရုံးနိုင်တဲ့ သူပါ ။စိတ်သဘောထား ကြီးတယ် မဟုတ်တာ မလုပ်တဲ့သူ။ ဘယ်သူ့ကိုမဆို တန်ဖို့းထားဆက်ဆံတတ်တယ်။အပြောသမားမဟုတ်ဘူး လက်တွေ့ဆန်တယ် ။အေးအေးချမ်းချမ်းနေချင်တဲ့သူ။ အချစ်မေတ္တာ အပေါ် အလေးအနက်ထားတယ် ။ အခက်အခဲ ကိုရင်ဆိုင်ရရင်တောင် မေတ္တာ ရှေ့ထားပြီး အောင်မြင်မှုကို ရယူတဲ့သူ ပါ ။ အားလုံးသိပါတယ် အောင်ခြင်(8)ပါးကို မြတ်စွာဘုရားက မေတ္တာနဲ့ အောင်မြင်ခဲ့တာကိုလေ။

အကြွင်း(4)ဂရုဏာ
ရင်တဲမှာစာနာတတ်တယ် ၊ ခံစားတတ်တယ်၊ ကြင်နာတဲ့စိတ်အပြည့်ရှိနေတယ် ။ သိပ်ကို ကိုယ်ချင်းစာတတ်တယ်။ ချစ်သူခင်သူဖြစ်စေ သတ္တ၀ါတွေကိုဖြစ်စေ ``သနားပါတယ်နော်´´ ဆိုပြီး စာနာစိတ်နဲ့ အမြဲ ကူညီလို့စိတ်ရှိတယ် ။သနားအောင်ပြောရင် ဘယ်လောက်စိတ်ဆိုးနေပါစေ ခွင့်လွှတ်တယ် ။ ဂရုဏာသမားမို့ ရန်သူကိုတောင် သနားတတ်တဲသူ ။စိတ်ဆိုးလဲ ခဏပဲ ။ရန်သူကို သူ့ခမျာ ငါ့ကိုတစ်ချိန်လုံး ရန်လိုနေတာ သနားပါတယ်တဲ့လေ။ဒါပေမဲ သူကသူတစ်ပါးအပေါ် ဂရုနာထားသလိုသူ့အပေါ်မှာ ဂရုစိုက်မှ ကျေနပ်တတ်တဲသူ။ သူကိုဂရုမစိုက်ဘူး အလေးမထာဘူး အချစ်ပေါ့တယ်လို့ ထင်ရင် စိတ်ကောက်ပြီး ၀ုန်းတိုင်းကျဲ အရွဲ့တိုက်တတ်သူ။ ၀မ်းနည်းလွယ်တယ် တစ်ဇွတ်ထိုးလုပ်တတ်တယ် ။ ငါကောင်းသလောက်ငါ့အပေါ်မကောင်းဘူးလို့ စိတ်ဝင် ၀မ်းနည်းသွာပြီဆိုရင် အမြန်လေးသာ ချော့လိုက်ပါ ။လူပုံစံ စတိုင်၊ ဟန်ပန်က အစ ပြုမူပြောဆိုပုံက မာကျစ်ကျစ် ၊ဘုခွပြော၊ မသနားတတ်တဲ့ ကြင်နာစိတ်မရှိတဲ့ သူလိုအပြင်ပန်းမှာ ပေါ်နေတယ် ။ တကယ်အတွင်းစိတ် ရင်ထဲမှာတော့ ဂရုဏာ အပြည့်ရှိတဲသူပါ ဂရုဏာကြီးတဲ့ ဟန်ဆောင်နေတဲ့ သူနဲတော့ တခြာစီပေါ့ ။သူ့သဘော သူ့သဘာဝ သူ့မနောကိုသိတဲ့ သူတွေကတော့ လေးလေးစားစား နဲ့ သူ့အရိပ်ကို ခိုဝင်ကြတယ် ။ ဦးဆောင်သူ ၊ဆရာတွေ ၊ သမားတော်တွေ တော်တော်များများကတော့ ကရုဏာရှင်တွေပေါ့ ။

အကြွင်း(5)မုဒိတာ။
မုဒိတာကို လက်ကိုင်ထားနိုင်သူမျိုးကတော့ ရှားပါးလှပါတယ် ။သူကတော့ ရှားရှားပါးပါးထဲက သူတစ်ယောက်မို့ လူတစ်သောင်းမှာ တစ်ယောက်တွေ့ခဲလှတဲ့ မုဒိတာ ပွားနိုင်တဲ့ သူတစ်ယောက်ပေါ့ ။သူတစ်ပါးအောင်မြင်တာ ၊ချမ်းသာကြွယ်ဝတာ ၊ ထွန်းထွန်းပေါက်ပေါက်ဖြစ်တာ၊နာမည်ကြီးတာ ၊ငွေရတာ ၊အလုပ်တိုးတတ်တာ တွေ့ရင် ကိုယ်ကပဲ ဒါတွေကို ခံစားနေရသလိုလိုနဲ့ ပိတိဖြာပြီး ဘေးကနေကြည်နူးနေတတ်တဲ့ သူမျိုး ဒီကမ္ဘာမှား ရှားပါတဲသူပေါ့။ မနာလို ၀န်တိုစိတ်မရှိဘူးအတင်းအဖျင်းမပြောတတ်ဘူး ၊မြင့်မြတ်တဲ့ စိတ်ရှိတယ် ။အရာရာ ရင်ထဲ ခံစားပြီးမှ လုပ်တတ်ပြောတတ်တဲ့သူ ။မှန်ကန် မြင့်မြတ်တဲ့စိတ်ကြောင့်အောင်မြင်မှုထိတ်တန်းရောက်တယ်။ ကိုယ်က သူတစ်ပါးကို ဝေဖန်တိုက်ခိုက်တာ ၊သူတစ်ပါးကို ငယ်ကျိုးငယ်နာ ဖော်ပြီး ဒုက္ခပေးတာမျိုးလုံးဝမုန်းတီးတယ် ။ ကိုယ်ကလဲ မလုပ်ဘူး၊လုပ်ရပ်တွေကိုလဲ လက်မခံဘူး ။ရှောင်ရှားတယ် ။.သူတစ်ပါး အားနည်ချက်အားသာချက်ကို ဖော်ထုတ်ပြီး ချီကျူးပြီးကောင်းတဲ့ အပြုသဘောတွေကို အကြံပေးမှုလေးတွေကြောင့် သူ့ကိုချစ်ခင်သူတွေပေါတယ် ။မနာလိုဝန်တိုစိတ်မရှိပဲ သူတစ်ပါးအပေါ် မျှဝေခံစား တတ်လို့ ကြီပွားအောင်မြင်မှာ မလွဲပါဘူး ။အရာရာ အပေါ်မှာ ရင်ထဲက လှိုက်လှိုက်လှဲလှဲ နဲ့ ဖြစ်ထွန်းစေသလို ကိုယ်တိုင်လဲ ဖြောင့်ဖြောင့် မှနှ်မှန်နဲ့အမြဲကြိုးစားနေတဲ့ မြင့်မြတ်တဲ့  နှလုံးသား ပိုင်ရှင်တစ်ဦးပါ ။

အကြွင်း(6)ဥပေက္ခာ။
အလွန်ထူးခြားတဲ့ နှလုံးသားပိုင်ရှင်ပေါ့။ ဘာသိဘာသာ အေးအေးဆေဆေးပဲ နေတတ်တယ် ။ သူုတစ်ပါးကိစ္စတွေကိုလဲ ကိုယ်နဲ့မဆိုင်အောင် အမြဲကြိုးစာနေတတ်တယ်။ ၀င်ပြီး စွတ်ဖက်တဲ့ သဘာဝ ကင်းတယ် ။ရန်သူကိုတောင် ဒေါသထွက်ပြီး ရင်မဆိုင်ပဲ မသိသလို့ ကိုယ့်ကို ရန်လုပ်တာ မဟုတ်သလို့ ခပ်မဆိတ်နေတတ်တယ်။ ဥပေက္ခာပြု ကျောခိုင်းနေတတ်တယ် တည်ကြည်တည်ငြိမ်ပြီး လူးသားအာလုံးကို ကိုယ်စိတ်ကမှန်တယ်ထင်တာလုပ်နေကြတာပဲတဲ့ ။ ဘာဝင်စွတ်ဖက်စရာလို့လဲဆိုတဲ့ သဘော ထားတတ်တယ် ။ ကိုယ့်ကိစ္စနဲ့ ဆိုင်တဲ့ ၀န်းကျင်အလုပ်ကို စူးစူးစိုက်စိုက် လုပ်တတ်လို့ အောင်မြင်ကြီးပွားကြပါတယ် ။ ထူးခြားချက်က အနေအေးပြီး အရာရာ ကိုမသိဘူးမထင်နဲ့ ။ အရာရာကို သိတယ် လေ့လာတယ် ။ ပတ်ဝန်းကျင်ကို အမြဲ လေ့လာနေတယ် ။ဖြစ်ပေါ်လာတဲ့ အကြောင်း ဆက်တွေအပေါ် နားလည်လွန်းလို့ အရာရာကို အပြစ်မမြင်ပဲ နေတတ်တဲ့သူ ။ အခက်အခဲတွေ ၊ ဒုက္ခတွေကို သူ့ဆီမှာ အကူညီတောင်း ကြည့်။ ကိုယ့်ပြသနာ တစ်ခုကို သူ့ပြသနာတစ်ခုလို လှိုက်လှိုက်လှဲလှဲ သဘောထာပြီး ကူညီမှာသေချာတယ် ။ကိုယ်နဲ့ မပတ်သက်သမျှ ၀င်မပါဘူး။ ကိုယ်နဲ မိတ်ဆက်မပေးသမျှ မည်မျှမျက်မှန်းတန်းနေပါစေ ပြုံးပြနှုတ်ဆက်မှာမဟုတ်ဘူး ။ ယဉ်ကျေးတယ် သိမ်မွေ့တယ် ၊ အရေကြုံလာရင် တကယ်အားထားရတယ် ။ အကယ်ကို အမြင်ကြည်လင်တဲ့ သူတွေပေါ့ ။တစ်နေ့မှာသူဟာ ဘာသာ သာသနာအတွက် တန်ဖိုးရှိတဲ့လူတစ်ယောက်ဖြစ်နိုင်သူ တွေလို့ ရှေးပညာရှိတွေက ဆိုပါတယ် ။

စံဇာဏီဘို

Credit - Panhtwar Tech

သားသမီး လိုချင်သူများ မဖြစ်မနေ သိထားသင့်သော အချက်များ


သားသမီး လိုချင်သူများ မဖြစ်မနေ သိထားသင့်သော အချက်များ




သားသမီး လိုချင်သူတွေ အနေနဲ့ မဖြစ်မနေ သိရှိထား သင့်တဲ့ အချက်တွေ ရှိ နေပါတယ်။

 

(၁) အသုံးပြု နေသော သားဆက်ခြား နည်းများ ကိုရပ်ပါ
 


သားသမီး မလိုချင် သေးလို့ ပဋိ သန္ဓေ တားဆေး၊ ထိုးဆေးတွေ အသုံးပြု တာ၊ ကွန်ဒုံး သုံးတာ၊ အမျိုးသမီး သန္ဓေတား ပစ္စည်းထည့်တာ စတဲ့နည်း တွေနဲ့ သန္ဓေ တားခဲ့ တယ်ဆိုရင် သားသမီး လိုချင်ပြီဆို ရင်တော့ ဒီနည်းတွေ ရပ်ဖို့ လိုပါတယ်။ ပဋိသန္ဓေတား နည်းတွေကို ရပ်လိုက်ပေ မယ့် ချက်ချင်း သားသမီး မရနိုင်တာမျိုး ဖြစ် တတ်ပါတယ်။ အထူးသဖြင့် ပဋိသန္ဓေ တားဆေး၊ ထိုးဆေးတွေက သုံးတာကို ရပ် လိုက်ပေမယ့် ကလေး ချက်ချင်း မရနိုင်ပါ။

(၂) ဆရာဝန်နှင့် ဆွေးနွေး တိုင်ပင်ပါ


သွေးဖိအား၊ ကိုယ်အလေးချိန်၊ ကူး စက်မဟုတ်တဲ့ နာတာ ရှည်ရောဂါ (ဆီးချို သွေးချို) ရှိ၊ မရှိတွေကို ဆရာဝန်ထံ ပြသ စစ်ဆေးဖို့ လိုပါတယ်။ မိခင်က ကျန်းမာ မှ ကျန်းမာတဲ့ ရင်သွေးကို ရရှိနိုင်မှာပါ။
(၃) ကျန်းမာရေးနှင့် ညီညွတ်စွာ စားသောက်ပါ
သားသမီး ရယူဖို့ ကြိုးစားနေတဲ့ မိခင်လောင်း တစ်ယောက်ဟာ အစားအ သောက်ကို ကျန်းမာရေးနဲ့ ညီညွတ်ပြီး မျှတစွာ စားသောက်ဖို့ လိုပါတယ်။ အ သားဓာတ်၊ သစ်သီး၊ ဟင်းသီး ဟင်းရွက်၊ ကောက်နှံ ကွေကာ တွေကို အဓိကစားသုံး ပြီး အချို၊ အဆီနဲ့ အဆင်သင့် ပြုပြင်ထားတဲ့ အစာတွေ ကိုတော့ လျော့စား သင့်ပါတယ်။


(၄) ဖောလစ်အက်စစ် ဖြည့်စွက် သောက်သုံးပါ


ဖောလစ်အက်စစ်က ဖောလိတ်ရဲ့ ပြုပြင်ထားတဲ့ ပုံစံတစ်ခု ဖြစ်ပြီး သန္ဓေသား မှာ မွေးရာပါ ချို့ယွင်း ချက်ဖြစ်နိုင်ခြေကို လျှော့ချ ပေးပါတယ်။ သန္ဓေသားမှာ မွေး ရာပါ ချို့ယွင်းချက် ဖြစ်ပေါ်တာက ကိုယ် ဝန်ရှိပြီလို့ မသိရှိ ခင်ကတည်းက ဖြစ်နေ နိုင်ပါတယ်။ ဒါကြောင့် မိခင်လောင်းတွေ အနေနဲ့ သားသမီး ယူဖို့ ကြိုးစားနေချိန် ကတည်းက ဖောလစ်အက်စစ်ကို ဖြည့် စွက်သောက် သုံးဖို့ FDA အကြံပြုထား ပါတယ်။
(၅) ဆေးလိပ်နှင့် အရက်ဖြတ်ပါ


သားသမီး ယူဖို့ ကြိုးစားနေချိန်မှာ အမျိုးသားတွေအနေနဲ့ ဆေးလိပ်သောက် တာ၊ အရက်သောက်တာတွေကို ဖြတ်ဖို့ လိုပါတယ်။ ဒါတွေသုံးစွဲတာက အမျိုး သားတွေရဲ့ မျိုးပွားနိုင်စွမ်းကို လျော့နည်း စေတာကြောင့်ပါ။ ခရိုမိုဇုမ်းပျက်စီးတာ၊ သုက်ကောင်လေးတွေရဲ့ လှုပ်ရှားကူးခတ် နိုင်စွမ်းလျော့နည်းတာ၊ ပန်းသေပန်းညှိုး တာ စတာတွေကြောင့် အမျိုးသားတွေရဲ့ မျိုးပွားနိုင်စွမ်းကို လျော့နည်းစေတာပါ။


(၆) ဓမ္မတာ စက်ဝန်းကို သိရှိပါစေ


ရာသီလာပြီး ၁၄ ရက်မြောက်နေ့ မှာ သားဥကြွေ ကျပြီး သားသမီး ရရှိနိုင်တဲ့ နေ့ပါ။ ဒီလို ရက်မျိုးမှာ အမျိုးသားနဲ့ အတူ နေတာက သားသမီး ရရှိဖို့ အခွင့်အလမ်း များနိုင် ပါတယ်။ အမျိုးသမီး တစ်ဦးနဲ့တစ် ဦးက ရာသီစက်ဝန်းချင်း မတူညီ တတ်ပါ ဘူး။ တချို့က ရက် ၃၀ မှာ တစ်ကြိမ် ရာသီလာ တတ်ပြီး တချို့လည်း အဲဒီ ထက် နောက်ကျ တတ်တာမျိုး ရှိပါတယ်။ ရာသီ စက်ဝန်း မတူညီပေမယ့် အဲဒီစက် ဝန်းရဲ့ အလယ်ရက်က သားဥြွေကရက်ပါ။


(၇) ကိုယ်အပူ ချိန်ကို လေ့လာပါ


ခန္ဓာကိုယ် အပူချိန်က သင့်ကို သန္ဓေ အောင်စေနိုင်တဲ့ အကောင်းဆုံးအချိန်ကို ညွှန်ပြပေးနိုင်ပါတယ်။ ဘာကြောင့်လဲဆို တော့ သားဥြွေကချိန်မှာ ပရိုဂျက်စတုန်း ဟော်မုန်းထုတ်လုပ်တာကြောင့် သာမန် ကိုယ်အပူ ချိန်တက် အနည်းငယ် တက်နေ တတ်ပါတယ်။ သားသမီး ရရှိလိုသူတွေ အနေနဲ့ ဒီလို အချိန်ကို အကောင်းဆုံး အသုံးချ နိုင်ဖို့ လိုပါတယ်။
(၈) မိန်းမကိုယ်မှ ထွက်သော အချွဲ အကျိများ သတိထားကြည့်ပါ
သားဥကြွေ ချိန်မှာ မိန်းမကိုယ် ကနေ ချောမွတ်တဲ့ အရည်ကြည် လေးတွေ ထွက် ပါတယ်။ သုက်ကောင်လေးတွေ အလွယ် တကူ ဖြတ်သန်း ဝင်ရောက်နိုင် အောင်ပါ။ မိန်းမကိုယ်မှ ကြက်ဥ အကာလို အရည် ကြည်လေးတွေ ထွက်တဲ့ အချိန်ဟာ သား သမီးရရှိနိုင်တဲ့ အချိန်ဖြစ်ပါတယ်။

(၉) အတွင်းခံ ဘောင်းဘီကို ဂရုစိုက်ပါ

အမျိုးသမီးတွေ အနေနဲ့ အတွင်းခံ ဘောင်းဘီ တင်းကျပ် လွန်းတာ၊ လေဝင် လေထွက် မကောင်းတာတွေက ယောနိ လမ်းကြောင်း ပိုးဝင်တာကို ဖြစ်စေပါတယ်။ အမျိုးသားတွေ မှာတော့ အတွင်း ခံဘောင်း ဘီကျပ် လွန်းတာ၊ လေဝင် လေထွက် မရှိတာ တွေကြောင့် ဝှေးစေ့ကနေ သုက်ကောင် ထုတ်လုပ်မှုကို ထိခိုက်စေပြီး မျိုးအောင် နိုင်စွမ်းကို လျော့နည်း စေပါတယ်။


(၁၀) သာယာကြည်နူးဖို့ အချိန်ပေးပါ


သားသမီး ရရှိဖို့က အမျိုးသားနဲ့အ တူ သာယာကြည်နူးဖို့ အချိန်ပေး တာက အဓိက ကျပါတယ်။ စိတ်ဖိစီး မှုတွေ၊ အလုပ်တွေ အားလုံးကို မေ့ပျောက်ထား ပြီး သာယာကြည်နူးမှု တွေကို ဖန်တီးယူပါ။

Good Health

အလင်း(ဆေးဝါး)


Credit : Today Myanmar

သိုင်းစာအုပ်များ (၄၄ အုပ်)


သိုင်းစာအုပ်များ (၄၄ အုပ်)

Leave a Comment

အဟောင်း ၂၈ + အသစ် ၄၄ =၇၂ အုပ်လုံးအား မာတိကာ (သ) သိုင်းဝတ္ထုစာအုပ်များတွင် တစ်စုတစ်စည်းတည်း ရယူနိုင်သည်။


(၁)ရှောင်လင်ကိုစိန်ခေါ်သူ (ရဲမင်းဟိန်း)
http://www.mediafire.com/?bc9t9zbg7i4ja4w

(၂)တိမ်လွှမ်းတောင်မှတစ္ဆေရယ်သံ မိုးကျော်သူ
http://www.mediafire.com/?j96a88f3kxfqum4

(၃)ဓားတစ်ရာ ကြွေပန်းချီ ၁-(နေလင်းအောင်)
http://www.mediafire.com/?29tkqdhe6dmqxgj
 
(၄)ဓားတစ်ရာ ကြွေပန်းချီ ၂(နေလင်းအောင်)
http://www.mediafire.com/?8i7ye66t63a9asj
 


(၅)ဓားတစ်ရာ ကြွေပန်းချီ ၃(နေလင်းအောင်)
http://www.mediafire.com/?17my185xxxxvk6q
(၆)ဓားတစ်ရာ ကြွေပန်းချီ ၄(နေလင်းအောင်)
http://www.mediafire.com/?igag5ri4h6yy46t

(၇)မိုးကျော်သူ အန္တရယ်ကွန်ချာ သိုင်းဝင်္ကပါ
http://www.mediafire.com/?g7qfiud3615c6k5
(၈)သီဟအောင် တိမ်ဖြူသခင်မ ၁
http://www.mediafire.com/?5vdd4f17o1tekt7
(၉)သီဟအောင် တိမ်ဖြူသခင်မ ၂
http://www.mediafire.com/?6ku7ntrvba4b4f6

(၁၀)ဝဏ္ဍအောင် အကျဉ်းတန်မျက်ရည်
http://www.mediafire.com/?pgblqr1c4mco30c

(၁၁)နန္ဒကျော်သူ ကြမ်းတမ်းခက်ထန် သိုင်းအားမာန် ၂
http://www.mediafire.com/?qyrop3a93oy6okt
(၁၂)နန္ဒကျော်သူ ကြမ်းတမ်းခက်ထန် သိုင်းအားမာန် ၁
http://www.mediafire.com/?yhgub536m2gcdoj

(၁၃)ဝဏ္ဏအောင် သေမင်းသခင်
http://www.mediafire.com/?spkoqgp48b5ziol

(၁၄)ဝဏ္ဏအောင် ချစ်ခြင်းဖွဲ့ဓါး
http://www.mediafire.com/?di4mdvlcar4h6dd

(၁၅)ချယ်ရီကညာသိုင်းဝင်္ကပါ (ဝင်းကြွယ်)
http://www.mediafire.com/?j13ra3z0i1ojhp5

(၁၆)ဓါးဆန်းခုနစ်လက်၏ဇာတ်လမ်း-၁ (နေလင်းအောင်)
http://www.mediafire.com/?dgeramy4kma0l6o
(၁၇)ဓါးဆန်းခုနစ်လက်၏ဇာတ်လမ်း-၂ (နေလင်းအောင်)
http://www.mediafire.com/?2ac6cc5bjkhnw9y
(၁၈)ဓါးဆန်းခုနစ်လက်၏ဇာတ်လမ်း-၃ (နေလင်းအောင်)
http://www.mediafire.com/?0yptx5efxs89e3t

(၁၉)နဂါးမျက်စောင်းသိန်းငှက်မျက်လုံး (မိုးကျော်သူ)
http://www.mediafire.com/?2zai23k4w504drk

(၂၀)ပတ္တမြားအောက်ခြေရာကောက်-၁ (နေလင်းအောင်)
http://www.mediafire.com/?5u33mazz3wedq2x
(၂၁)ပတ္တမြားအောက်ခြေရာကောက်-၂ (နေလင်းအောင်)
http://www.mediafire.com/?z5azhtw95qipa57

(၂၂)မရဏသခင်-၁ (ဝင်းကြွယ်)
http://www.mediafire.com/?q2pwxsak9l1a5so
(၂၃)မရဏသခင်-၂ (ဝင်းကြွယ်)
http://www.mediafire.com/?evfv1zk2ycglb2v
(၂၄)မရဏသခင်-၃ (ဝင်းကြွယ်)
http://www.mediafire.com/?kvdsqajx789chvt

(၂၅)နဂါးနိုင်ဓား
http://db.tt/RgpY54fT

(၂၆)မိုးအောက်မြေပြင်သိုင်းသခင်-၁ (ဝဏ္ဍအောင်)
http://www.mediafire.com/?7b52bpfu1m43wk1
(၂၇)မိုးအောက်မြေပြင်သိုင်းသခင်-၂ (ဝဏ္ဍအောင်)
http://www.mediafire.com/?k25ingdwcsq8ib6
(၂၈)မိုးအောက်မြေပြင်သိုင်းသခင်-၃ (ဝဏ္ဍအောင်)
http://www.mediafire.com/?671by2kk274pimd
(၂၉)မိုးအောက်မြေပြင်သိုင်းသခင်-၄ (ဝဏ္ဍအောင်)
http://www.mediafire.com/?1z4362i8cbubbsz

(၃၀)မိုးမြေဝိညာဉ်သိုင်းရောင်စဉ် (ဝင်းကြွယ်)
http://www.mediafire.com/?j9jef8x7x2a8xym

(၃၁)သစ္စာမီးလျှံသိုင်း ကျော်ကျော်ဆွေ
http://www.mediafire.com/?3wq559ld03gb7cd

(၃၂)သိုင်းကျမ်းရမ္မက်သွေးနှင့်စက်-၁ (နေလင်းအောင်)
http://www.mediafire.com/?d7ez2bu013cgexg
(၃၃)သိုင်းကျမ်းရမ္မက်သွေးနှင့်စက်-၂ (နေလင်းအောင်)
http://www.mediafire.com/?847abtm9wpapy9t
(၃၄)သိုင်းကျမ်းရမ္မက်သွေးနှင့်စက်-၃ (နေလင်းအောင်)
http://www.mediafire.com/?bpcow6hlk3zifby

(၃၅)သိုင်းလောကမှမီးနဂါး (မောင်နှင်းဆွေ)
http://www.mediafire.com/?bx75urfwsuj811q

(၃၆)သိုင်းလောက၏ စိန်ခေါ်သံ (နေလင်းအောင်)
http://www.mediafire.com/?hcvca9ad9i0kcrd

(၃၇)အကျည်းတန်အမျက် (ဝဏ္ဍအောင်)
http://www.mediafire.com/?9c0bmn5cuyagr9b

(၃၈)အလောင်းသုံးလောင်းအရှုပ်တော်ပုံ (နေလင်းအောင်)
http://www.mediafire.com/?njlw6wddldyr39l

(၃၉)အဖြူရောင်လူဆိုး (မိုးကျော်သူ)
http://www.mediafire.com/?o5i1l7cd51et6o7

(၄၀)အန္တရယ်ကွန်ချာသိုင်းဝင်္ကပါ (မိုးကျော်သူ)
http://www.mediafire.com/?i05hbjb73b0p08n

(၄၁)ပျောက်ဆုံးနေသောဝူးရှန့်သိုင်း-၁ (နေလင်းအောင်)
http://www.mediafire.com/?o65ks3dprf3p1h4
(၄၂)ပျောက်ဆုံးနေသောဝူးရှန့်သိုင်း-၂ (နေလင်းအောင်)
http://www.mediafire.com/?xelmmy5mrqhn9ni
(၄၃)ပျောက်ဆုံးနေသောဝူးရှန့်သိုင်း-၃ (နေလင်းအောင်)
http://www.mediafire.com/?reffn1sijy73sol
(၄၄)သေရွာပြန်ဓါးသမား၏လွမ်းဝိညာဉ် (ဝဏ္ဍအောင်)
http://www.mediafire.com/?v3ly76wo6wxrfcm

Ref>>>0n Air စာအုပ်၊စာပေ၊ဟာသ၊ကဗျာ၊နှင့်အခြားသောအရာများ

Sky netရုပ်သံတွေကို ဖုန်းထဲကနေ free ကြည့်မယ်(အားကစားလိုင်းတွေကောကြည့်လို.ရနေပီနော်)Android Application


Sky netရုပ်သံတွေကို ဖုန်းထဲကနေ free ကြည့်မယ်(အားကစားလိုင်းတွေကောကြည့်လို.ရနေပီနော်)Android Application
=======================================
sky net ကို ဖုန်းထဲကနေ ဖရီးကြည့်လို.ရနေပါပီ လိုင်းကောင်းဖို.တော့လိုတာပေါ့နော် အားကစာလိုင်းတွေပါ ကြည့်လို.ရနေတော့ အတော်အဆင်ပြေတယ်ဗျာ ကျွန်တော်ကတော့ ခု ကြည့်နေပီ ကြည့်ချင်တဲ့ ဘော်ဘော်တွေ အောက်ကလင့်မှာဒေါင်းလိုက်နော်

Download => http://www.zwmnna.com/2013/09/sky-net-free-android-application.html

<<<< Making Money From Home >>>

http://makingmoneytutorial.weebly.com/nerdbux-very-like-trusted-site.html

ပွဲစဉ်ဇယားကြည့် ဆော့ဝဲလ်


ဒီဆော့ဝဲလေးကတော့ ဘောလုံးဝါသနာရှင်တွေအတွက် ပရီးမီးယားလိဂ်ရော
တခြား ကလပ်ပွဲတွေရော အစုံပလုံကို ပွဲရလဒ်တွေနဲ့ ကန်မယ့်အချိန်တွေရော
အသင်းရပ်တည်ချက်အခြေအနေတွေ ကန်ပီးတဲ့ပွဲ ရလဒ်တွေရော အေးဆေး
ဖုန်းကနေ ကြည့်နိုင်တဲ့ဆော့ဝဲကောင်းလေးပါ။ ဖုန်းမှာ ထည့်ထားလိုက်တာနဲ့ 
ဘောလုံးဝါသနာရှင်တွေအတွက်အဆင်ပြေပါပီ။ မြန်မာမှုပြုထားပေးတဲ့သူက
ကိုမျိုးမင်းသန့် ဖြစ်ပါတယ် ။ဘောပွဲဝါသနာရှင်များလိုရင်အောက်ကလင့်မှာယူ

http://www.zwmnna.com/2013/09/blog-post_27.html

သင့်ရဲ. ANDROID PHONE မြန်စေဖို.


သင့်ရဲ. ANDROID PHONE မြန်စေဖို.

သင့်ရဲ. Android Phone မြန်စေဖို.

သင့် Android Phone မြန်မြန် အလုပ်လုပ်စေဖို့ နည်းလမ်းများ သင့် Android Phone ကို အသုံးပြုရတာ တစ်ဖြည်းဖြည်း လေးလံနှေးကွေး လာပြီလား? Application တွေကို ဖွင့်တဲ့အချိန်တွေ၊ Application တစ်ခုနဲ့ တစ်ခုပြောင်းလဲ အသုံးပြုတဲ့အချိန်တွေ၊ Home Screenကို ပြန်သွား တဲ့အချိန်တွေမှာ လေးလံနှေးကွေးနေရင် ဒီနည်းတွေကို စမ်းကြည့်ပါ။ အသုံးမပြုတဲ့ Appsတွေကို Disable/Uninstall ပြုလုပ်ပါ Internal Storage မှာ နေရာလွတ်နည်းလာတာဖုန်းကို လေးလံစေတဲ့ အကြောင်းအရင်း တစ်ခုပါ။ အဲဒီအတွက် နေရာလွတ်ပြန်ရအောင် အသုံးမပြုတဲ့ Apps တွေကို ဖြုတ်ပစ်ပါ။ Photo, Video, Files တွေကိုလည်း Cloud Storage ဒါမှမဟုတ် SD Cardမှာ ပြောင်းပြီးသိမ်းပါ။ Apps တွေကို Uninstall လုပ်ဖို့  Settings ထဲက Apps Menu ကနေ ဖြုတ်ပါ။ Manufacturer က ထည့်ပေးလိုက်တဲ့ Applications တွေကို ဖြုတ်ချင်ရင်တော့ Root App Delete လို Application ကို သုံးပါ။ Root App Delete ကိုသုံးဖို့ သင့်ဖုန်းဟာ Root လုပ်ထားဖို့ လိုပါတယ်။ Apps တွေကို SD Card ထဲကို ပြောင်းပါ။ ဒီလိုလုပ်ဖို့  Settings ထဲက Apps Menu ကနေ Apps တစ်ခုချင်းစီကို ရွေးပြီး Move To SD Card ကိုနှိပ်ပါ။ Caches တွေကိုရှင်းပါ Caches Data များပြားလာတာဟာလည်း သင့်ဖုန်းကို လေးလံစေပါတယ်။ Caches တွေကို ရှင်းဖို့  Settings ထဲက Apps Menu ကနေ App တစ်ခုချင်းစီကို ရွေးပြီး Clear cache ကိုနှိပ်ပါ။ တစ်ခုချင်းစီကို ပြောင်းရတာအလုပ်ရှုပ်ရင် App Cache Cleaner , Clean Master လို Apps တွေကို Google Play Store ကနေ အင်စတောလုပ်ပြီး သုံးပါ။ Widget, Live Wallpaper တွေကို ဖြုတ်ပစ်ပါ Widget တွေဟာ Apps တွေကို ဖွင့်စရာမလိုဘဲ သတင်းအချက်အလက်တွေကို လွယ်လွယ်ကူကူ သိမြင်နိုင်တဲ့အတွက် အသုံးဝင်ပါတယ်။ ဒါပေမယ့် သင့်ဖုန်းဟာ လေးလံလာရင် Widget တွေကို ဖြုတ်ပစ်သင့်ပါတယ်။ Widget တွေကို ဖြုတ်ပစ်ဖို့  Drag And Drop လုပ်ပြီး အမှိုက်ပုံးထဲထည့်ပြီး ဖြုတ်နိုင်ပါတယ်။ Live Wallpaper တွေဟာလည်း မျက်စိပသာဒ ဖြစ်စေပေမယ့် သင့်ဖုန်းကို လေးလံစေပါတယ်။ Home Screen မှာ Press လုပ်ပြီး Wallpaper ကို ပြောင်းလဲပါ။ Animationsတွေကို Disableလုပ်ပါ Animations တွေကို Disable လုပ်ခြင်းအားဖြင့်လည်း သင့်ဖုန်းကို မြန်ဆန်စွာ အလုပ်လုပ်စေပါတယ်။ ဒီလိုလုပ်ဖို့  Settings ထဲက Developer options ထဲကို ၀င်ပါ။ Developer options ကို မတွေ့ ရင် Settings ထဲက About Phone Build Number ကို (၇)ချက် Tap လုပ်ပါ။ ပြီးရင် Developer optionsထဲက Drawing Options မှာ Windows animation scale, Transition animation scale, Animator duration scale စတဲ့ သုံးခုကို Off လုပ်ပေးပါ။ ဒါဆိုရင် Appsတွေ ဖွင့်တဲ့အခါတွေ၊ Apps တွေ တစ်ခုနဲ့တစ်ခု ပြောင်းလဲသုံးတဲ့ အခါတွေ၊ Home Screen ကို ပြန်သွားတဲ့အခါမျိုးတွေမှာ လျှင်မြန် လာပါ လိမ့်မယ်။ Software တွေကို Updateလုပ်ပါ Manufacturer or Carrier တွေက Software တွေကို Update ပေးလေ့ ရှိပါတယ်။ အဲဒီ Update တွေ မှာ Security ပိုင်းကို ပိုကောင်းအောင် ပြုလုပ်ထားတာတွေ၊ Bugs or Errors တွေကို ပြုပြင်ထားတာတွေ ပါရှိလာတဲ့ အတွက် Updates တွေ ရရခြင်းမှာ ရယူဖို့  အရေးကြီး ပါတယ်။ အချုပ်အားဖြင့် Update တွေ ရယူခြင်းဖြင့် သင့် Phone ရဲ့ Performance ကို ကောင်းမွန် စေပါတယ်။ Updates တွေ ရယူဖို့  Settings ထဲက About phone ထဲမှာ System Updates ကိုနှိပ်ပါ။ Root ပြုလုပ်ခြင်း၊ Custom Rom များ အသုံးပြုခြင်း Root ပြုလုပ်ခြင်းအားဖြင့် သင့်ဖုန်းရဲ့  Performanceကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ပေးနိုင်တဲ့ Apps, Tools တွေကို အသုံးပြုနိုင်ပါတယ်။ Root ပြုလုပ်ခြင်းအားဖြင့် နောက်ထပ်ရရှိတဲ့ အကျိုးကျေးဇူး တစ်ခုကတော့ Custom Rom တွေ အသုံးပြုနိုင်ခြင်း ဖြစ်ပါတယ်။Root ပြုလုပ်ခြင်း အားဖြင့်တော့ Warranty ပျက်ပြယ်တာကိုတော့ သတိပြုပါ။ REF:ICT ဂျာနယ်မှ

www.aungkyaw.net မှမျှဝေပါသည်။ pkgcitynews