ကျွန်တော်တင်ပြီးမှ သူကြိုက်နေတဲ့ ကောင်မလေးကို Link ပေးပြီးဖတ်ခိုင်းမယ်ပေါ့နော် ကျွန်တော့်ကို အဲ့လိုပြောလို့ ဒီအကိုရဲ့ကဗျာလေးကို တင်ပေးလိုက်ခြင်းဖြစ်ပါတယ်ခင်ဗျာ.................
"မဆုံနိုင်သေးသူ"
သိပ်ချစ်မိတယ် မရယ်........
ကျွန်တော် မ ကို မြင်လိုက်တိုင်း
လေထဲမှာ လွင့်မျောသွားတဲ့
ငှက်တစ်ကောင်လို
အထိန်းအကွပ်မဲ့
အချစ်ဆီကို ဦးတည်ဖို့
ကြိုးစားမိနေတယ်
ပိုင်ဆိုင်တဲ့ဘဝ
ရှိပြီးသားနှလုံးသားကို
ထပ်ဆင့်ပွားလို့ရရင်
ဆပွား အချစ်တွေနဲ့
နှစ်ဆ ချစ်ချင်ပါတယ်
ကျွန်တော် မ နဲ့
အခြေမတူတဲ့
လမ်းတွေကို ဆန့်ကျင်ဖက်
Direction တွေနဲ့
ဦးတည်ဖက်မတူတဲ့ လမ်းတွေကို
လျှောက်နေမိတယ်
တစ်နှစ်လောက် လူဖြစ်နောက်ကျခဲ့တဲ့
ကျွန်တော့်အဖြစစ်ကို ရင်နာမိပါတယ်
အလွယ်ကူတဲ့ဘ၀ ရဲ့ ပန်းတိုင်ကို
နှစ်ယောက်သားအတူပိုင်ဆိုင်နိုင်ဖို့
ကြိုးစားပါမယ်
မ လက်ခံမယ်ဆိုရင် ကျွန်တော်တစ်ခုလောက်
ပြောပြချင်ပါတယ်..........
အဲ့ဒါကတော့.......... သိပ်ချစ်တယ်မရယ်..............
ကို လွင်ကို ကောင်မလေးနဲ့ အဆင်ပြေပါစေလို့ ကျွန်တော် ဆုတောင်းပေးပါတယ်ခင်ဗျာ ..................