စာခြောက်ရုပ်
- နေမင်းကြီး လက်ဝါးကြီးအုပ်မှုနဲ့
လမင်းဖျန်းပက်တဲ့
နှင်းစက်တွေကြားမှာ
ဝေဒနာများစွာကို မြိုသိပ်ပြီး
အထိတ်တလန့် ကြည့်မိတဲ့အခိုက်
ငှက်ကလေးတွေအတွက်တော့
လူမိုက်က ကျွန်တော်ဖြစ်နေလေရဲ့
- ဘယ်လိုဖြေသိမ့်ရမလဲ
မနေစိတ်တဲ့ ဘ၀မှာ
အကျဉ်းကျ နှလုံးသားနဲ့
ဒဏ်ရာညတွေ ဖြည့်တင်း
လယ်ကွင်းတွေရဲ့ အလှက
ငါပါမှ ပြည့်စုံတာလား ....?
- ဒါပေမယ့်လည်း
ရင်တွင်းကြေကွဲမှုတွေကို
မျက်ဝန်းတွေနဲ့ ငွေ့ရည်ဖွဲ့စေပြီး
ကောက်ပင်တို့ရဲ့ ရှင်သန်ခြင်းအတွက်
ဖန်ဆင်းခွင့်ပဲ ရချင်တယ် ..................
ကြယ်စင်