မ မှ မ ဖြစ်နေသူတွေ စိတ်ဝင်စားမယ်ထင်ပါတယ် ........... နောက်ထပ် တင်ပေးစေချင်တဲ့ ကဗျာမျိုးရှိရင်လည်း Tell Me အောက်လေးမှာ ပြောပြပေးခဲ့ပါနော်.............
" မ " အတွက် ......... (၂)
"မ" ဆိုတဲ့ ကောင်မလေးကို
ထာဝရချစ်မယ်လို့
ကံကြမ္မာကို ကတိပေးချင်ပါတယ်
ဒါပေမယ့်
ဖွင့်ဟမပြောရဲတဲ့
ကြောက်စိတ်ကြောင့်
တစ်ပါးသူလက်ဦးမှုကို
ပေးလိုက်ရမှာကိုလည်း
နှမြောမိတယ် မရယ်....
ဖွင့်ဟ ပြောမယ်ဆိုပြီး
အင်အားမွေးလိုက်လည်း
မ နဲ့တွေ့လိုက်ရင်
ပြောဖို့စကားတွေ
သဲထဲရေသွန်ဖြစ်သွားပြီ
မရယ်.........
အချစ်စကားပြောရန်
အင်အားမွေးနေတဲ့
ကျွန်တော့်အတွက်...
အချစ်ခွန်အား
ပေးသနားကြပါတော့ဗျာ..........