Search Box

အချစ်နဲ့အနုပညာ

ဒီတစ်ခါကတော့...... ၂၀၀၉ ခုနှစ် မတ်လ ထုတ် Youth မဂ္ဂဇင်းထဲက ကဗျာလေးပါကို ပြန်လည်ကူးယူ မျှဝေပေးတာပါ..
ကျွန်တော်ခုလို ကူးယူဖော်ပြတာဟာ ဘာစီးပွားရေးအတွက်မှမဟုတ်ဘဲ ကဗျာကောင်းလေးတွေ နစ်မြုပ်သွားမှာ
စိုးရိမ်တာကြောင့် ပြန်လည်ဖော်ပြပေးတာဖြစ်ပါတယ်...........

အချစ်နှင့် သူ၏အနုပညာ


ဝန်ခံပါတယ်........
ဆောင်းဦးရဲ့ နံနက်ခင်းမှာ
နှင်းပွင့်လေးတွေနဲ့ လွဲခဲ့ရတာ ငါပါ
နွေရဲ့ တိတ်ဆိတ်ခြင်းနဲ့
ရွက်ဝါတွေ စွန့်ခွာသွားတဲ့
ရိုးတံကျဲ သစ်ပင်တွေဟာ
ငါ့အိမ်ပေါ့
ဝန်ခံပါတယ်.......
ရေစက်ရှိလို့ ဆုံးခဲ့သမျှမှာ
ငါက အချစ်ကြီးသော
အဆွေးသမား ဖြစ်လာတယ်....
အချစ်မရှိလို့ လမ်းပျောက်နေတဲ့
ခရီးသည်ဟာ ငါပေါ့
ဝန်ခံပါတယ်..........
ငါ့အချစ်က မင်း
မင်း ချစ်သူက ငါဖြစ်ချင်တယ်
နှလုံးသားထဲက လာတဲ့ သစ္စာ
ဒီစာသားကို ငါဖန်တီးတာ
ကဗျာလို့ခေါ်တယ်..............

                                 ဝေဖြိုးအောင်