Search Box

မင်းတကိုယ်ထဲ လျှောက်ပေတော့ (တဂိုး)



တဂိုး ရဲ့ ကဗျာတွေထဲက မှာ ကျွန်တော်အကြိုက်ဆုံး ကဗျာတစ်ခုပါ....................


မင်းတကိုယ်ထဲ လျှောက်ပေတော့ (တဂိုး)




မင်းခေါ်လို့  သူတို့ မလိုက်ရင်
မင်းတကိုယ်ထဲ လျှောက်ပေတော့။

ကြောက်ဒူးတုန်လို့ 
နံရံဘက်လှည့်ပြီး သူတို့ နုတ်ဆိတ်နေရင်
မင်းကံဆိုးတာပေါ့၊
စိတ်ရှင်းရှင်းနဲ့ တကိုယ်ထဲသာ
ပွင့်ပွင့်လင်းလင်းပြောပေတော့။

တောကြီးမျက်မဲထဲ ဖြတ်သန်းနေတုန်း

မင်းကို သူတို့ စွန့် ခွါသွားရင်
မင်း ကံဆိုးတာပေါ့၊
ဆူးငြောင့်ခလုပ်တွေ နင်းချေရင်း
သွေးစွန်းတဲ့လမ်းမှာ
မင်းတကိုယ်ထဲ လျှောက်ပေတော့။

မုန်တိုင်းထန်တဲ့ညမှာ
မီးအိမ်ကို သူတို့ မကိုင်ရင်
မင်းကံဆိုးတာပေါ့၊
ဝေဒနာမီးလျှံနဲ့  မင့်နှလုံးသားကို ထွန်းညှိ
တကိုယ်တည်း တောက်လောင်ပါစေတော့။ 

ရာဘက်ဒြာနတ်တဂိုး
(ဒေါ်အောင်ဆန်းစုကြည် ဘာသာပြန်ဆိုသည်။)


Ekla Chalo Re / Walk Alone 

If they answer not to thy call walk alone
If they are afraid and cower mutely facing the wall,
O thou unlucky one,
open thy mind and speak out alone.
If they turn away, and desert you when crossing the wilderness,
O thou unlucky one,
trample the thorns under thy tread,
and along the blood-lined track travel alone.
If they do not hold up the light when the night is troubled with storm,
O thou unlucky one,
with the thunder flame of pain ignite thy own heart,
and let it burn alone.

Rabindranath Tagore, 1905

Credit - Knowledge & Wisdom Talks