Search Box

စစ်

ဟိုတစ်နေ့က ပျင်းလို့ဆိုပြီး ၀တ္ထုစာအုပ်တစ်အုပ် ဖတ်လိုက်တယ်..ကျွန်တော်ကြိုက်တဲ့ စာရေးဆရာ
ကဗျာလေးတွေ အရေးကောင်းတဲ့ ဆရာ နတ်ရွာမိုးရဲ့စာအုပ်လေးပါ .. အဲ့ထဲက ကဗျာလေးတွေကို သဘောကြလို့
ကျွန်တော့် သူငယ်ချင်းတွေကို ပြန်လည်မျှဝေပေးတာပါ....   ဆရာကတော့ ကဗျာလေးတွေကို ခေါင်းစဉ်တက်ပေးမထားဘူး
ဆရာရေ အပြစ်တော့မဆိုပါနဲ့ ခေါင်းစဉ်လေးတော့ ကိုယ့်ဘာကိုယ်ပဲ တက်လိုက်ပါရစေ......


စစ်..........
စစ်ကြေညာမယ့်အစား
အချစ်သေချာတာ ပိုကောင်းတယ်
စစ်ဖြစ်မယ့်အစား
အချစ်ဖြစ်တာ ပိုကောင်းတယ်
စစ်တိုက်မယ့်အစား
ချစ်ကြိုက်တာ ပိုကောင်းတယ်
ပိုကောင်းတာထက် ပိုကောင်းချင်ရင်
ဒဿနတစ်ခု ဖြစ်ဖို့လိုတယ်.....
(အနိုင်လိုချင်မှတော့ .. တရားသောစစ်ဆိုတာ မရှိသလိုပဲ..
အပိုင်လိုချင်မှတော့ မမှားသောအချစ်ဆိုတာ မရှိဘူးလေ....)

                                                                 နတ်ရွာမိုး