Search Box

ကြံရည်


ကြံရည်

ခုတ်လှဲခံရတော့လည်း
ပျော်ပျော်ပဲ...
ခွာခြစ်လို့လည်း မငြီးတွားခဲ့ဘူး
ဒလိမ့်ဘီးတွေကြား
ခေင်းထိုးပြီး ရဲရဲတိုးဝင်
အဲဒီကြံချောင်းတွေရဲ့
တကိုယ်လုံးကနေ ယိုစီးလာတဲ့
သွေးကချိုတယ်....
တခွက်ခွက်နဲ့ အထုခံ
ရေခဲတုံးမျး
သူတို့ဘ၀ အားလုံး
အရည်ပျော်ခဲ့
အခု
ဖန်ခွက်ထဲက အမြုပ်ထနေတဲ့
ငါ့ကို..........
သောက်သုံးနေသူဟာ
ချစ်သူ...... မင်းဖြစ်ရဲ့......

                                    နှင်းသစ် PTU