ကျွန်တော် ၁၀ တန်းနှစ်က ကျွန်တော့် ရဲ့" ရေးပေးပါ " စာအုပ်မှာ သူငယ်ချင်းတစ်ယောက်ရေးပေးထားတဲ့ ကဗျာလေး
တစ်ပုဒ်ပါ သူငယ်ချင်းအားလုံးကို အမှတ်တရအနေနဲ့ တင်ပေးလိုက်တာပါ
" ငါ့အိမ်ဝင်ခဲ့ "
- ခွဲခွါရမည် ဒို့တွေဆီ
ကြုံရင်ဝင်ခဲ့ အားရင်အလည်လာ
ပျူငှာနှလုံးသား အစဉ်ပြုံးမယ်
အမုန်းကို သင်ပုန်းချေလို့
လက်လှမ်းကာ ကြိုနေပါ့မယ်
ငါ့အိမ် ၀င်ခဲ့......