Search Box

အောင်မြင်မှုသို့ လှေကားထစ်များ


အောင်မြင်မှုသို့ လှေကားထစ်များ
***********************


Post By Ki Ki Ko

ဒီတစ်ခုကတော့ ကျွန်တော်ကိုယ်တိုင်က အောင်မြင်နေလို့ ရေးတာမဟုတ်သလို အောင်မြင်မှုနဲ့ဝေးကွာ
သွားလို့ ရေးရတာလည်း မဟုတ်ပါဘူး..။ အောင်မြင်မှုဆို တာ

S = Study (လေ့လာသင်ယူ)
u = Use (အသုံးပြုရမယ် )
c = Creation ( ကိုယ်ပိုင်ဖန်တီးနိုင် )
c = Checking ( စစ်ဆေးရမယ် )
e = Environment ( ပတ်ဝန်းကျင် )
s = Show ( ပြသမယ် )
s = Success ( အောင်မြင်မှု )

ကျွန်တော်လည်း ကိုယ်သိသလောက်နဲ့ ထင်မြင်ယူဆချက်ပါ။
အောင်မြင်မှု ရဖို့အတွက် လေ့လာသင်ယူမှု ကို အသုံးပြုနိုင် ပြီး ကိုယ်ပိုင်ဖန်တီးနိုင်ပြီဆိုရင် သေချာအောင်
ကိုယ့်ရဲ့ဖန်တီးမှုကို စစ်ဆေးရမယ်။ ကိုယ့်ရဲ့ ပတ်ဝန်းကျင် ကို ပြသနိုင် ရမယ်။ဝေဖန်မှုဆိုတာရှိလာမယ်။
 ဒါမှ နောက်ဆုံးက အောင်မြင်မှု ဆိုတဲ့ Success ဖြစ်လာမယ်လို့ ထင်ပါတယ်။
ကျွန်တော့်ရဲ့ ဆရာတစ်ယောက်ဖြစ်တဲ့ (ကွယ်လွန်သွားပြီ ဖြစ်တဲ့ )
ဦးထွန်းလှဖြူ ပြောဖူးပါတယ်.။ လေ့လာသင်ယူမှု ( Study ) ကို ရပ်တန့်လို့ မရပါဘူးတဲ့။ ရပ်တန့်လိုက်ပြီဆိုတာနဲ့
နက်ဖန်မှာ သင်ဟာ ပညာမဲ့ တစ်ယောက်ဖြစ်မယ်လို့ ပြောဖူးပါတယ်။ စာရေးဆရာ လင်းသိုက်ညွှန့်ရဲ့ နောက်ဆုံး
ထွက်ရှိထားတဲ့ " မင်္ဂလာရှိစွာ အောင်မြင်ခြင်း " ဆိုတဲ့ စာအုပ်ရဲ့ စာ (၂၃) မှာလည်း ထိုနည်းတူစွာ ညွှန်ပြထားတာ
တွေ့ရပါတယ်။
အသုံးပြုနိုင်မှု ဆိုတာကလည်း ကျွန်တော့်တို့ လူငယ်တွေကို မိဘတွေဆုံးမသလိုပါပဲ။ဓားတစ်ချောင်းလိုပါပဲ။
ဓားကို သွေးမှ ပြတ်တယ်ဆိုသလိုပဲ မသွေးပဲထားရင် သံချေးတက်တယ်ဆိုတာ ကြားဖူးကြမှာပါ။ဒီလိုပါပဲ
ကိုယ်လေ့လာသင်ယူထားတဲ့ ပညာရပ်တစ်ခုကို လက်တွေ့အသုံးမပြုဘူးဆိုရင် ဒီပညာရပ်ဟာ သံချေးတက်သွားမှာ

သေချာပါတယ်။
ကိုယ်ပိုင်ဖန်တီးနိုင်မှု ဆိုတာကလည်း ဆရာဦးထွန်းလှဖြူပြောသလိုပါပဲ ။ ပညာရပ်တိုင်းကို ကိုယ်ပိုင်ဖန်တီးနိုင်စွမ်းရှိအောင်
ကြိုးစားရပါမယ်။ဥပမာ ဆိုပါစို့ဗျာ။ Programmer တစ်ယောက်ဟာ Software တွေကို သူများ Idea နဲ့မတူတဲ့
ကိုယ်ပိုင် ဖန်တီးနိုင်စွမ်းရှိရပါမယ်။
နောက်တစ်ခုကတော့ ကိုယ်ဖန်တီးထားတဲ့ အတွေးအခေါ်တွေကို မှန်၊မမှန်၊ ဟုတ်၊ မဟုတ် စစ်ဆေးရမှာပါ။ ဒါကတော့
အရေးကြီးပါတယ်။
နောက်တစ်ခုကတော့ စစ်ဆေးပြီးသား ကိုယ့်ရဲ့ဖန်တီးမှုတွေကို ပတ်ဝန်းကျင်ကို ချပြီး ပြသနိုင်ရမှာဖြစ်ပါတယ်။
ပတ်ဝန်းကျင်ကို ပြသခြင်းအားဖြင့် ကိုယ့်ရဲ့အားနည်းချက်ကို ဝေဖန်မှုတွေကို ကြားရမှာဖြစ်ပါတယ်။
ဝေဖန်မှုဆိုတဲ့ နေရာမှာလည်း
(၁) ကောင်းတဲ့ဝေဖန်မှု ( အကြံဥာဏ်ပေးပြီး လိုအပ်ချက်ကို ထောက်ပြတဲ့ ဝေဖန်မှု )
(၂) မကောင်းတဲ့ဝေဖန်မှု ( အကြံဥာဏ်မပေးဘဲ ပြစ်တင်ရှုံ့ချတဲ့ ဝေဖန်မှု )
ဆိုပြီး (၂) မျိုး ရှိပါတယ်။ ဒီဝေဖန်မှု (၂) မျိုးလုံးက ကိုယ့်အတွက် အသုံးချတက်မယ်ဆိုရင် အသုံးကျ ပါတယ်။ တစ်ချို့တွေက ဝေဖန်မှုကို မကြိုက်ဘူး။ ကြောက်တယ်။ ဒါက မဖြစ်သင့်ပါဘူး ။ ဒီမှာ ကောင်းတဲ့ဝေဖန်မှုဟာ ကိုယ့်အတွက် အားဆေးတစ်ခုဖြစ်နိုင်သလို ကိုယ့်ရဲ့အားနည်းချက်ကို ပြင်ဆင်ဖို့ အခွင့်အရေးပေးတာတစ်ခုလည်းဖြစ်နိုင်ပြီး အကြံပေးသူရဲ့ အမြင်နဲ့
ထပ်ဆင့် Creation တစ်ခုလည်း ဖြစ်နိုင်ပါတယ်။ ဒါကတော့ ကောင်းတဲ့ ဝေဖန်မှုပါ။
မကောင်းတဲ့ ဝေဖန်မှုကတော့ လူတိုင်းရဲ့ ပတ်ဝန်းကျင်မှာ ရှိတက်ပါတယ်။ ကိုယ်တိုင်လည်း မလုပ်နိုင်၊ သူများလုပ်တာကို ရှုံ့ချ၊သူတစ်ပါးအောင်မြင်မှာကို မနာလိုတဲ့ စိတ်နဲ့ ဝေဖန်မှုတွေပါ။ဒါဟာ တကယ်တမ်း စိတ်ဓာတ်ပျော့တဲ့ သူတစ်ယောက်သာဆိုရင်
သူများရှုံ့ချ အပြစ်ပြောဆိုမှုအောက်မှာ စိတ်ဓာတ်ကြပြီး ကိုယ်လုပ်နေတဲ့ ကိစ္စတစ်ခုကို ဆက်လုပ်ဖို့
အားလျှော့သွားတက်ပါတယ်။ဒါမျိုးအားမလျှော့ပါနဲ့။ဒီလို မကောင်းတဲ့ ဝေဖန်မှုမျိုးကို ကိုယ်က မခံချင်စိတ် အဖြစ် ပြန်လည် ပြောင်းလဲနိုင်ရပါမယ်။ဒါကို ပြောင်းလဲနိုင်ပြီဆိုရင် မခံချင်စိတ်နဲ့ ဆက်လက် ကြိုးစားသင့်ပါတယ်။ ဒါမှ အောင်မြင်မှုဆိုတာ ရှိလာလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါကတော့ ကျွန်တော့်ထင်မြင်ချက်ပါ။ပြီးတော့ အောင်မြင်မှုနဲ့ဝေးကွာသွားရတဲ့ အကြောင်းရင်းကလည်း အများကြီးရှိပါတယ်။ ဒီထဲမှာမှ ကျွန်တော်တို့ လူငယ်တွေအတွက် အရေးကြီးဆုံးက "အမှား" ဆိုတဲ့ စကားလုံးပါပဲ။ ကျွန်တော်တို့ လူငယ်တွေဟာ မှားမှာကို ကြောက်ကြတယ်..။ ဒါက ပထမဆုံး လိုအပ်ချက်ပါပဲ။ လူငယ်အများစုက
စူးစမ်းကြတယ်။စမ်းသပ်ကြတယ်။ ဒီလို စမ်းသပ်မှုဆိုတဲ့ အရာကို လူငယ်တွေက အမျိုးမျိုး စမ်းသပ်ချင်ကြတယ်။
ဒါပေမယ့် ကိုယ်လုပ်လိုက်တဲ့ စမ်းသပ်မှုတစ်ခု (သို့မဟုတ်) တီထွင်မှုတစ်ခုက အကြောင်းအမျိုးမျိုးကြောင့်
တစ်ခုခုလွဲချော်သွားခဲ့မယ်ဆိုရင် ရရှိလာတဲ့ ရလဒ် (Result) ကို လူအများက အမှားကြီးတစ်ခုလို့  ယူဆပြီး
" မင်းလုပ်တာ မှားတယ် " ဆိုတဲ့ စကားလုံးတစ်ခုကို အများက ၀ိုင်းဝန်းပြောကြမှာကိုကြောက်ကြတယ်။ အမှန်တကယ်တော့
ဒါက အမှား မဟုတ်ပါဘူး။ အမှန်ကို ရောက်ဖို့ အနည်းငယ်လွဲချော်သွားတာပါ။ စမ်းသပ်မှုတစ်ခုအောင်မြင်ဖို့အတွက်
အမှားဆိုတာ မရှိဘူးလို့ ကျွန်တော်ထင်တယ်။ အမှန်ဖြစ်ဖို့အတွက် လိုအပ်ချက်တွေ ရှိသေးတယ်လို့ ပြင်ဆင်ပြောချင်
တာပါ။ Robert T. Kiyosakiရေးထားတဲ့ " Rich Dad၊Poor Dad " ဆိုတဲ့ စာအုပ်မှာ
လူငယ် (၂) ယောက်က ပိုက်ဆံအတုလုပ်တဲ့ ကိစ္စကို လူကြီးတစ်ယောက်က မှားယွင်းတယ်လို့ ဆိုသွားခြင်းမရှိပါဘူး။
" မင်းတို့ ဒီလိုလုပ်နေတာတွေက တရားဥပဒေနဲ့ ဆန့်ကျင်နေတယ်။ဒါပေမယ့် မင်းတို့မှာ တီထွင်နိုင်တဲ့
ကိုယ်ပိုင်အတွေးတွေ ရှိနေတယ်ဆိုတာတော့ ပေါ်လွင်သွားတယ်။ဆက်သာကြိုးစားကွာ... သားတို့အတွက်
ဖေဖေ ဂုဏ်ယူတယ် " လို့ပဲ အားပေးစကားပြောသွားတာတွေ့ရပါတယ်။ ဒီမှာက လူငယ်တွေရဲ့ကြိုးစားအားထုတ်မှုကို
အသိအမှတ်ပြုသွားတဲ့အတွက် ဘယ်သူမဆို စိတ်ဓာတ်ကျသွားခဲ့မယ်ဆိုခဲ့ရင်တောင် နောက်ထပ် တီထွင်လိုစိတ်
ဆိုတာ ရှိသွားမှာသေချာပါတယ်။ လူတစ်ယောက်ရဲ့ အမှားတစ်စုံတရာကို  မှားတယ်လို့ မဆိုလိုဘဲ
ကိုယ့်အနေနဲ့ အနည်းငယ် လိုအပ်နေသေးတယ်လို့ ပြောကြမယ်ဆိုရင် လူငယ်တွေ အောင်မြင်မှုနဲ့ ဝေးကွာမှာ
မဟုတ်ဘူးလို့ ကျွန်တော်ထင်တယ်။ မှားတယ်ဆိုတဲ့ စကားနဲ့ လိုအပ်သေးတယ်ဆိုတဲ့ စကားကို ကျွန်တော့်
ထင်မြင်ချက်ကို ရှင်းရမယ်ဆိုရင် " မှားတယ် " ဆိုတာ ကိစ္စတစ်ခုကို အစအဆုံး ပုံစံမတူကွဲပြားအောင် ပြန်လုပ်ရမယ်
လို့ ထင်တယ်။" အနည်းငယ် လိုအပ်နေတယ်(သို့)လိုအပ်ချက်တွေရှိနေသေးတယ် " ဆိုတာကတော့
လိုအပ်တယ်ထင်တဲ့နေရာကို ပြင်ဆင်ပြီး ကိစ္စတစ်ခုကို အချောသပ်လိုက်တာလို့တော့ကျွန်တော်ထင်ပါတယ်။
လူငယ်တွေ အောင်မြင်မှုနဲ့ ဝေးကွာနေတယ်ဆိုတဲ့ နောက်တစ်ခုက .. အချိန်ဆိုတာကို လူငယ်အများစု နားမလည်လို့
ဖြစ်ရတယ်လို့ ထင်ပါတယ်။ တကယ်ဆိုရင် ကျွန်တော်တို့ အခု အသက် ၂၀ ပဲ ဆိုပါစို့ဗျာ။ ဒီ အနှစ် ၂၀ အတွင်းမှာ
ကျွန်တော်တို့ အချိန်ကို နားမလည်ခဲ့ဘူးဆိုရင် ကျွန်တော်ဖတ်ဖူးတဲ့ စာရေးဆရာ နန္ဒမိုးကြယ် စာအုပ်ထဲက

အချိန်အကြောင်းလေးကို စာဖတ်သူသိအောင် ထည့်ရေးချင်ပါတယ်။
အသက်   ၂၀ အရွယ်မှာ ကျွန်တော်တို့ ကုန်လွန်ခဲ့တဲ့ ရက်ပေါင်း ၇၃၀၀ ရှိပါတယ်။ကုန်လွန်ခဲ့တဲ့ ရက်တွေ အတွက်
ကျွန်တော်တို့မှာ ဘာတွေအကျိုးရှိခဲ့သလဲ၊ဘာတွေတတ်မြောက်ခဲ့သလဲ၊ကိုယ့်ဘ၀ တတ်လမ်းအတွက် ဘာတွေ
အထောက်အကူရပြီလဲ ဆိုတာ စဉ်းစားရပါမယ်။ဒီအချိန်မှာ ကိုယ့်အတွက် လုံလောက်တဲ့ အခြေအနေ တစ်ခုကို
မပိုင်ဆိုင်နိုင်သေးဘူးဆိုရင် ကျွန်တော်တို့ လမ်းကြောင်းတစ်ခုကို အရင်ချမှတ်သင့်တယ်လို့ ကျွန်တော်ထင်တယ်။
ဒီလိုကိုယ်နဲ့သင့်တော်မယ့် လမ်းကြောင်းချမှတ်ပြီးပြီဆိုတာနဲ့ ဒီလမ်းကြောင်းကိုလျှောက်ဖို့၊တရှိုက်မက်မက် သွားဖို့အတွက်
ရက်ပေါင်း ၇၃၀ ထပ်ပြီး အချိန်ပေးဖို့တော့လိုမယ်ထင်ပါတယ်။ ဒီလိုအချိန်ပေးပြီးတဲ့နောက်မှာ ကျွန်တော်တို့အသက်ဟာ
၂၂ နှစ် ပတ်ဝန်းကျင်ခန့်ကို ရောက်ရှိသွားပါလိမ့်မယ်။ဒီအတွက် ကျွန်တော်တို့လုံလောက်တဲ့ အချိန်တစ်ခု ပေးပြီးပြီဆိုတာနဲ့
ကျွန်တော်တို့ လမ်းကြောင်းတစ်ခုကို လျှောက်လှန်းဖို့အတွက် ခြေလှမ်းစသင့်ပါတယ်။ ဒါကတော့ အချိန်နဲ့ပတ်သတ်ပြီး

ကျွန်တော့်ထင်မြင်ချက်ပါ။
ကျွန်တော်အပေါ်မှာ အချိန်ကို တွက်ချက်ပြီးခဲ့ပါပြီ..။ ကျွန်တော်တို့ လူငယ်တွေက ဥပမာ ဆိုပါစို့။ အင်တာနက်ဆိုင်ကို

သွားပြီ။
အင်တာနက်မှာ (Chat) မယ်။တချို့က ဂိမ်းတွေဆော့မယ်.. ဒါနဲ့အချိန်ကုန်နေကြတာများပါတယ်။
ဒီလိုမျိုးတွေအတွက် အချိန်တွေက နှမြောဖို့ကောင်းတယ်လို့ ကျွန်တော်ထင်တယ်။ ဂိမ်းဆိုတာက လူတွေကို Relax ဖြစ်ဆိုဖို့
တီထွင်ထားတယ်လို့ ကျွန်တော်ထင်တယ်။ တချို့တွေ အလုပ်မှာ တစ်နေကုန်ပင်ပန်းနေကြတယ်။ဒါပေမယ့်

အားတဲ့အချိန်လေးတစ်ခုမှာ
အလုပ်နဲ့ပတ်သတ်တာကို ဘာမှမတွေးချင်ပဲ တစ်ခုခုထဲကို စိတ်နှစ်ပြီး အပန်းဖြေချင်ကြတယ်။ဒီအတွက်

ဂိမ်းဆိုတာဆော့ကြတယ်။
သီချင်းနားထောင်ကြတယ်၊အမျိုးမျိုးပါပဲ။ အခု ကျွန်တော်တို့ လူငယ်တွေက အပန်းဖြေတဲ့ အချိန်တွေက ပိုများနေတယ်လို့
ထင်ပါတယ်။ဒီအတွက် ကျွန်တော်တို့ လူငယ်တွေက အချိန်ဆိုတာကို တန်ဖိုးထားကြပြီး လေ့လာကြိုးစားကြမယ်ဆိုရင်

အောင်မြင်မှုဆိုတာ
လက်တစ်ကမ်းမှာပဲ ရှိမယ်လို့ ကျွန်တော်ထင်ပါတယ်။ကျွန်တော့်အထင်အမြင်နဲ့ ကျွန်တော် ကြိုးစားဖို့အတွက်

ကျွန်တော်ချမှတ်ထားတဲ့
ယူဆချက်ပါ။ လူတိုင်းမှာ မမြင်နိုင်တဲ့စွမ်းအားတစ်ခုစီ အသီးသီး ရှိကြတယ်လို့ ကြားဖူးပါတယ်။ဒီလို မမြင်နိုင်တဲ့

စွမ်းအားတစ်ခုကို
ကျွန်တော့်တို့မှာ ထားရှိထားတဲ့ ရည်ရွယ်ချက်နဲ့ ပေါင်းစပ်အားထုတ်မယ်ဆိုရင် ကျွန်တော်တို့အားလုံး ဟာ အောင်မြင်မှုဆိုတဲ့

အရာနဲ့ ဝေးကွာမှာ မဟုတ်ဘူးလို့လည်း ယုံကြည်ပါတယ်။ဒီအတွက် ကျွန်တော့်ရဲ့ထင်မြင်ချက်ကို လက်ခံနိုင်တယ်ဆိုရင်
အောင်မြင်မှုအတွက် အားလုံးကြိုးစားကြဖို့ ဖိတ်ခေါ်ပါတယ်...။ ကျွန်တော်အစမှာ နိဒါန်းပျိုးခဲ့သလိုပဲ ကျွန်တော်လည်း

အောင်မြင် နေတဲ့သူတစ်ယောက်မဟုတ်၊ကြိုးစားဆဲ လူငယ်တစ်ယောက်ဖြစ်တဲ့အတွက် အားလုံးနဲ့အတူ ကြိုးစားနေမှာပါလို့ပဲ
ပြောရင်းနဲ့ပဲ ကျွန်တော်တို့အတူတူ ထိတ်ဆုံးတစ်နေရာမှာ တစ်နေ့နေ့ တွေ့ဆုံမယ်လို့ ယုံကြည်မိပါတယ်။..............
လေးစားစွာဖြင့်................ Ki Ki Ko