Search Box

စပယ်ဦး



ကျွန်တော် ကဗျာလေးတွေ မတင်တာကြာလို့ တင်ပေးလိုက်တာပါ.. အားလုံးကြိုက်ကြမယ်ထင်ပါတယ် တဂိုးရဲ့ ကဗျာလေးပါ.................

စပယ်ဦး (တဂိုး)

By Hsu Oo on Monday, December 23, 2013 at 2:03pm
ကလေးဘဝတုန်းက
ပဌမဆုံးခူးခဲ့သော စပယ်ဦးတို့ကို
သတိရနေပါသေးသည်။

ကျွန်တော်သည်
နေခြည်ကိုလည်း ချစ်ခဲ့ဘူးပါပြီ။
ကောင်းကင်ကိုလည်း ခင်ခဲ့ဘူးပါပြီ။
မြေကြီးကိုလည်း မက်ခဲ့ဘူးပါပြီ။
သန်းခေါင်ချိန်စီးဆင်းသော
မြစ်ရေသံလွမ်းချင်းကိုလည်း

ကြားခဲ့ဘူးပါပြီ။
မိုးကုန်စနေဝင်ချိန်
တိမ်တောက်သည်ကိုလည်း
မြင်ခဲ့ဘူးပါပြီ။
သို့သော်လည်း ကလေးဘဝတုန်းက
ပဌမဆုံးခူးခဲ့သော စပယ်ဦးတို့ကိုကား
သတိရဆဲပင်ဖြစ်ပါ၏။

ကျွန်တော့်ဘဝတွင်
အမျိုးမျိုးပျော်ခဲ့ဘူးပါပြီ။
ပွဲတော်ညများတွင်
ပွဲသွားများနှင့်ရော၍
ရယ်မောခဲ့ဘူးပါပြီ။
မိုးစွေသောနံနက်ခင်းတို့တွင်
ညည်းချင်းကို ဆိုခဲ့ဘူးပါပြီ။
ချစ်သူလက်ဖြင့်သီကုန်သော
ခရေကုံးတို့ကို ဆွဲဆင်ခဲ့ဘူးပါပြီ။
သို့သော်လည်း ကလေးဘဝတုန်းက
ပဌမဆုံးခူးခဲ့သော စပယ်ဦးတို့ကား
သတိရဆဲပင်ဖြစ်ပါ၏။   ။

တဂိုး
(မင်းသုဝဏ် ဘာသာပြန်သည်။)
တဂိုး၏ ခံစားရမှုစာများ (၁၉၆၈) မှ

The First Jasmines

Ah, these jasmines, these white jasmines!
I seem to remember the first day when I filled my hands withthese jasmines, these white jasmines.
I have loved the sunlight, the sky and the green earth;
I have heard the liquid murmur of the river thorough thedarkness of midnight;
Autumn sunsets have come to me at the bend of a road in thelonely waste, like a bride raising her veil to accept her lover.
Yet my memory is still sweet with the first white jasminesthat I held in my hands when I was a child.
Many a glad day has come in my life, and I have laughed withmerrymakers on festival nights.
On grey mornings of rain I have crooned many an idle song.
I have worn round my neck the evening wreath of bakulas wovenby the hand of love.
Yet my heart is sweet with the memory of the first freshjasmines that filled my hands when I was a child.

Rabindranath Tagore