Search Box

Viber အသုံးပြုသူများ သတိပြုစေရန်

Viber အသုံးပြုသူများ သတိပြုစေရန်
******************************
အခု ကိစ္စကို သိပြီးသားသူများလည်း ရှိမှာပါ မသိသေးတဲ့သူတွေအတွက် ကျွန်တော် သတိပေးချင်ပါတယ်။။
Viber အသုံးပြုသူများ အထူးသဖြင့် မိန်းကလေးအများစုကို သတိထားစေချင်ပါတယ်။
ကျွန်တော်တို့ အခု Viber မှာ Group Chat လေးတွေ လုပ်ပြီး အသုံးပြုလာကြပါတယ်။
ဒီအတွက်ကြောင့် ကျွန်တော်တို့မှာ ကောင်းကျိုးတွေရှိသလို ဆိုးကြိုးတွေလည်း ရှိပါတယ်။
ကောင်းကျိုးကတော့ သူငယ်ချင်းအသစ်တွေရရှိလာတယ်၊ ကိုယ့်သူငယ်ချင်းတွေ အများကြီးနဲ့
အချင်းချင်း စကားပြောလို့လည်းရလာပါတယ် စသည်ဖြင့်ပေါ့ဗျာ..။ အခုကျွန်တော်
ကျွန်တော်ပြောချင်တာကတော့ Viber မှာ ကျွန်တော်တို့တွေ ကိုယ့်ပုံကိုယ် တင်ပြီး အသုံးပြုလာ
ကြပါတယ်။ မိန်းကလေးတွေကလည်း ကိုယ့်ပုံကိုယ် တင်ပြီးအသုံးပြုကြတယ်.။ ကျွန်တော်တို့
အရင်က G-talk အသုံးပြုကြသလိုပေါ့။ အဲ့တုန်းကတော့ အကောင့်တွေadd ပြီးတော့ Chat ကြတာပေါ့
ဗျာ....။အခု Viber မှာက ဖုန်းနံပါတ်တွေနဲ့ဆိုတော့ ကိုယ့်ဖုန်းနံပါတ်တွေက ဖောင်းပွလာတာကိုတွေ့ရပါတယ်
အဲ့ဒီမှာမှ ပုံတွေတင်ပြီး အသုံးပြုလာကြတယ် ။
ဒီပုံတွေကို Download လုပ်လို့မရဘူးဆိုပြီး မိန်းကလေးတွေက ပုံတင်ကြပါတယ်။
ဒါပေမယ့် Viber ထဲမှာတော့ တစ်ယောက်နဲ့တစ်ယောက် ပို့တဲ့ပုံတွေကို Gallary မှာက Viber Photo
ဆိုပြီး ၀င်လာပါတယ်..။ ဒါပေမယ့် မိမိတင်ထားတဲ့ Profile Picture ကိုတော့ Gallary မှာ မ၀င်ပါဘူး။
ဒီလို မ၀င်ပေမယ့် မိမိ ရဲ့ SD Card ကို Computer မှာ ထိုးပြီး Viber Folder ကိုဖွင့်ကြည့်လိုက်မယ်ဆိုရင်
User Photo ထဲကို ဖွင့်ကြည့်လိုက်မယ်ဆိုရင် ကိုယ့်ဖုန်း Content ထဲက Viber အသုံးပြုသူများ တင်ထားတဲ့ ပုံတွေအားလုံးကို ကြည့်နိုင်ပါတယ်.။ တကယ်လို့များ မိန်းကလေးတစ်ယောက်ရဲ့ပုံကို
ဖုန်းနံပါတ်သိတဲ့ မသမာသူတစ်ယောက်ရဲ့ လက်ထဲမှာ ရောက်ရှိသွားခဲ့မှာကို ကြောက်ရတာမို့
မိန်းကလေး အများစု သတိထားကြဖို့ သတိပေးလိုက်ပါတယ်ခင်ဗျာ.............
KiKiKo