Search Box

BarCamp ဆိုတာ........


BarCamp ဆိုတာ....................

- BarCamp ဆိုတာ နယ်ပယ်အသီးသီးမှ ၀ါသနာတူသူ၊ဦးတည်ချက်တူသူတွေ တစ်နေရာထဲမှာ
စုစည်းပြီး ကိုယ်တတ်မြောက်ထားတဲ့ နည်းပညာတွေကို တစ်ခြားသူတွေကို မျှဝေပေးလို့ရသလို
အခြားသူများ မျှဝေဆွေးနွေးတဲ့ နည်းပညာများကို လေ့လာနိုင်ရန်၊ အတွေ့အကြုံများ ဖလှယ်နိုင်ရန်၊
အသိပညာများ ပြန့်ပွားလာစေရန် ၀ိုင်းဖွဲ့ဆွေးနွေးတဲ့ ပွဲတစ်ပွဲ ဖြစ်ပါတယ်...
- နည်းပညာဆိုတာ IT နည်းပညာတစ်ခုတည်းကို ဆိုလိုခြင်းမဟုတ်ဘဲ အခြားမည်သည့်
နယ်ပယ်ကဖြစ်စေ BarCamp သို့ လာရောက်လေ့လာနိုင်သလို မိမိတတ်မြောက်သော နယ်ပယ်မှ
အသိအမြင်များ၊ အတွေ့အကြုံများ၊လေ့လာတွေ့ရှိချက်များကိုလည်း ပြန်လည်မျှဝေ ဆွေးနွေးနိုင်ပါတယ်။
ဒါကြောင့် BarCamp ကို နယ်ပယ်စုံက ဦးဆောင်ဆွေးနွေးလိုသူများ တက်ရောက်နိုင်သလို၊
နားထောင်လို ပြန်လည်ဆွေးနွေးလိုသူများလည်း တက်ရောက်နိုင်ပါတယ်။
- ကိုယ်က ဦးဆောင်ဆွေးနွေးလိုသူ ဖြစ်ပါက ဆွေးနွေးလိုသည့် အကြောင်းအရာကို
Topic Board မှ တာဝန်ရှိသူကို ပြောကြားလျှင် ဆွေးနွေးမည့် အကြောင်းအရာ၊
ဆွေးနွေးနိုင်မည့်အခန်း နှင့် အချိန်ကို Topic Board ၌ ကပ်ထားပေးပါမည်။
- ကိုယ်က လာရောက် နားထောင်လိုသူ၊ လေ့လာဆွေးနွေးလိုသူဆိုလျှင်
Topic Board ၌ ကပ်ထားသည့် အချိန်ဇယားကို ကြည့်ပြီး
ကိုယ်စိတ်ဝင်စားသည့် အကြောင်းအရာ ဆွေးနွေးမည့်အခန်းကို သွားရောက်နိုင်ပါသည်။
- ဒါဆိုရင် သတ်မှတ်အချိန်မှာ မိမိစိတ်ဝင်စားရာ အကြောင်းအရာအလိုက် ဦးဆောင်ဆွေးနွေးသူနှင့်၊
နားထောင်လိုသူ လေ့လာလိုသူများပါ သက်ဆိုင်ရာ အခန်းမှာ စုစည်းမိပြီး ၀ိုင်းဖွဲ့ဆွေးနွေးလေ့လာနိုင်ပါပြီ။
BarCamp ပွဲကို တက်ရောက်ဆွေးနွေး လေ့လာမယ်ဆိုရင် ရရှိလာနိုင်မယ့် အကျိုးကျေးဇူးတွေကတော့
နယ်ပယ်ကဏ္ဍအသီးသီးက နည်းပညာရှင်၊အသိပညာရှင်၊ အတတ်ပညာရှင်များစွာရဲ့ မျှဝေဆွေးနွေးသွားမယ့်
ဗဟုသုတများစွာကို ရရှိနိုင်သလို ကိုယ်နဲ့ ၀ါသနာတူ မိတ်ဆွေ၊အသိပညာမိတ်ဆွေများလည်း
ရရှိလာနိုင်ပါတယ်။လုပ်ငန်းရှင်က ကျွမ်းကျင်သည့် ပညာရှင်ကို တွေ့နိုင်သလို၊ပညာရှင်ကလည်း
ထိုက်တန်တဲ့ အခွင့်အလမ်းတွေ တွေ့ရှိနိုင်ပါတယ်..။

Ki Ki Ko